မတ်လ ၁၁ရက်တွင်ထုတ် ပြန်ခဲ့သော လက်ပံတောင်းတောင် စုံစမ်းစစ်ဆေးရေးအပြီးသတ် အစီ ရင်ခံစာကိုဒေသခံ များကန့်ကွက် ခဲ့စဉ် လက်ပံတောင်းတောင် စုံစမ်း စစ်ဆေးရေးကော် မရှင်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် မှစုံစမ်း စစ်ဆေးရေး အပြီးသတ်အစီရင် ခံစာကိုမကျေနပ် လျှင်တရား ဥပဒေ အတိုင်း တရားဝင်ဆန္ဒပြနိုင်သည် ဟု ပြောဆိုခဲ့သည့်အတိုင်း မတ်လ ၁၈ရက်တွင် တုံရွာကျေးရွာအုပ်စု မှမဌေးဦးနှ င့်မခင်ဌေးနွယ်တို့ ဦးဆောင်၍ဆားလင်းကြီးမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးသို့တရားစီတန်းလှည့် လည်ရန် သွားရောက်စာတင်ခဲ့ ကြောင်းသိရသည်။
လက်ပံတောင်းတောင်ကြေးနီ စီမံကိန်းဖြတ်သိမ်းပေးရန်အတွက် ငြိမ်းချမ်းစွာစီတန်းလှည့်လည်ရန် အတွက် စာသွားတင်ခဲ့သည့် မဌေးဦးက ““ကျွန်မတို့က ဒေါ် အောင်ဆန်းစုကြည်ပြောသွားခဲ့ တဲ့အတိုင်း တရား ၀င် စာသွားတင် တာပါ၊ကျွန်မတို့စာတင်တာကို လက်ခံရင်ကောင်းတာပေါ့၊လက် မခံခဲ့ရင်လည်း လက် ပံတောင်း တောင် ကြေးနီစီမံကိန်းဖြတ်သိမ်း ပေးရေးအတွက် နေ့စဉ်ဆန်္ဒပြသွား မှာပါ”” တုံရွာကျေး ရွာအတွက် အသက် ၄၀၀န်းကျင်ခန့်ရှိသော မဌေးဦးကပြောသည်။
အဆိုပါစီတန်းလှည့်လည်ရန် စာတင်သည့်ကိစ္စနှင့်ပတ်သက်ပြီး ဆားလင်းကြီးရဲစခန်းမှဒုတိယရဲ မှူးကြီး ဦးတင်ထွန်းက ကျွန်တော် တို့ကတော့ တရားဥပဒေနဲ့အညီ ဆောင်ရွက်နေတာပါ၊ခွင့်ပြုစာ တင်တာ ကို ခွင့်ပြုခြင်းမပြုခြင်းက တော့ ၄၈နာရီနှစ်ရက်အတွင်း အကြောင်းပြန်မှာပါဟု ဒုရဲမှူးကြီး ဦးတင်ထွန်း က ဖြေဆိုခဲ့သည်။
ဆားလင်းကြီးမြို့နယ် လက် ပံတောင်းတောင်ဒေသတွင်ရှိသော ကျေးရွာ(၂၆)ရွာတွင် လက်ပံ တောင်းတောင်ကြေး နီစီမံကိန်းအား လက်မခံကြသည်မှ ရွာ ၂၆ရွာလုံး နီး ပါးဖြစ်နေပြီး ကြေး နီစီမံကိန်းနှင့် ပတ်သက်ပြီးနေ့စဉ်ဆန္ဒပြမည်ဖြစ် ကြောင်း စီမံကိန်းပြောင်းရွှေ့သွား သည့် ၀က်မှေးရွာ သစ် ဆည်းတည်း ရွာသစ်စသည်တို့မှ ရွာသူ/ရွာ သားအများစု ကလည်း မြေလျော် ကြေး အားသွားရောက်မယူကြ ကြောင်းဒေသခံများထံမှ သိရ သည်။
www.mmdailystar.com