Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ခြင်း ၊ မဖြစ်ခြင်းထက် တိုင်းပြည်ရဲ့အချုပ်အခြာအာဏာအပေါ် ပြည်ပလွှမ်းမိုးမှုတွေ ရှိမလာအောင် ဘယ်လိုကာကွယ်ရမလဲဆိုတာပဲ အရေးကြီးတယ်

$
0
0

 ပြည်ခိုင်ဖြိုးပါတီ ဒုဥက္ကဌသီရိပျံချီ ဦးဋ္ဌေးဦးနှင့်တွေ့ဆုံခြင်း

စက်တင်ဘာ(၈)ရက်နေ့၌ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဒုတိယဥက္ကဌ ပြည်ခိုင်ဖြိုးပါတီ၏
ပြောရေးဆိုခွင့်ရှိသူနှင့် ပြည်သူ့ လွှတ်တော်နိုင်ငံသားများမူလအခွင့်အရေး၊ ဒီမိုကရေစီရေးနှင့် လူ့အခွင့် အရေး ကော်မတီဥက္ကဌဦးဋ္ဌေးဦးကို Hot News မှတွေ့ဆုံ၍လတ်တလောလွှတ်တော်မှကြိုးပမ်းအကောင် အထည် ဖော်လျက်ရှိနေသော ၂၀၀၈နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ယခင် တပ်မတော် အစိုးရခေါင်းဆောင်များ အပေါ်တရားစွဲဆိုခြင်း၊ အရေးယူခြင်းမရှိ စေရဟု ဖွဲ့စည်းပုံ၌ပါဝင်သော ပြဋ္ဌာန်း ချက်အပေါ်ရှိနေသည့် ဝေဖန်မှုအချို့များ နှင့်ပတ်သက်၍သဘောထားသုံးသပ်ချက် အချို့အား မေးမြန်းဖြစ် ခဲ့ပါသည်။

လက်ရှိ ၂၀၀၈ နိုင်ငံတော်ဖွဲ့စည်း ပုံအခြေခံဥပဒေဟာလိုရာကိုဆွဲပြီးရေးထား တဲ့တစ်ဖက်သတ်ဆန်ဆန် ဖွဲ့စည်းပုံ တစ်ခုဆိုပြီးတိုင်းရင်းသားအချို့နဲ့ပြည်တွင်း ကလေ့လာစောင့်ကြည့်သူအချို့က သုံးသပ်နေ ကြပါတယ်။တကယ်ရော လက်ရှိဖွဲ့စည်းပုံဟာတစ်ဖက်သတ် ဆန်ဆန်အဆင့်မှာရှိပါသလား။ဒီဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ဖက်သတ် ရေးဆွဲတယ်ဆိုတာနဲ့ပတ်သက်တဲ့အယူ အဆတွေ ဘယ်လိုယူဆနေ ကြတယ်ဆို တာကိုတော့ ကျွန်တော်မပြောတတ်ဘူး။ သို့သော်လည်း တရားဝင်ဒီဖွဲ့စည်းပုံ အခြေခံရအောင် ကြိုးပမ်းခဲ့တာကတော့ အမျိုးသားညီလာခံပဲ။ အဲဒီအမျိုးသား ညီလာခံကြီးမှာ တိုင်းရင်းသားတွေအစုံ အလင်၊ ပါတီတွေအစုံအလင်ပါခဲ့တာပဲ။

