Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

တောင်ဖြိုတရားခံ ဦးအုံးဖေ နှင့် အကျိုးဆောင် ဟန်ဝင်းအောင် တို့ကြား "ဖြိုပစ်မှ ရမယ့် တောင်တစ်လုံး"

$
0
0
"အို.ဖေကြီးကလည်း ဒီတောင်ကြီးက အဖေတို့လက်ထက်ကတည်းက ရှိနေ တာလေ..သူများ လည်း နှမြော တယ်.ဖျက်လည်းမဖျက်ချင်ဘူး"
"အာ..မေကြီးရာ..ငါလည်းမဖျက်ချင်ဘူး..သူရှိနေတာတော့ဟုတ်တယ်လေဟာ.ဒါပေမယ့် ကိုးလိုးကန့်လန့်ကြီးဟာ.မြေနေရာအလယ်တည့်တည့်မှာလာရှိနေတာ စိုက်မရ ပြုမရနဲ့ဟာ မြင်ရတာလည်း ရှုပ်တယ် အလုပ်လုပ်ရတာလည်း မတွယ်ကျယ်ဘူး"
"မဖျက်ပါနဲ့လား ကိုအုံးဖေရယ်. အဲတောင်က နတ်ကြီးတယ်လေ.သူ့ကြောင့်ကျမတို့စီးပွါးတတ်လာတာ"
"ဟာ ဒီမိန်းမတော့ အဲဒါ အဲဒီတောင်နဲ့မဆိုင်ဘူး.ငါ့ဟာငါ စိုက်ခင်းတွေကောင်းလို့ စီးပွါးတတ် တာ.အခုငါ့ စိုက်ခင်း ထဲမှာ အဲတောင်က ကန့်လန့်နဲ့ အဲဒီတောင်မရှိရင် အဲဒီတောင်နေရာမှာ ငါစိုက်ခင်း လုပ်လို့ရ မယ်. ရှုပ်တယ်ဟာ.နောက်အပတ်ကျ အဲတောင်ကိုဖြိုမယ်"

"ရှင်မဖြိုရဘူးနော် ကိုအုံးဖေ"
 "ဖြိုမယ်ဟာ"
"မဖြိုရဘူး"
"ဖြိုမယ်ဟာ"
"မဖြို.............ရ.အ..အ"
"အာ..ဒီမိန်းမ..ကဲကွာ..ဖုန်း.ဒိုင်း..မဖြိုချင်အုံး..."
"အားးနာလှချည်ရဲ့..အမလေး.အရပ်ကတို့ရဲ့ ကယ်ပါဦး..ဒီမှာဘိုးဘွားပိုင်မြေက မရှိမဲ့ရှိမဲ့ ဒီတောင်လေးကို သားလက်ထက်မှဖြိုမယ်တဲ့တော်ရေ့..ကြားကောင်းရဲ့လား...".

.."အန်တီ..မပူနဲ့..သားတို့ ကူညီမယ်.သားနာမည်ဟန်ဝင်းအောင်ပါ.ဒီလိုတောင်ဖြိုမြေသိမ်းကိစ္စကတော့ ဘယ်ရမလဲ.သားကူညီပြမယ်..အန်တီ အမျိုးတွေစု..ရော့ရော့..ဒီစတေကာကိုင်..ဒီစာရွှက်ထဲကဟာတွေကျက်..တောင်နားမှာ တဲသာထိုးနေ..သားတို့ရိက္ခာလာပို့မယ်..ဒီအလံလေးကို တဲနားမှာစိုက်ထားနော်. .အန်တီယောကျာင်္း လက်လှန် သွားစေရမယ်..မနက်ဖြန် ဒီနေ့လိုပဲ အော်ငိုနော်.မနက်ဖြန်..သား ဂျာနယ်တွေ ထဲပါအောင်. သတင်းဆရာ တွေပါခေါ်လာခဲ့မယ်.."..



နောက်တနေ့ ကင်မရာမန်းများ ရဲများ ရပ်ကွက်လူကြီးများ ပါတီဝင်ဆို သူများ ကျောင်း သားခေါင်းဆောင် ဆိုသူများ ခေါင်းတွင် အနီပတ်ထားသူ များ.စစ်ဗိုလ်ဟောင်း ဆိုသူကြီး များ..လက်မောင်းတွင် အနီပတ် ထားသူ များ သည် ကိုအုံးဖေ ၏ ခြံအတွင်း အတင်းတို့ဝှေ့ဝင်ရောက်လာရာ..အိမ်နောက်ဘက်ရှိ  ပြောင်း စိုက် ခင်း အစပ် ခြတောင်ပို့ အနီး ဟန်ဝင်းအောင်ပေးခဲ့သော ဆိုင်းဘုတ် အနီပြားလေးကိုင်ကာ ငုတ်တုတ် ထိုင်စောင့်နေသော ဒေါ်လှနွယ် ကို တွေ့ရလေတော့သည် ။

(အမည်တိုက်ဆိုင်ခြင်း ခွင့်လွှတ်ပါရန်.)

From: ငှက်ခါး အညတရ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>