Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံခြား ခရီးစဉ်တွေက မြန်မာလူထု ဘာတွေရလိုက်သလဲ (အပိုင်း-၂)

$
0
0
သားအငယ်ထံမှ ပြန်လာပြီး မကြာခင် တစ်နှစ်အတွင်းမှာပင် သားအကြီး အလက်စန္ဒားအဲရစ် ရှိရာ အမေရိကန်နိုင်ငံသို့ စက်တင်ဘာ ၁၆ ရက်နေ့တွင် သွားရောက်ခဲ့သည်။ အမေရိကန်နိုင်ငံသို့ ရက် ၂၀ ကြာ သွားရောက်လည်ပတ်ခဲ့ပြီး ထိုအချိန်တွင် နိုင်ငံတော်သမ္မတဦးသိန်းစိန်လည်း အမေရိကန်သို့ရောက်ရှိကာ ကုလသမဂ္ဂ အထွေထွေညီလာခံသို့ တက်ရောက် မိန့်ခွန်းပြောဆိုချိန်ဖြစ်သည်။ သမ္မတကြီး ဦးသိန်းစိန်မှ စီးပွားပိတ်ဆို့မှုများ လျှော့ချပေးဖို့၊ မြန်မာ့ပညာရေး ကူညီဖို့ နှင့် အခြား တောင်းဆို ချက်များကို တောင်းဆိုခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာလူထုအပေါ် စီးပွားပိတ်ဆို့မှုကို ဖြေလျှော့ရာတွင် သေချာ စဉ်းစားဖို့ ပြောကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်မှ တစ်စုံတစ်ရာ တောင်းဆိုခြင်းမရှိခဲ့ခြေ။

 ပွင့်လင်းမြင်သာရမည်ဟု မကြာခဏ ပြောခဲ့သော်လည်း ဒေါ်အောင်ဆန်း စုကြည်အနေဖြင့် နိုင်ငံခြားရောက် သား၊ မြေး များနှင့် တွေ့ဆုံသည့် သတင်းများကို ထိန်ချန်ခဲ့သည်။ ခရီးစဉ်အတွင်း ကွန်ဂရက်မှ ဒေါ်အောင်ဆန်းစုကြည်ကို ဆုချခဲ့ပြီး အဆိုပါဆုနှင့် ပတ်သက်၍ ဝက်တစ်ကောင်ကို ပုလဲလည်ဆွဲ ဆင်ပေးခြင်းဖြစ်ကြောင်း ရေးသားခံခဲ့ရသည့်အပြင် မြန်မာမိသားစုများနှင့် တွေ့ဆုံ ချိန်တွင်လည်း ခန်းမအပြင်ဖက်တွင် လူအချို့မှ ဆန္ဒပြခဲ့ကြသည်။ အမေရိကန်နိုင်ငံမှ ပြန်ရောက် လာချိန်တွင် လည်း NLD ပါတီဝင်အများအပြားက လေဆိပ်မှ ကြိုဆိုခဲ့ကြသည်။    ရှေ့ခရီးစဉ်များနည်း တူပင် ဒေါ်အောင်ဆန်းစုကြည် ခရီးစဉ်ကြောင့် တစ်စုံတစ်ရာ ထူးခြား တိုးတက်သွားခြင်း မရှိခဲ့ပေ။