တတ်သိပညာရှင်တွေလည်းပါခဲ့တယ်။ နှစ်ပေါင်းများစွာ အချိန်ယူပြီးအခက်အခဲ တွေကြားကနေ ညှိနှိုင်းပြီး မှရေးဆွဲခဲ့တာ လေ။ မူကြမ်းရလာပြန်တော့လည်း ဒီ မူကြမ်းကိုပြည်သူ ၉၂.၄၈ ရာခိုင်နှုန်းက ထောက် ခံအတည်ပြုခဲ့တာပဲလေ။ ဒါတရားဝင်ပဲ။ ကမ္ဘာကလည်း ဒါကိုလက် ခံတယ်။ တိုင်းရင်းသားတွေ၊ ပါတီတွေ၊ တတ်သိပညာရှင်တွေ အားလုံးပါဝင်တဲ့ အဖွဲ့က ဆွဲခဲ့တာလေ။ အဲဒီအချိန်ကအစိုး ရက စွဲခဲ့တာ မှမဟုတ် တာ။ အဲဒီတုန်းက တပ်မတော်အစိုးရအနေနဲ့ကတော့ အခြေခံအားဖြင့်တော့ မူတွေချမှတ်ခဲ့တာ ပေါ့ဗျာ။ အဲဒီမူတွေကလည်း ကျွန်တော် တို့နိုင်ငံအတွက်အရမ်းအရေးကြီးတဲ့ တိုင်း ရင်းသားစည်းလုံးညီညွတ်မှု မပျက်ပြားဖို့ နောက်ပြီးတော့ ပြည်ထောင်စုကြီးမပြိုကွဲ ဖို့၊အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲဖို့စတာတွေပေါ် မူ တည်ပြီးချမှတ်ခဲ့တာပဲရှိ တယ်။ အခြေခံမူ(၆)ချက်ပေါ့နော်။ ဒါကလည်း တစ်ပါတီစနစ်ကနေပြီး ပါတီစုံ ဒီမိုကရေစီစနစ်တစ်ခုကို ကူးပြောင်းနိုင်ဖို့၊ အဲဒီပါတီစုံစနစ်ကို အကာအကွယ်ပေးမဲ့ ဥပဒေတစ်ခုလို တယ်။ အဲဒါကြောင့်ပဲရေးဆွဲခဲ့တာဖြစ် တယ်လေ။ အမျိုးသားညီလာခံမှာ ပါဝင် တဲ့တိုင်းရင်းသားတွေ အားလုံး တစ်ထောင် ကျော်နဲ့ သဘောတူညီမှုနဲ့သွားခဲ့တာဖြစ် တဲ့အတွက် ဒါဟာတစ်ဖက်သတ်ဆန် အဆင့်မဟုတ်ဘူး။

လက်ရှိနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေက ပြည့်စုံမှုအပြည့်အ၀ရှိတယ်လို့ ယူဆလို့ရနိုင်ပါသလား။
ဥပဒေတိုင်း၊ဥပဒေတိုင်းမှာပြည့်စုံ တယ်ရယ်လို့တော့ မရှိပါဘူး။ လိုအပ် ချက်တွေတော့ရှိနေမှာပဲ။ ဒီဥပဒေနဲ့ပတ် သက်ပြီး လိုအပ်တာရှိရင်လည်းပြန်ပြင် နိုင်တယ်၊ အသစ်လည်းပြန်ရေးဆွဲ လို့ရ တယ်။ ပြည် သူလူထုအကျိုးအတွက် ရေးဆွဲထားတာလေ။လူတစ်ဦးအကျိုးကို ရှေးရှုပြီး ရေးဆွဲထားတာမဟုတ်ဘူး။ ပြည်
သူတစ်ရပ်လုံးအကျိုးကို ရည်မှန်းပြီး ရေးဆွဲထားတာဖြစ်တဲ့အတွက် ပြည်သူအတွက်အတားအဆီးဖြစ်စေတဲ့၊ အခက် အခဲဖြစ်စေတဲ့ အချက်တွေရှိရင်ပြင်မှာပဲ လေ။ အဓိကကတော့ ပြည်သူ့အကျိုးကို ဦးတည်ရေးဆွဲ ထားတာဖြစ်တဲ့အတွက် ပြည်သူအခက်အခဲဖြစ်မှာကိုတော့ ပြင်ရ မှာဘဲလေ။

လက်ရှိ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြန်လည်ပြင်ဆင်ရေးနဲ့ပတ်သက်ပြီးတော့ တွန့်ဆုတ်မှုတစ်စုံတစ်ရာရှိနေနိုင်ပါ သလား။ ပြည်ခိုင်ပါတီအနေနဲ့ဆိုရင်ပေါ့ ခင်ဗျား။

ဒီဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြည်ခိုင်ဖြိုးအနေနဲ့ဘာမှ တွန့်ဆုတ်စရာမရှိဘူး။ ဒီဖွဲ့စည်းပုံ အခြေခံ ဥပဒေလေ့လာသုံးသပ်ရေး ကော်မရှင်ဆိုပြီးဖွဲ့ပေးဖို့လွှတ်တော်မှာ တင်ပြခဲ့တာလည်း ကျွန်တော်တို့ပါတီ ဒုတိယဥက္ကဋ္ဌသူရဦးအေးမြင့်ပဲ။ ဒါတရား ၀င်တင်တာပဲလေ။ဥပဒေတွေနဲ့ပတ်သက် ပြီးအခြေပြုဆောင် ရွက်ကြရမှာလည်း လွှတ်တော်ပဲ။ ဒီကိစ္စကိုကျွန်တော် တို့ပြည်သူ့လွှတ်တော်မှာအရင်တင်တယ်။

ဒါ့အပြင်ပိုပြီးပြည့်စုံလေးနက်မှုရှိလာ အောင်ဆိုပြီးပြည်ထောင်စု လွှတ်တော် မှာပါတရားဝင် တင်တယ်။ဒါ ကိုပြည်ထောင်စုလွှတ်တော်ကလည်းအတည် ပြုခဲ့တာပဲလေ။အဲသလိုအတည်ပြုပြီး တော့မှဘယ်သူတွေပါ
ဝင်သင့်တယ်ဆိုတာကိုအကြံပြုချက်တောင်းတယ်။အဲဒီအကြံပြုချက်တွေကိုစုစည်းပြီး ကော်မရှင်ဖွဲ့စည်းပေးနိုင် ခဲ့တယ်။ပြီးတော့ ကော်မရှင်ရဲ့လုပ်ပိုင်ခွင့်တွေတာဝန်တွေကိုဘယ်လိုဆောင်ရွက်ကြမယ်ဆိုတာနဲ့ပတ်သက်ပြီး
ဆွေးနွေးပြီးအတည်ပြုနိုင် ခဲ့တယ်။ ဒါကြောင့်ကျွန်တော့်အနေနဲ့ ပြောရမယ်ဆိုရင်ကျွန်တော်တို့ပါတီ အနေနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင် ရေးအတွက် ဘာမှတွန့်ဆုတ်စရာမရှိလို့ လွှတ်တော်မှာတင်ခဲ့တာပဲလေ။

ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးနဲ့ပတ်သက်ပြီးပါတီအချို့နဲ့လွှတ်တော် ပြင်ပကျွမ်းကျင်ပညာရှင်တွေ
အနေနဲ့ သဘောထားထုတ်ပြန်တာတွေ၊ ပြင်ဆင် ရေးအတွက်အကြံပြုချက်တွေကိုရော လွှတ်တော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရေးမှာတစ်ထောင့်တစ်နေရာ ကနေအသုံးပြုသွားဖို့ရှိပါသလား။

ဒီဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာ တစ်တိုင်းပြည်လုံးနဲ့ပြည်သူတစ်ရပ် လုံးအတွက်ရေးဆွဲထားတာ အချိန်ယူ ပြီး ရေးဆွဲထားတာလည်းဖြစ်တယ်၊ လွှတ်တော်မှာကြတော့ ဘယ်အချက် ကိုပြင်မလဲ။ ဘယ်လိုပြင်ဆင် မလဲဆိုတာ ကို အားလုံးဝိုင်းစဉ်းစားလို့ရတယ်။ အချိန် ယူပြီးရေးဆွဲထားတာလေ။ လွှတ်တော် အနေနဲ့က လည်းဘယ်အချက်တွေကို ပြင်ဆင်ရမလဲစဉ်းစားမယ်။ ပါတီတွေက လည်း ပါဝင်စဉ်းစားမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အသစ်ကပြန်စမယ် ဆိုပြီးလည်းပြောနေကြတာပဲ။ တစ်ချို့ ကလည်းပြင်ချင်တယ် ဆိုပြီး ပြောနေ ကြတာပဲ။ တကယ်တမ်းလွှတ်တော်မှာ ဆွေးနွေးမယ်ဆိုတော့အဲဒါတွေရောက် မလာခဲ့ ဘူး။သို့ သော်လူထုကြားမှာတော့ လှုံ့ ဆော်မှုလိုမျိုးနဲ့ ဖွဲ့စည်းပုံပြင်မှရမယ်။ ၂၀၀၈ဖွဲ့စည်းပုံအခြေခံ ဥပဒေက တစ်ဖက်သတ်ဖြစ်နေတယ်လို့ ပြောနေ ကြတာပဲလေ။ ၉၂.၄၈ဆိုတဲ့ ရာခိုင်နှုန်းအတိုင်းအတာမှာ ကျွန်တော် တို့ ကိုယ်တိုင်လည်းထောက်ခံခဲ့တာပဲ လေ။နောက်ပြီးတော့ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေး အတွက် ကျွန်တော် တို့လွှတ်တော်အပြင်ဒီဖွဲ့စည်းပုံကို ကိုင် တွယ်နေရတဲ့အစိုးရ အဖွဲ့ကလည်းပါ ၀င်စဉ်းစား မယ်။ ၉၂.၄၈ထဲမှာပါတဲ့ လူတွေကတော့တစ်စုံတစ်ရာပြောနေမှာ မဟုတ်ပါဘူး။

လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေရဲ့အခန်း(၁၄)ပုဒ်မ၄၄၅ပါယခင်ခေါင်းဆောင်တွေရဲ့တာဝန်အရ ဆောင်ရွက် ချက်အပေါ်မူတည်ပြီးယင်းတို့အပေါ်အရေးယူခြင်း၊တရားစွဲဆိုခြင်းမရှိစေရဆိုတဲ့အချက်က ရောလူ့အခွင့် အရေးရှုထောင့်အရထောက် ကွက်တစ်ကွက်လို့ အချို့က ယူဆနေပါ တယ်။ ဥပမာ ဖိလစ်ပိုင်မှာဆိုရင် မားလိုစ့်ကိုတရားစွဲဆိုနိုင်ခွင့်ရှိသလိုပေါ့နော်။တကယ်ရောဒီအချက်တွေကယခင် ခေါင်းဆောင်တွေကိုအကာ အကွယ် ပေး ထားတဲ့သဘော သက်ရောက်နေပါ သလား။

တချို့ပြောနေတဲ့ဒီအယူအဆ တွေနဲ့ပတ်သက်လို့ကျွန်တော် အနေနဲ့မဝေဖန်လိုပါဘူး။ သို့သော်လည်းဒီစ နစ်ကို ရောက်အောင် ဘယ်သူ တွေလုပ်ပေးခဲ့တာလည်း၊ ဒါကို ပြန်ထည့်တွက်ဖို့လိုမယ်လို့ ကျွန်တော် မြင် တယ်။ ကျွန်တော်တို့ကအတိအကျ ကြီးအာဏာသိမ်းလိုက်တာမဟုတ်ဘူး။ယခင်ခေါင်းဆောင်တွေခင်းပေး တဲ့ ပါတီစုံဒီမိုကရေစီလမ်းကြောင်းအတိုင်း တစ်ဆင့်ပြီးတစ်ဆင့်တည်ဆောက်ပေး ခဲ့တဲ့အပေါ်မူတည်ပြီး ကျွန်တော်တို့ သွားနေတာလေ။ လုပ်ပေးခဲ့တဲ့ လူတွေ ကလည်းဆက်ပြီးတော့မလုပ်နိုင်တော့လို့ လား။ သို့သော်လည်းမလုပ်တော့ ဘဲနဲ့ ပါတီစုံလမ်းကြောင်းသွားကြ စနစ်သစ် အရပေါ်လာတဲ့ ပါတီတွေ၊ လွှတ်တော် တွေ၊အစိုးရအဖွဲ့တွေနဲ့ တိုင်းပြည်ကို ဖွံ့ဖြိုးတိုးတက်အောင်စီးပွားရေး အခြေခံ ကောင်းတွေ ၊လူမှုရေးနဲ့ နိုင်ငံရေး အခြေခံကောင်းတွေရအောင်ဖန်တီးပေးခဲ့ တာပဲလေ။ ဒါကိုအပြစ်လို့ မြင်နေ သ လား။  မြင်ရောမြင်သင့်သလား။ ဒီကနေ့ ပါတီစုံဒီမိုကရေစီ လမ်းကြောင်း ကိုရောက်အောင် ရုပ်ဝတ္ထုကနေ စပြီး တည်ဆောက်ပေးခဲ့တာအပြစ်လား။ ကျွန်တော်သဘောပြောတာပါနော်။ ဥပမာကျွန်တော်တို့တက်နေ တဲ့ လွှတ်တော်အဆောက်အဦကြီးကို ဘယ်သူဆောက်ပေးခဲ့တာလည်း၊ ဒါယခင် အစိုးရလုပ်ပေးတာလေ။ ဒါသိဖို့လိုတာ ပေါ့။

