Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

KIA သည် ကချင်လူမျိုးများအတွက် လက်နက်ကိုင်နေခြင်းမဟုတ်

$
0
0

ကချင်ပြည်နယ်၊မြစ်ကြီးနားမှာ KIA နဲ့ အစိုးရကိုယ်စားလှယ်တွေ ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာ ဒီကနေ့ဆို ရင်(၂) ရက်ရှိသွားပါပြီ။ အခု သတင်းဆောင်းပါးရေးနေတဲ့အချိန်ထိတော့ တိကျသေချာတဲ့ အဖြေ ထွက်မလာသေးပါဘူး။ကချင် ပြည်နယ်မှာရှိကြတဲ့ တိုင်းရင်းသားတွေ အားလုံးကတော့ ငြိမ်းချမ်းရေးကပေါ်ထွက် လာမဲ့အဖြေကိုစောင့်မျှော်နေ ကြပါတယ် အနည်းဆုံးတစ်ခုအဖြစ် ကချင်ပြည်နယ်အတွင်းမှာ အပစ် အခတ်တွေရပ်စဲထားစေချင်ပါတယ်။ တိုက်ပွဲတွေမဖြစ်တော့ဘူး ဆိုတဲ့ ကတိမျိုးကို နှစ်ဘက်စလုံးကမပေးနိုင်ကြပါဘူး။ ပြည်နယ်မှာ လက်ရှိ လိုအပ်နေ တာက တိုက်ပွဲတွေမဖြစ်ဖို့ပါပဲ။ တိုက်ပွဲတွေဖြစ်နေမယ်ဆိုရင် ရွာသားတွေဒုက္ခရောက် ပါတယ်။ သေနတ်သံကြား တာနဲ့ ပြေးလွှားပုန်းအောင်းနေရပါတယ်။ အခုလက်ရှိဆွေးနွေး ပွဲကဘာအဖြေမှမရတဲ့အပြင် အရေးပါတဲ့ထိပ်ပိုင်းခေါင်းဆောင်တွေတက်ရောက်တာမတွေ့ရပါဘူး။

ဒါကိုကြည့်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲလုပ်တယ် ဆိုတဲ့ နာမည်ကောင်းယူနေကြတာပါ။ စစ်ပွဲတွေဖြစ်လို့ ရွာတွေကို စွန့်လာရတဲ့ သူတွေရဲ့ နောင်ရေးအတွက်လည်း ဘာမှတိတိကျ ကျမဆွေးနွေး တာ မကြားရပါဘူး။ ကြားရတဲ့ သတင်းတစ်ခုကတော့ ဗိုလ်ချုပ်အက်စ်ဂွန်မော် ဟာ မြစ်ကြီးနားဆွေးနွေး ပွဲကိုမလာခဲ့ပေမယ့် KIA တပ်တွေကို နည်းပညာ အကူအညီပေးနေတဲ့နိုင်ငံခြားသားပညာရှင်တွေနဲ့လိုင်ဇာမှာ တွေ့ဆုံဆွေးနွေးနေကြောင်းသိရပါတယ်။ KIA တပ်တွေ အတွက်အဆင့်မြင့်နည်း ပညာနဲ့လက်နက်ခဲယမ်းတွေအကူအညီရဖို့ဆွေးနွေးနေတာဖြစ်ပါတယ်။