အမေရိကန်တွင် ရက် ၂၀ ကျော် လည်ပတ်ခဲ့ပြီး တစ်လ အကြာတွင် ၂၀၁၂ နိုဝင်ဘာ ၁၂ ရက်နေ့တွင် ဒေါ်အောင်ဆန်းစုကြည် အိန္ဒိနိုင်ငံသို့ ၅ ရက်ခရီး ထွက်ခွာခဲ့သည်။  အိန္ဒိယ သို့ရောက်ရှိစဉ် ဦးနေဝင်း တို့ အထောက်အပံ့ဖြင့် ၎င်းတက်ခဲ့သည့် ကျောင်းတွင် မိန့်ခွန်းပြောဆိုခဲ့သည်။ သူမအနေဖြင့် အိန္ဒိနိုင်ငံသားတစ်ဦးအဖြစ် ခံစားမိကြောင်း ပြောဆိုခဲ့သည့်အပြင် နှဖူးတွင် အနီစက် တင်ခဲ့သည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ချိန်အထိ နှဖူးမှ အနီစက်ကို မဖျက်ခဲ့သဖြင့် အိန္ဒိယအပြန် ဒေါ်အောင်ဆန်းစုကြည်အား ကြိုဆိုသူ နည်းပါးခဲ့သည်။
 


 
နယူးဒေလီ နှင့် ရန်ကုန်လေဆိပ်တွင် တွေ့ရသော နှာဖူးအနီစက် ဖြင့် ဒေါ်စု

 အိန္ဒိယမှ ပြန်ရောက်ပြီးကတည်းက ဒေါ်အောင်ဆန်းစုကြည်သည် ပုဝါကို မြန်မာရိုးရာအတိုင်း ပါဝါနှစ်စ အသာချ ခြင်း မရှိတော့ပဲ ရှေ့မှ အမြဲပတ်ကာ ဝတ်ဆင်လေ့ရှိသည်။ လွှတ်တော်တက်လျှင်လည်း အလားတူ ဝတ်ဆင်တော့သည်။ ဒေါ်အောင်ဆန်းစုကြည်ကို အိန္ဒိသို့ ဖိတ်ကြားခဲ့သူမှာ ၎င်းနှင့် ဘဝ တူ ဆိုနီယာ ဂန္ဒီဖြစ်သည်။ ဆိုနီယာဂန္ဒီမှာ ၎င်းအား သမ္မတလုပ်ရန် လူထုမှ လိုလားသော်လည်း ပါတီခေါင်းဆောင်မှ နှုတ်ထွက်ခဲ့သူဖြစ်သည်။ ဒေါ်အောင်ဆန်း စုကြည်၏ အိန္ဒိခရီးစဉ် သည် ဒေါ်အောင်ဆန်း စုကြည်ကိုသော် လည်းကောင်း၊ မြန်မာလူထု ကိုသော် လည်းကောင်း တစ်စုံတစ်ရာ ပြောင်းလဲခဲ့ခြင်း မရှိပေ။ အိန္ဒိယနယ်စပ်ရှိ ဗုဒ္ဓဘာသာ မြန်မာအများစုမှာ ယခုအချိန်ထိ အကြမ်းဖက်ခံနေရဆဲဖြစ်သည်။ အစ္စလမ်ဘာသာဝင် လူများစုများမှ ဗုဒ္ဓဘာသာဝင် လူနည်းစုများအား အကြမ်းဖက်မှုအပေါ် ဒေါ်အောင်ဆန်းစုကြည်မှ တစ်စုံတစ်ရာ ပြောဆိုခြင်း လုံးဝမရှိခြေ။
 