တကယ်လို့သာသူတို့ကလိုလိုလား လားမရှိခဲ့ဘူးဆိုရင်ဘာဆောက်ပေးစရာ လိုမလဲ။ တစ်ချိန်ကြရင် လွှဲပြောင်းပေးဖို့ စေတနာကောင်းကောင်း၊ ရည်ရွယ်ချက် မှန်မှန်နဲ့ လုပ်ပေးခဲ့တာကြီးပဲလေ။ ယခင် ခေါင်းဆောင်တွေ တစ်ဆင့်ချင်းစီလုပ်နေ တဲ့ကာလမှာဘယ်သူ့ရဲ့ထောက်ခံမှုမှမရှ၊ိကန့်ကွက်သူတွေ အပြင်နိုင်ငံတကာကလည်း အားမပေးခဲ့ပါဘူး။ ခုပါတီစုံစနစ်ကြီး ပုံပေါ်လာမှ နိုင်ငံတကာနဲ့ဆက်ဆံရေး အပြောင်းအလဲဖြစ်လာတာလေ။ ဒီလို လုပ်ပေးခဲ့တာတွေကိုအပြစ်လို့ယူဆမယ် ဆိုရင်လည်းဒါကအတွေး အခေါ်မှားတာ ပဲ။

၂၀၀၈ ဖွဲ့စည်းပုံသမ္မတအရည်အချင်းမှာ ပါတဲ့ အချို့အချက်တွေဟာဆိုရင် ဒေါ်အောင်ဆန်းစုကြည် သမ်္မတဖြစ်မှာကို ပိတ်ဆို့ထားတယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတဲ့ အပြင် နိုင်ငံရဲ့မိခင်ဥပဒေကြီးမှာ ဒီလို တစ်စုံတစ်ဦးကို ကန့်သတ်ထားတယ်ဆို တာဟာ နိုင်ငံရဲ့ဂုဏ်သိက်္ခာအတွက်ကြီး မားတဲ့ စိန်ခေါ်မှု တစ်ရပ်ဖြစ်တယ်လို့ ပညာရှင်အချို့ကသုံးသပ်နေပါတယ်။ ဖွဲ့စည်းပုံပါပုဒ်မ ၅၉(ခ) နဲ့ ပတ်သက် ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့သမ္မတဖြစ်ရေး အပေါ်တစ်စုံတစ်ရာရဲ့ စိုးရွံမှုမျိုးရော ရှိနေလို့ပါလား။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပါဝင် ပတ်သက်မှုနဲ့ သူ့ရဲ့သမ္မတဖြစ်ခြင်းမဖြစ် ခြင်းအပေါ်တစ်စုံတစ်ရာ စိုးရိမ်စရာဘာမှ မရှိဘူး။ သို့သော်ကျွန်တော်တို့စိုးရိမ်ရမှာ က ကိုယ့်တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုအပေါ် နိုင်ငံခြား တိုင်းပြည်တွေရဲ့ သြဇာလွှမ်းမိုးလာ မှာကိုပဲ။ တစ်ခြားတိုင်းပြည်တွေရဲ့ သြဇာတွေ ပြည်တွင်းမှာ လွှမ်းမိုးလာရင် ဒါစိုးရိမ်စရာပဲ။ တိုင်းပြည်တစ်ပြည် အတွက် ကိုယ့်အချုပ်အခြာ အာဏာကို ကိုယ်တိုင်လွတ် လပ်စွာကျင့်သုံးနိုင်ဖို့ ဟာအရမ်းအရေးကြီးတယ်။ ဒါကြောင့် ဒီအပေါ်မှာ မူတည်ပြီး စိုးရိမ်ရမယ်ဆို လည်းဒီတစ်ခုပဲရှိတယ်။ ဒေါ်အောင် ဆန်းစုကြည်နဲ့ ပတ်သက်ပြီး လူတစ်ဦး တစ်ယောက်အနေနဲ့ စိုးရိမ်စရာမရှိဘူး။

