Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ခြေလေးချောင်းပါသည့် မိန်းကလေးမွေးဖွား

$
0
0


စက်တင်ဘာ ၁၄ ရက် ညနေ ၂ နာရီခွဲက ဒိုက်ဦးမြို့နယ် သပြေတန်းကျေးရွာ အုပ်စု ရောင်နီ ဦး ကျေးရွာအင်ကြင်းစုပိုင်းနေ အဖ ဦးမောင်လွင်၊ အမိ ဒေါ်ဌေးတို့မှ သတ္တမမြောက်မွေးဖွားသော မိန်းကလေး ကိုယ်အလေးချိန် ၆ ဒသမ ၅ ပေါင်ရှိ မွေးကတည်း က ခြေလေးချောင်း ပါဝင်သော ကလေးငယ်တစ်ဦးကို အရပ်သားဖွားဖြင့်နေအိမ်တွင် မွေးဖွား ခဲ့ပြီး ဒိုက်ဦးဆေးရုံသို့ ညနေ ၅ နာရီ ၁၅ မိနစ်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

အဆိုပါကလေးသည် ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး ခွဲစိတ်မှုပြုနိုင်ရေးအတွက် တိုင်းဒေသကြီး အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ် တစ်သိန်း၊ ခရိုင်အမျိုးသမီးရေးရာနှင့် မိခင်နှင့် ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့က အလှူငွေကျပ်ငါးသောင်း၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့်ဌာနဆိုင်ရာများက အလှူငွေကျပ် တစ်သိန်း၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက အလှူငွေကျပ် ငါးသောင်း၊ စေတနာရှင်ပြည်သူများက အလှူငွေကျပ် ၇၆ဝဝဝ စုစုပေါင်းငွေကျပ် ၃၇၆ဝဝဝ တို့ကို ထောက်ပံ့လှူဒါန်းခဲ့ပြီး ဒိုက်ဦးပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းနှစ်ဦးလိုက်ပါလျက် ရန်ကုန်မြို့ ကလေးဆေးရုံကြီးသို့ ည ၇ နာရီ မိနစ် ၂ဝ တွင် သုခကာရီကရုဏာ လက်များအသင်း(ဒိုက်ဦး)၏ လူနာတင်ယာဉ်ဖြင့် လိုက်ပါပို့ဆောင်ပေး ခဲ့ကြောင်း သိရသည်။





From: သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>