စစ်တပ်တွေကို တန်ပြန်တိုင်စစ်ဆင်ဖို့အတွက် အမြဲတန်းပြင်ဆင် ထားရမှာဖြစ်သလို စစ်သားတွေကိုဖမ်းမိရင်လဲ မချမ်းဘောတိုက်ပွဲမှာ လုပ်သလိုမျိုးလုပ်ရမယ်လို့ KIA တပ်ဖွဲ့ဝင်တွေကိုအမိန့်ပေးထားပါတယ်။ အဲလိုမျိုးလုပ်ခဲ့ပြီးရင်လဲ ကချင်မီဒီယာတွေကနေတစ်ဆင့် KIA တပ်ဖွဲ့ရဲ့ လုပ်ရပ်မဟုတ်ကြောင်း သတင်းလက်ဦးအောင်ရှင်းလင်းရမယ်လို့လဲ ဗိုလ်ချုပ်အက်စ်ဂွန်မော်ကပြောဆိုခဲ့ပါတယ်။ ကချင်လက်နက်ကိုင်တပ်ဖွဲ့ဝင်အများစုကတော့ စစ်တိုက်ချင်တဲ့စိတ်မရှိဘဲ စစ်တိုက်နေရတာမို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေသာ မအောင်မြင်ခဲ့ရင် လက်နက်တွေစွန့်လွှတ်ဖို့ လက်အောက်ငယ်သား အချင်းချင်း ညှိနှိုင်းနေ ကြတယ်ဆိုတဲ့သတင်းတွေလဲ ထွက်ပေါ်လာနေပါတယ်။

ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုလာမဲ့အောက်တိုဘာလပထမပတ်မှာကျင်းပမယ်လို့သတင်းရရှိ ထားပေမယ့် အဲဒီဆွေးနွေး ပွဲမှာ ဆွေးနွေးဖို့အချက်အလက်တွေတိတိကျကျထုတ်ဖော် ပြောဆိုတာတွေ မရှိသေးပါဘူး။ ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲကိုKIA ကိုယ်စားလှယ်တွေတက်ရောက်မယ်၊မတက်ရောက်ဖူးဆိုတာ KIA ထိပ်တန်းခေါင်းဆောင်တွေအချင်းချင်းသဘောထားကွဲလွဲမှုတွေရှိနေပါတယ်။ကချင်ပြည်နယ်လူထုအတွက်ငြိမ်းချမ်းရေးကိုထိထိရောက်ရောက်လုပ်ချင်သူရှိသလို ငြိမ်းချမ်းရေးကိုဟန်ပြလုပ်ဆောင်ပြီး KIA တပ်မတော်ကို အင်အားတိုးချဲ့ရန် ပြင်ဆင်နေသူတွေလဲ ရှိနေပါတယ်။

နိုင်ငံအတွင်းမှာရှိတဲ့ အခြားသောတိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးသဘော တူညီချက်ရရှိပြီး KIA/KIOက ငြိမ်းချမ်းရေးမလုပ်နိုင်ဘူးဆိုရင် KIA ဟာ ကချင် လူမျိုးတွေ အတွက် လက်နက်ကိုင်ဆောင်နေတာမဟုတ်ဘူး ဆိုတာထင်ရှားသွား မှာပါ။ လက်ရှိအနေအထားမှာလည်း ကချင်ပြည်နယ်လူထုက KIA ကို အကြမ်းဖက်အဖွဲ့တစ်ခုအဖြစ်ပဲ ရှုမြင်နေကြပါတယ်။ KIA ကိုကချင်လူမျိုး အချင်းချင်းမို့လို့ အားပေးနေပေမဲ့ ငြိမ်းချမ်းရေးမရဘဲ လက်နက် ဆက်ကိုင် နေတာမျိုးကိုတော့ ကချင်အများစုက သဘောမကျပါဘူး။ ဒါကြောင့်မို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA)ရဲ့ ရှေ့ ဆက်ပြီး ဆောင်ရွက်မယ့် အနေအထားကို စောင့်ကြည့်နေကြပါတယ်။ မနေ့က မြစ်ကြီးနားမှာဆွေးနွေးတဲ့အချက်တွေ ကတော့အားရ စရာ မရှိသေးပေမယ့်ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေးဆွေးနွေးပွဲ ရလဒ် ကိုစောင့်ကြည့်ရဦးမယ် လို့ဆွေးနွေးပွဲ တက်ရောက်ခဲ့သူ ဦးမရစ်နော်ဆိုင်း က ပြောဆိုခဲ့ပါတယ်။

ထင်ကျော် (မြစ်ကြီးနား)

From: Shwenaingan

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>