ဖွဲ့စည်းပုံအခြေခံဥပဒေက ဒေါ်အောင်ဆန်းစုကြည်အတွက်ဆွဲထား တာမှမဟုတ်တာ။ သို့သော်လည်း ကျွန်တော်တို့တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာပိုင်ဆိုင်မှုနဲ့ တိုင်းတစ်ပါးရဲ့ ပြည်တွင်းရေး ၀င်စွပ်ဖက်မှုတွေ ကိုတော့ ကျွန်တော်တို့စဉ်းစားရလိမ့်မယ်။ ဒါနိုင်ငံ တိုင်းရှိနေတာပဲ။တချို့ဘုရင်စနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ဆိုရင် ဘုရင့်မျိုးနွယ်ထဲ ပါဝင်ပတ်သက်နေသူတစ်ဦးက တစ်ခြား အမျိုးအနွယ်မတူသူတွေ နိုင်ငံခြား သား တွေကိုယူရင် ဒီအမျိုးအနွယ်ကိုသူစွန့် လွှတ်ရတာဘဲလေ။ တိုင်းပြည်နဲ့ အချုပ် အခြာပိုင်ဆိုင်မှု ဆိုတာက တစ်မျိုးသားလုံး ဦးထိပ်ပန်ဆင်ပြီးထိန်းသိမ်းရမှာပဲလေ။ နိုင်ငံခြားနဲ့ ပါဝင်ပတ်သက်မှုက ဒီ ၂၀၀၈ မှာထဲကိုပါတာမဟုတ်ဘူး။ ၁၉၄၇ မှာရော ၁၉၇၄ မှာရော စပါတာပဲလေ။ ပါတယ် ဆိုတဲ့အချက်ကလည်း တစ်စုံတစ်ဦးကို ရည်ရွယ်ချက်ရှိရှိနဲ့ ပိတ်ဆို့နေတာမှ မဟုတ်တာ။ တိုင်းပြည်ရဲ့ အချုပ်အခြာ အာဏာကိုစဉ်းစားရမှာလေ။

ဟုတ်ကဲ့။ဒါဆိုလို့ရှိရင် ဒေါ်အောင်ဆန်းစု ကြည်ရဲ့ သမ္မတဖြစ်ခြင်း၊ မဖြစ်ခြင်းဟာ ယခင်တပ်မတော် အစိုးရခေါင်းဆောင်တွေ အတွက်သော်လည်းကောင်း အချို့သော သူတွေအတွက်သော်လည်းကောင်း စိုးရိမ် စရာတစ်စုံတစ်ရာမရှိဘူးဆိုတဲ့သဘော ပေါ့နော်။ခုနကရှင်းပြခဲ့သလိုပေါ့နော်။ ဒီဖွဲ့ စည်းပုံ အခြေခံဥပဒေဆိုတာတိုင်းပြည်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကိုရှေးရှုပြီး ရေးဆွဲထား တာ၊ဒေါ်အောင်ဆန်း စုကြည် အတွက် ရေးဆွဲထားတာလည်းမဟုတ်ဘူး။ ဒီတော့ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ သမ္မတဖြစ် မှာ၊မဖြစ်မှာကိုဘာမှစိုးရိမ်စရာ လည်းမရှိဘူး။ စဉ်းစားရမှာကတော့ ကျွန်တော်တို့နိုင်ငံရဲ့ အချုပ်အခြာ ပိုင်ဆိုင်မှုကို ထိန်းသိမ်းရမယ်။ ဒါကိုပဲစဉ်းစားရ လိမ့်မယ်။ဟုတ်ကဲ့။အခုလိုဖြေကြားပေးတဲ့ အတွက် အဘ ကိုကျေးဇူးတင်ပါတယ်။
From:Hots New

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ထိုင်း-မြန်မာ အို-၇ နယ်စပ်တိုက်ပွဲ(၂၀၀၁)


အမြင့်မင်းသားရန်က လွတ်သော်လည်း ကံတရားကို မလွန်ဆန်နိုင်သော သာလွန်မင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>