Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တက်တူးထိုးသူမိန်းကလေး ရေချိုးခွင့်မရ

$
0
0
Maori မျိုးနွယ်ဝင် နယူးဇီ လန်အမျိုးသမီး Erana Te Haeata Brewerton အား မျက်နှာတွင် ဆေးမင်ကြောင် ရုပ်ထိုးထား သောကြောင့် အများပြည်သူရေချိုးရာနေရာသို့ ဂျပန်မှ ဝင်ခွင့် မပေးကြောင်း သိရသည်။

သူမသည် ဂျပန်နိုင်ငံမြောက် ပိုင်း Hokkaido ရှိ Eniwa ရေချိုးရာနေရာသို့ တက်တူးထိုးထား သောကြောင့် ဝင်ခွင့် မရကြောင်း AFP သို့ ပြောသည်။ သူမသည် တိုင်းရင်းသားပညာရပ်ဆိုင်ရာ စည်းဝေးပွဲသို့ တက်နေသူဖြစ်ပြီး ထိုသို့ငြင်းပယ်ခံရခြင်းမှာ ယာကူဇာကဲ့သို့ မြေအောက်ဂိုဏ်း သားများဝင်ရောက်ခြင်းကို ဟန့် တားသည့်စည်းမျဉ်းနှင့် ငြိစွန်းနေ ၍ဖြစ်ကြောင်း သိရသည်။

မျက်နှာတွင် ta moko မင် ကြောင်ထိုးခြင်းဓလေ့မှာ မည် သည့်လူမျိုး မည်သည့်ဒေသမှလာ သူဖြစ်ကြောင်း လူအများသိစေရန်ဖြစ်ကြောင်း၊ သူမ၏မင်ကြောင် ကို ကြည့်ခြင်းအားဖြင့် သူမမည် သူမည်ဝါဖြစ်ကြောင်း သိစေသည် ဟု ရှင်းပြသည်။ ရိုးရာမင်ကြောင် ထိုးခြင်းသည် လူမှုရေးဆန့်ကျင်သည့် သဘောမျိုးမဟုတ်ကြောင်း၊ သူမ၏ ယဉ်ကျေးမှုဓလေ့တွင် ဂုဏ်သရေရှိသူများသာ ထိုးခွင့်ရှိ ကြောင်း Ainu ဘာသာရပ်သင် ကြားနေသော ကထိက Kenji Sekine က ကန့်ကွက်လိုက်သည်။

အသက်၆ဝရှိ သူမ၏နှုတ် ခမ်းနှင့် မေးစေ့တွင် ta moko ထိုး ထားကြောင်း တွေ့ရသည်။ ဂျပန် လူမျိုးအချို့သာ တက်တူးထိုးကြ ၍ အနောက်နိုင်ငံများတွင် တက် တူးထိုးခြင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်နေသည်ကိုအံ့ဩနေကြသည်။
 
From:YNG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>