Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အိန္ဒိယ မွတ်ဆလင် - ဟိန္ဒူ အဓိကရုဏ်း လူ ၂၃ ဦးသေဆုံး၊ စစ်တပ်က ထိန်းချုပ်ထား

$
0
0



Photo:

အိန္ဒိယနိုင်ငံတွင် လူဦးရေအများဆုံး ပြည်နယ် အူထရာပရာဒက်ရှ်တွင် ဘာသာရေးကို အခြေခံသောအုပ်စုဖွဲ့ အဓိကရုဏ်းများ ဖြစ်ပွားခဲ့လေရာ လူ ၂၃ ဦး သေဆုံးခဲ့ရပြီး နယ်မြေတည်ငြိမ်ရေး အတွက် အိန္ဒိယ စစ်တပ်က အဆိုပါဒေသကို ဝင်ရောက် တပ်စွဲကာ ထိန်းချုပ်ထားကြောင်း AFP သတင်းတစ်ရပ်က ဖော်ပြထားသည်။

အဓိကရုဏ်း အပြင်းထန်ဆုံး ဖြစ်သည့် မူဇက်ဖ်မာနာဂါခရိုင်တွင် ပြည်သူများက ရဲစခန်းအတွင်းတွင် ဝင်ရောက်နေထိုင်ရလျက် ရှိနေသည်။

"နောက်ဆုံးရရှိထားတဲ့ သတင်းတွေအရ ၂၃ ဦး သေဆုံးထားပါတယ်"ဟု ပြည်ထဲရေးဝန်ကြီးဌာနမှ အရာရှိတစ်ဦးက အမည်မဖော်ပြဘဲ AFP ကို အတည်ပြု ပြောကြားထားသည်။
"အခု တပ်မတော်လည်း ရောက်ရှိလာပြီမို့ အားလုံး ငြိမ်သက်သွားပါပြီ"ဟု အဆိုပါအရာရှိက ပြောကြားခဲ့သည်။

စစ်သည်အင်အား ရှစ်ရာခန့်ဖြင့် နယ်မြေတည်ငြိမ်ရေးကို စောင့်ကြပ်နေလျက်ရှိကြောင်း NDTV အိန္ဒိယပြည်တွင်း ရုပ်သံလိုင်းက ထုတ်လွှင့်ဖော်ပြသွားသည်။

အမျိုးသမီးတစ်ဦး လိင်ပိုင်းဆိုင်ရာ ထိပါးခံရခြင်းကို ထုတ်ဖော်ပြောကြား ဖွင့်ချသော ဟိန္ဒူအမျိုးသားသုံးဦး အသတ်ခံရသည့်ဖြစ်စဉ် ပြီးနောက် ထိုကိစ္စကိုတရား မျှတစွာ ဖြေရှင်းပေးပါရန် ဟိန္ဒူလယ်သ မား ထောင်ကျော်ခန့် ရွာတစ်ရွာတွင် စုဝေးခဲ့ကြရာမှ ယင်းသို့ လူမျိုးဘာသာရေး အဓိကရုဏ်းများ ဖြစ်ခဲ့ပြီး လူသေမှုများ ဖြစ်ခဲ့ရသည်။

ယင်းလယ်သမားများ နေရပ်သို့ ပြန်စဉ် တိုက်ခိုက်ခံခဲ့ကြရပြီးနောက် တန်ပြန်တိုက်ခိုက်မှု များ ပြင်း ထန်စွာဖြစ်ပေါ်လာခြင်း ဖြစ်သည်။

ဟိန္ဒူနှင့်မွတ်ဆလင် တို့အကြား အပြန်အလှန်တိုက်ခိုက်မှုများ နီးစပ်ရာ ကျေးရွာ များတွင် ဖြစ်ပွား ခဲ့ပြီးနောက် အခြေအနေကို ထိန်းရန် စစ်တပ်က ဝင်ရောက်လာခြင်း ဖြစ်သည်။

အူထရာပရာဒက်ရှ် ပြည်နယ်သည် လူဦးရေ သန်း၂၀၀ ရှိပြီး ၁၉၉၂ ခုနှစ် ကလည်းတစ်ကြိမ် ဟိန္ဒူလူအုပ်ကြီးက ဗလီဝတ်ကျောင်းကို မီးရှို့ခဲ့ပြီးနောက် အဓိကရုဏ်း ဖြစ်ပွားခဲ့ဖူးသည်။
 
From: the voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


လုလုအောင် HD အသစ်


TTA Oreo Gapp Installer


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈


မနောမယအိမ်ခြံမြေရောင်းနည်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


MPT ဆင်းကတ်ရောင်းချသော ဖုန်းဆိုင်မှ လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများ...


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


Burmese to English Dictionary (Unicode)


စနေမင်း နှင့် တနင်္ဂနွေမင်း


ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


မအေးသောင်းတို့ညီအမ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>