Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မွေးဖွားနုန်းကို ထိန်းချုပ်ရန် ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည် စခန်းများတွင် ရိက္ခာ ဖြတ်တောက်မည်

$
0
0

မြန်မာနိုင်ငံမှ ထွက်ပြေးလာကြသော ဘင်္ဂလာဒေခ်ျ့ရှိ မွတ်ဆလင် ဒုက္ခသည် စခန်းများတွင် ကလေး မွေးဖွားနုန်းကို ထိန်းချုပ်ရန် ရိက္ခာ ထောက်ပံ့မူကို ဖြတ်တောက်သွားတော့မည်ဟု သတင်း ရရှိသည်။

 ဘင်္ဂလာဒေခ်ျ့နိုင်ငံ လွှတ်တော် ကော်မီတီ အဖွဲ့ (Parliamentary panel)  တစ်ခုမှ ကော့စ်ဘဇား ခရိုင် နယ်စပ်အနီးရှိ ကောတော့ ပလောင် ဒုက္ခသည်စခန်ကို စက်တင်္ဘာလ ၁၇ ရက်နှင့် ၁၈ ရက်နေ့က သွားရောက် ကြည့်ရှု့ စစ်ဆေးပြီးနောက် ယခု အစီအစဉ် ထွက်ပေါ်လာခြင်း ဖြစ်သည်။
 သွားရောက် လည်ပတ် စစ်ဆေးခဲ့သော  (၃) ဦးပါ  လွှတ်တော် ကော်မီတီတွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံခြားရေး ၀န်ကြီး ဒီပူရ် မူနီလည်း ပါဝင်ပြီး သူမတို့ အဖွဲ့သည် လက်ရှိ ဖြစ်ပေါ်နေသော ဒုက္ခသည်များ၏ ပကတိ အခြေအနေများကို သိရှိနိုင်ရန် အတွက် ကော့တော့ ပလောင် ဒုက္ခသည် စခန်းသို့ သွားရောက်ခဲ့ခြင်း ဖြစ်သည်ဟု သိရသည်။

 ထိုသို့ သွားရောက် စစ်ဆေးရာတွင် မိသားစု တစ်ခုစီတွင် အဖွဲ့ဝင် လူဦးရေ (၁၈) ဦးထက်များသော မိသားစု အများအပြားကို စစ်ဆေးတွေ့ရှိခဲ့သည်ဟု ဆိုသည်။ အဆိုပါ ပမာဏသည် စခန်းပြင်ပ အနီးအနားရှိ ဒေသခံ ဘင်္ဂလာဒေခ်ျ့ မိသားစုများ အရေအတွက်ထက် အလွန်များပြားနေသည်ဟု ဆိုသည်။

 ဘင်္ဂလာဒေခ်ျ့ရှိ ဒုက္ခသည် စခန်းများတွင် နေထိုင်သူ မြန်မာမှ ထွက်ပြေးလာသော မွတ်ဆလင် ဒုက္ခသည်များသည် စခန်းတွင်းမှ ထောက်ပံ့နေသော ရိက္ခာများကို လိုချင်သဖြင့် သူတို့မိသား အရေအတွက်ကို ဤကဲ့သို့ ကြီးနိုင်သမျှ ကြီးအောင်ပြုလုပ်နေရာမှ မွေးဖွားနုန်းကို မထိန်းချုပ်နိုင်ဘဲ ဖြစ်နေသည်ဟု ဆိုသည်။

 မွေးဖွားပြီးသည်နှင့် ချက်ချင်း လူတစ်ဦး၏ ရာချန်အတိုင်း ရိက္ခာများ အပြည့်အ၀ ရရှိနေသဖြင့် ကလေးမွေးဖွားနုန်းကို ထိန်းချုပ်မည့် အစီစဉ်ကို ဒုက္ခသည်များ အနေဖြင့် စိတ်မ၀င်စားကြဟု ဆိုသည်။
 စက်တင်္ဘာလ ၂၂ ရက်နေ့ထုတ် New Age သတင်းစာမှ ဖေါ်ပြသော  Rations cap for birth control for Rohingyas  ခေါင်းစည်းပါ သတင်းတွင် ကလေး မွေးဖွားနုန်းကို ထိန်းချုပ်မည့် အစီအစဉ်သစ် တွင် ထိုသို့ ရိက္ခာ ဖြတ်တောက်မူကို ပြုလုပ်ရန် ဘင်္ဂလာဒေခ်ျ့နိုင်ငံ လွှတ်တော် ကော်မီတီ အဖွဲ့မှ ပြောဆိုသည်ဟု သိရသည်။

 အဆိုပါ လွှတ်တော် ကော်မီတီ၏ စက်တင်္ဘာလ ၁၈ ရက်နေ့က တင်ပြသော အစီရင်ခံစာတွင် မွေးဖွားနုန်းကို ထိန်းချုပ်ရာတွင် ရိက္ခာများကို ဖြတ်တောက်မူကို ပြုလုပ်သွာမည်ဟု ဖေါ်ပြထားသည်ဟု သတင်းက ဆိုသည်။
 ၎င်းအစီအစဉ်အရ ပထမ မွေးဖွားလာသူ သားသမီး (၂) ဦးကိုသာ ရိက္ခာထောက်ပံ့မူကို ပြုလုပ်သွားမည် ဖြစ်ပြီး နောက်ထပ် မွေးလာသော တတိယ သားသမီးမှ စပြီး ရိက္ခာ မထောက်ပံ့တော့ဟု ဆိုသည်။