အိန္ဒိယမှ ပြန်ရောက်ပြီး တစ်လ အကြာတွင် အမေရိကန်နိုင်ငံ ဟာဝိုင်အီ နှင့် တောင်ကိုရီးယားနိုင်ငံများသို့ ဇန်နဝါရီလ ၂၄ ရက်နေ့တွင် ခရီးထွက်ခဲ့ပြန်သည်။ ဟိုနိုလူးလူး မြို့တော် သို့ သွားရောက်ခဲ့ပြီး မိန့်ခွန်းတစ်ခု ကို ပြောကြားခဲ့သည်။ သမိုင်းဝင် စကားတစ်ခွန်းမှာ "My dog is honest. If only people could be more clear about their intentions like my dog we could get to peace sooner." Aung San Suu Kyi (Honolulu, East-West Center) “ကျမ ခွေးလေးလောက် လူတွေ ရိုးသားဖြောင့်မှတ်ကြရင် ၊ ကျမတို့တတွေ (ကမ္ဘာကြီး) ငြိမ်းချမ်းရေးရတာ ကြာခဲ့ပါပြီ” (ဒေါ်အောင်ဆန်းစုကြည်) ဟူ၍ဖြစ်သည်။ အဆိုပါ စကားကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို လူအများ စိတ်ပျက်ခဲ့ရသည်။ ထို့အပြင် ဘီဘီစီ အင်တာဗျူးတစ်ခုတွင် စကားမှားမှုအတွက် ဂျပန်လူငယ် တစ်ဦးမှ ဒေါ်အောင်ဆန်း စုကြည်ကို မေးခွန်းထုတ်ခဲ့သော်လည်း ဒေါ်အောင်ဆန်းစုကြည်မှ ပွင့်လင်းမြင်သာစွာ လုံးဝ ဖြေရှင်းခြင်းမရှိပဲ နှုတ်ဆိတ်နေခဲ့သည်။ ဂျပန်လူငယ်၏ မေးခွန်းဗွီဒီယိုအား http://youtu.be/59VFDQaqJm0  တွင် ကြည့်ရှုနိုင်သည်။

ဟာဝိုင်အီကမ်းခြေတစ်လျှောက်တွင် ဒေါ်အောင်ဆန်းစုကြည် ဖိနပ်ချွတ်ကာ လမ်းလျှောက်ခဲ့ပြီး ပြည်သူ့လွှတ်တော်အမတ် ဦးဖြိုးဇေယျာသော်မှ ဒေါ်အောင်ဆန်းစုကြည်၏ ဖိနပ်ကို ကိုင်ဆောင်ခဲ့ရသည့် ဓာတ်ပုံမှာ လူပြောများခဲ့သည်။ ဟာဝိုင်အီတွင် ဒေါ်အောင်ဆန်းစုကြည်မှ ငြိမ်းချမ်းရေးဆု ယူဆောင်ခဲ့ပြီး ထိုကာလတွင် မြန်မာနိုင်ငံ မြောက်ပိုင်းတွင် အစိုးရနှင့် KIA တို့ကြား တိုက်ပွဲများပြင်းထန် လျှက်ရှိသည်။

ပြည်သူ့လွှတ်တော် အမတ် ဦးဖြိုးဇေယျာသော် ဖိနပ်ကိုင်ထားစဉ်

ဇန်နဝါရီလ ၂၈ တွင်ဒေါ်အောင်ဆန်းစုကြည် တောင်ကိုရီးယားနိုင်ငံသို့ ဆက်လက်ထွက်ခွာခဲ့သည်။ ဂွမ်ဂျူးလေးဆိပ်တွင် အသက် ၆၈ နှစ်အရွယ် ဒေါ်အောင်ဆန်းစုကြည်အား ကိုရီးယားမှ မြန်မာများ နှင့် ကိုရီးယားများက  ပန်းခွေတစ်ခု ခေါင်းတွင် စွပ်ပေးခဲ့သည်။

ပန်းခွေ နှင့် ဒေါ်အောင်ဆန်းစုကြည်

ဟာဝိုင်အီနှင့် ကိုရီးယား တွင် မြန်မာနိုင်ငံနှင့် ပတ်သက်၍ ပြောဆိုမှုများရှိခဲ့သော်လည်း ၎င်းခရီးစဉ်အပြီး တစ်စုံတရာ ထူးခြား ပြောင်းလဲမှုမျိုးလုံးဝမရှိပေ။ မြန်မာနိုင်ငံတွင် တောင်ကိုရီးယား ကုမ္မဏီအများအပြားရှိပြီး ၎င်းတို့ကို မြန်မာ အလုပ်သမားများက မကြာခဏ ဆန္ဒပြလျှက်ရှိသည်။

အပိုင်း (၁) အား  http://www.mmdailystar.com/2013/09/blog-post_19.html  တွင် ဖတ်ရှုနိုင်သည်။
 
From:MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>