Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

န.စ.က ဖျက်သိမ်း လိုက်သော်လည်း မောင်တောတွင် လုံခြုံရေး လုံလောက်စွာ ချထားဟုဆို

$
0
0
န.စ.က ဖျက်သိမ်း လိုက်သော်လည်း မောင်တောတွင် လုံခြုံရေး လုံလောက်စွာ ချထားဟုဆို 

l








နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ် (န.စ.က) ကို ဖျက်သိမ်း လိုက်သော်လည်း ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် လုံခြုံရေးအင်အား လုံလောက်စွာ ချထားကြောင်း ရခိုင်ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းက ပြောကြားသည်။
ရခိုင်ပြည်နယ် အစိုးရ အဖွဲ့နှင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနတို့၏ ၂၀၁၃- ၁၄ ခုနှစ် ဒုတိယ လေးလပတ် လုပ်ငန်း ညှိနှိုင်း အစည်းအဝေးတွင် ၎င်းက ယင်းသို့ပြောဆိုခြင်း ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တစ်ဦးက ဆိုသည်။ န.စ.က ဖျက်သိမ်းပြီးနောက် ပြည်သူများ စိုးရိမ်မှု ရှိနေကြောင်း ရခိုင်ပြည်နယ် မောင်တော်ခရိုင် အုပ်ချုပ်ရေးမှူးက ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ရုံးတွင် ပြုလုပ်သည့် အဆိုပါ အစည်းအဝေးတွင် တင်ပြမှုအပေါ် ဗိုလ်မှူးကြီး ထိန်လင်းက ယင်းသို့ ပြန်လည် ရှင်းလင်းခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။


မောင်တောဒေသ၏ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးတို့ကို မျက်ခြည်မပြတ် စောင့်ကြည့်နေပြီး နယ်စပ်မျဉ်းနှင့် ငါးမိုင် အကွာတွင် တပ်မတော် တပ်ရင်းသုံးရင်း ရံထားကြောင်း၊ လုံထိန်း ရဲတပ်ရင်း နှစ်ရင်းကိုလည်း ထပ်မံ တိုးချဲ့ရန် စီစဉ်ထားပြီး လက်ရှိတွင် လုံထိန်း ရဲတပ်ရင်းနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့များကို လုံလောက်သော လက်နက်၊ လူအင်အားဖြင့် တာဝန်ချထားကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက ပြောဆိုသည်ဟု အစိုးရအဖွဲ့ထံမှ သိရှိရသည်။ အဆိုပါ ဒေသတွင် လုံခြုံရေး အစီအမံများကို ဖြန့်ကြက် ဆောင်ရွက် ထားသဖြင့် စိုးရိမ်စရာ မရှိကြောင်း ဗိုလ်မှူးကြီး ထိန်လင်းက အစည်းအဝေးတွင် ပြောဆိုထားသည်။
စစ်တွေမြို့တွင် စက်တင်ဘာလ ၁၇ ရက်နေ့က ပြုလုပ်သည့် ဒေသတွင်း အခြေအနေများနှင့် အစိုးရလက်ကျန် သက်တမ်း လ ၃၀ အတွင်း အကောင်အထည် ဖော်သင့်သည့် အခြေအနေ များနှင့် ပတ်သက်၍ ဒေသခံများ၊ ဒေသအာဏာပိုင်များနှင့် နိုင်ငံတော် သမ္မတရုံး ဝန်ကြီး ဦးစိုးသိန်း၊ ဦးတင်နိုင်သိန်းတို့ တွေ့ဆုံစဉ်တွင်လည်း န.စ.က ဖျက်သိမ်းပြီးနောက် ပြည်သူလူထု စိုးရိမ်မှု မြင့်တက်နေသဖြင့် လုံခြုံရေး တိုးမြှင့်ပေးရန် မောင်တောမြို့နယ်မှ ဖွံ့ဖြိုးတိုးတက်မှု မြို့နယ် အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌက တင်ပြခဲ့သည်။

နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှုဌာနချုပ် (န.စ.က) ကို ဇူလိုင်လ ၁၂ ရက်နေ့မှ စတင်ကာ နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုး၍ ဖျက်သိမ်းလိုက်ကြောင်း နိုင်ငံတော် သမ္မတရုံးက ကြေညာထားသည်။ မောင်တော်မြို့တွင် ညမထွက်ရအမိန့် ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေပုဒ်မ ၁၄၄ ကို ည ၁၀ နာရီမှ နံနက် ၄ နာရီအထိ ထုတ်ပြန်ထားဆဲ ဖြစ်သည်။

From:ရိုးရာလေး

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>