 မြန်မာနိုင်ငံမှ ရောက်ရှိလာသူ မွတ်ဆလင် ဒုက္ခသည်များသည် မိသားစု အရေအတွက်ကို ကြီးသထက် ကြီးအောင် လိုချင်နေကြကြောင်း၊ ထိုသို့ လိုချင်နေကြခြင်းမှာ စခန်းတွင်းတွင် ထောက်ပံ့နေသော ရိက္ခာများကို ပိုလိုချင်နေကြ၍ ဖြစ်ကြောင်း၊ လူတစ်ဦးအတွက် လစဉ် ဆန် (၁၂) ကေစီ (kilogram) ထောက်ပံ့ကြောင်း သတင်းက ဆိုသည်။

 ဘင်္ဂလာဒေခ်ျ့ နယ်စပ်တွင် တည်ရှိသော ကော့တော့ ပလောင်နှင့် နာယာပါရာ ဒုက္ခသည် စခန်းနှစ်ခုတွင် ဒုက္ခသည် ဦးရေ သုံးသောင်းခန့် ရှိပြီး ထိုအထဲတွင် လူဦးရေ၏ ၅၈ ရာခိုင်နုန်းသည် ဘင်္ဂလာဒေခ်ျ့ကို ရောက်ပြီးမှ မွေးဖွားသူများ ဖြစ်ကြသည်ဟု ဆိုသည်။
 ၎င်းပြင် မြန်မာ မွတ်ဆလင် ဒုက္ခသည် စခန်းတွင် စာသင်ကျောင်း ၂၃ ကျောင်းရှိပြီး ပြင်ပတွင် နေထိုင်သော ဘင်္ဂလာဒေခ်ျ့ ကလေးငယ်များထက် ပိုအခွင့်အရေး ရကြသည်ဟု ၎င်းကော်မီတီက ဆိုသည်။

 ရခိုင်ပြည်နယ် ဘူးသီးတောင်နှင့် မောင်တောမြို့နယ် တို့တွင်လည်း မွတ်ဆလင်တို့၏ ကလေး မွေးဖွားနုန်း အထူးမြင့်မားနေသဖြင့် လူဦးရေ ပေါက်ကွဲမူ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ မိသားစု တစ်ခု ကလေးနှစ်ယောက်သာ ယူရန် သက်ဆိုင်ရာမှ ဒေသန္တာရ အမိန့်ထုတ်ပြန်ခဲ့ရာ မြန်မာ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် လူ့အခွင့်အရေး လူပ်ရှားသူများက ထိုသို့  ဒေသန္တာရ အမိန့်သာ ထုတ်ပြန်ပါက အဆိုပါ အမိန့်မှာ လူ့အခွင့်အရေး စံနုန်းများနှင့် မကိုက်ညီဟု ပြောဆိုကာ အဆိုပါ အစီအစဉ်ကို ကန့်ကွက်ခဲ့ကြသည်။




From: (နိရဉ္စရာ- ၂၂ စက်တင်္ဘာ ၂၀၁၃)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


သက်ရှိဖြစ်စေ သက်မဲ့ဖြစ်စေ လာအောင် ချစ်အောင် ၀င်အောင် ဓာတ်ရိုက်ဓာတ်ဆင်နည်း


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


ရေဘေးသင့် ဟျူစတန်မှာ ညမထွက်ရ အမိန့်ထုတ်


ICJ ကြားဖြတ် အစီအမံ (Provisional Measures) လိုက်နာ၊ မလိုက်နာ


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


“တိုင်းပြည်အင်အားရှိမှ တပ်မတော်အင်အားရှိမည်”


ခင်လွန်း - “ကျီးဖြူ ကျီးမည်း တစ်ကောင်တည်း”


အောင်မြို့● လူမိုက်ကိုဖိုးစောဟု ခေါ်လေသည်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


၂၀၁၄ တက္ကသိုလ်ဝင်တန်းစာမေးပွဲ အတွေ့အကြုံမှသည် အနာဂတ် နယ်စပ်ပညာရေး...


သားတော်လုပ်ကြံသဖြင့် အနောက်ဘက်လွန်မင်း နတ်ရွာစံခြင်း


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


ဝင်းအောင်ကြီး(မောင်အောင်မွန်) - ရှုမ၀မောင်ဆွေတင့်နှင့် မောင်ဆွေတင့်၏ ရှုမဝ


မေ့မရနိုင်တဲ့ နိုင်ဝင်းဆွေ - ငြိမ်းဝေ ၊ ကိုအောင်


ကာတွန်း ATH ရဲ့ ပြောင်းမွေးချိန် တန်ပြီ ...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>