Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အီရန်က ကြောင်တစ်ကောင်အား အာကာသသို့ စေလွှတ်မည်

$
0
0


အီရန် နိုင်ငံက ပါရှန်းကြောင်တစ်ကောင် အား အာကာသတွင်းသို့ စမ်းသပ် စေလွှတ်သွားမည်ဖြစ်ကြောင်း သိ ရသည်။ ပါရှန်းကြောင်လိုက်ပါသော အာကာသခရီးစဉ်ပြီးပါက လူလိုက် ပါသော ယင်းအာကာသခရီးကို ၂၀၂ဝပြည့်နှစ်တွင် အကောင်အ ထည်ဖော်နိုင်ရန် မျှော်လင့်လျက် ရှိကြောင်း နိုင်ငံပိုင်သတင်းမီဒီ ယာတွင် ဖော်ပြသည်။

၁၉၆ဝပြည့်နှစ်အတွင်း အမေရိကန်ပြည်ထောင်စုနှင့် ဆို ဗီယက်ပြည်ထောင်စုတို့၏ အာ ကာသအစီအစဉ်များတွင် ခွေးများ နှင့် မျောက်များသည် အာကာသ အတွင်းလိုက်ပါခြင်းဖြင့် ထင်ရှား ခဲ့ရာ အီရန်တို့၏ကြောင်ကလည်း ခွေးများနှင့် မျောက်များ၏ခြေရာ များနောက်ကို တစ်ထပ်တည်းလိုက် မည့်အနေအထားပင်ဖြစ်ကြောင်း သိရသည်။

သို့ရာတွင် အီရန်နိုင်ငံ Kavoshgar အာကာသယာဉ်ဖြင့် ကြောင်လိုက်ပါမည့် အစီအစဉ် ထုတ်ပြန်ကြေညာခဲ့ပြီးနောက် တိရစ္ဆာန်အခွင့်အရေးအုပ်စုများ က ချက်ချင်းလိုပင် ကန့်ကွက်မှုပြု ခဲ့ကြောင်း သိရသည်။ အီရန်နိုင်ငံ ၏ ထိပ်တန်းအရာရှိ မိုဟာမက် အီဘရာဟီမီက လာမည့်နှစ် မတ် လမတိုင်မီ အာကာသခရီးအစီ အစဉ်ကို ဆက်လက်လုပ်ဆောင် သွားရန် ပြောကြားခဲ့သော်လည်း မူလအစီအစဉ် လုပ်ဆောင်ရန် သတ်မှတ်ထားသည့်ရက်ကို တရား ဝင်ရှင်းလင်းပြောကြားခြင်းမရှိဘဲ ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

အာကာသယာဉ်နှင့် လိုက်ပါရန် တိရစ္ဆာန်အများအပြားကို စမ်းသပ် ခဲ့ပြီးနောက် ပါရှန်းကြောင်သည် အာကာသခရီးတာဝန်အတွက် အထူးသင့်လျော်သည့်တိရစ္ဆာန် ဖြစ်ကြောင်း အီဘရာဟီမီက ပြော ကြားခဲ့သည်။ မစ္စတာအီဘရာဟီ မီ၏ အာကာသခရီးစဉ်ကြေညာချက် ထုတ်ပြန်ခဲ့ပြီးနောက် တိရစ္ဆာန် အခွင့်အရေးဆိုင်ရာအုပ်စုများထံ မှ ဒေါသတကြီးတုံ့ပြန်သံထွက် ပေါ်လာခဲ့ကြောင်း သိရသည်


From: Yangon Media Group

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837


<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>