Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စက်တင်ဘာ ၁၈ တပ်မတော်က အာဏာရယူတဲ့နေ့ကို ထိုင်းနိုင်ငံက အသိအမှတ်ပြုလိုက်တာလား

$
0
0



မြန်မာ့နိုင်ငံရေးအခင်းအကျင်းအရပွင့်လင်းလွတ်လပ်စွာ ပြောဆိုလုပ်ကိုင်ခွင့်တွေရရှိလာတာကြောင့် ၈၈၈၈ အထိမ်းအမှတ် ငွေရတုပွဲကို မင်းကိုနိုင်၊ကိုကိုကြီးတို့က ဦးစီးပြီး ကျင်းပ ခဲ့ရာမှာ NLD က ဒေါ်အောင်ဆန်းစုကြည်အပါအ၀င် နိုင်ငံရေးပါတီ အသီးသီး က ခေါင်းဆောင်တွေ တက်ရောက်ခဲ့တဲ့အပြင် ထူးခြားချက် အနေနဲ့အစိုးရ အဖွဲ့ဝန်ကြီးတွေပါ တက်ရောက်ခဲ့တာကို တွေ့ရှိခဲ့ရပါတယ်။ အစိုးရအဖွဲ့ ၀န်ကြီးတွေ တက်ရောက်ခဲ့တာကြောင့် ၈ လေးလုံး အရေးအခင်း ဟာ နိုင်ငံရေးအရ အသိအမှတ်ပြုတဲ့သဘော သက်ရောက် သွားခဲ့ပါတယ်။

အလားတူဘဲ NLD ကလည်း ၂၅ နှစ်ပြည့် ငွေရတုပွဲကို ငွေကြေးကန့်သတ် ချက်ကြောင့် ၈ လေးလုံးအရေးအခင်းလောက် ခမ်းနားစွာမကျင်းပနိုင် ခဲ့သော်လည်း အစိုးရနဲ့ နိုင်ငံရေးပါတီခေါင်းဆောင်တွေက အသိအမှတ်ပြုတဲ့ အနေနဲ့ကျင်းပသွားတာကို တွေ့ရှိရမှာဖြစ်ပါတယ်။ အလား တူ ၂၀၀၇ ရွှေ ၀ါရောင် တော်လှန်ရေးနေ့ကိုလည်း အားကျမခံ ကျင်းပလာ ခဲ့ပြန်ပါတယ် ။ ရွှေဝါရောင်တော်လှန်ရေးနေ့ဟာ ဘယ်နေ့လဲ ဆိုတာကို အတည်ပြု မသတ်မှတ်နိုင်ခဲ့ပါဘူး။ တစ်ချို့ကလည်း စက်တင်ဘာ လ ၁၈ ရက်နေ့ လို့သတ်မှတ်ပြီး ၆ နှစ်ပြည့် အထိမ်းအမှတ်ပွဲတွေ လုပ်ကြသ လို တစ်ချို့က လည်း စက်တင်ဘာလ၂၆ ရက်နေ့လို့ သတ်မှတ်ပြီး ရွှေဝါရောင်တော် လှန်ရေးနေ့ ၆ နှစ်မြောက်ပွဲအဖြစ် သတ်မှတ်ကာ အထိမ်းအမှတ်  ပွဲတွေ လုပ်လာကြပါတယ်။
    ဒီလိုအထိမ်းအမှတ်ပွဲတွေလုပ်ရင်းလုပ်ရင်းနဲ့သရုပ်မှန်တွေလည်းထုတ်ဖော်ခဲ့ကြပါတယ်။သူ့ထက်ငါ သူရဲကောင်းဖြစ်ကြောင်းဟစ်ကြွေးသံတွေလည်း ဆူညံလို့နေပါတယ်။ ယနေ့မြန်မာ့နိုင်ငံရေးအခြေအနေရောက်အောင် ၈လေးလုံးအရေးအခင်း ကစခဲ့ကြောင်းကို ပြောဆိုသလို NLDကလည်း မြန်မာ့ ဒီမိုကရေစီရေးအတွက် ၂၅ နှစ်တိုင်တိုင် မူမပြောင်းဘဲ သံမဏိလို စိတ် ဓာတ်ဖြင့်ရပ်တည်ခဲ့လို့ဒီအခြေအနေရောက်တာလို့ဆိုကြသလို ရွှေဝါရောင်ဦးဆောင် သံဃာတော်တွေကလည်း ဒီကနေ့ မြန်မာ့နိုင်ငံရေး အခြေအနေ ဖြစ်ပေါ် လာတာဟာရွှေ ၀ါရောင် တော်လှန်ရေးကြောင့် ဆိုပြီးအသိအမှတ်ပြုခံရဖို့အရေး ဂုဏ်ယူဝံ့ကြွား စွာထုတ်ဖော် ပြောကြား လာတာတွေလည်း တွေ့ရှိလာ ရပါတယ်။
  
ဒါကြောင့် စက်တင်ဘာ ၁၈ ရက်နေ့တွင် ဘာများဖြစ်မလဲ ဟု စောင့် ကြည့်နေမိပါတယ်။န၀တ၊ နအဖ စစ်အစိုးရအုပ်ချုပ်ခဲ့တဲ့၂၅ နှစ်မြော က်ငွေရတုနှစ်ပတ်လည်နေ့ဖြစ်သည့် စက်တင်ဘာလ ၁၈ ရက်နေ့မှာတော့ အထိမ်းအမှတ်ပွဲကို လက်ရှိအစိုးရကလည်း လုပ်ဆောင်တာမတွေ့ရပါ။ သို့သော် အဲဒီအချိန်မှာ ကာချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးစီးတဲ့ ထိပ်တန်းအရာရှိကြီးများကတော့ ထိုင်းနိုင်ငံကို ရောက်ရှိလို့နေပါ တယ်။

ထိုင်းနိုင်ငံမှာတော့နှစ်ဖက်စစ်တပ်ဦးစီးချုပ်များအဆင့်ဆွေးနွေးတဲ့High-Level Committee အစည်း အဝေးပြုလုပ်နေကြတာဖြစ်ပါတယ်။ ထူးခြားတာ ကတော့ စစ်တပ်က မဆလ အစိုးရထံမှ အာဏာသိမ်းယူတဲ့ နေ့နဲ့ တိုက်ဆိုင် တာရယ်၊ထိုင်းနိုင်ငံကလည်း ၁၈ ရက်နေ့မှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးစီးတဲ့ ထိပ်တန်းအရာရှိကြီးတွေကို ယခင်ကနဲ့မတူဘဲ တကယ့်ကို ထည် ထည်ဝါ၀ါ ခမ်းခမ်းနားနား ကြိုဆိုလိုက်တာကို ထူးခြားစွာတွေ့လိုက် ရပါတယ်။ အင်း …. စဉ်းစားစရာပါပဲ…………… 
 
 
From: http://www.oppositeyes.info/2013/09/blog-post_5256.html

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>