Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကြေးနီစီမံကိန်း လျော်ကြေးငွေ သုံးရက်အတွင်း ရွာ ၉ ရွာထုတ်ယူ

$
0
0

လက်ပံတောင်းတောင်ဒေသမှာ တောင်သူတွေဆုံးရှုံးခဲ့တဲ့ လယ်မြေတွေအတွက် လျော်ကြေးငွေတွေ ထုတ်ပေးနေ ရာမှာ သုံးရက်အတွင်း ရွာ ၉ ရွာက တောင်သူတွေ လာရောက်ထုတ်ယူခဲ့ကြပေမယ့် ကျန်တဲ့ ရွာ ၁၇ ရွာက တောင်သူတွေကတော့ အခြေအနေ ကို စောင့်ကြည့်နေကြ ဆဲဖြစ်တယ် လို့ ဒေသ ခံတွေက ပြောပါတယ်။

ဝမ်ပေါင်ကုမ္ပဏီက သိမ်းထားတဲ့ လယ်မြေတွေအတွက် ကျပ်ငွေသိန်းပေါင်း ၄သောင်း ၆ထောင်ကျော်   လျော်ကြေးပေး မယ်လို့ ကြေညာခဲ့တဲ့နောက်၊ မတ်လ ၁၅ရက်နေ့ ကစပြီး လျော်ကြေးငွေတွေ ထုတ်ပေးနေတာဖြစ်ပါတယ်။

လျော်ကြေးရယူခဲ့ကြတဲ့ရွာတွေဟာ လက်ပံတောင်းတောင်အစီရင်ခံစာ အကောင်အထည်ဖေါ်ရေးကော် မတီ  က သွားရောက်ရှင်းလင်းခဲ့ပြီးဖြစ်တဲ့ ရွာတွေဖြစ်တယ်လို့ သိရပါတယ်။

လျော်ကြေးငွေမထုတ်သေးတဲ့ ရွာတွေကတော့ သူတို့အနေနဲ့ ကော်မတီဝင်တွေ လာရောက်ရှင်းပြ တာ ကို စောင့်နေကြတယ်လို့ ဆိုပါတယ်။ တုံရွာဟောင်းက မအေးနက် က အခုလို ပြောပါတယ်။

"စောင့်ကြည့်နေမယ်ဆိုတဲ့ သဘောပေါ့။ ပွင့်လင်းမြင်သာအောင် ဘာတွေချပြမလဲ။ လူမှုရေး၊ စီးပွားရေးကို ပိုကောင်းအောင် ဘာတွေလုပ်ပေးနိုင်မလဲ၊ နောင်လာနောက်သားသမီးတွေအတွက် ဘာလုပ်ပေးနိုင်မလဲ ဆိုတာ ကို သူတို့ဆွေးနွေးတဲ့အချိန်မှာ ကျွန်မတို့လဲ ပြန်ဆွေးနွေးရမှာပေါ့"

လက်ပံတောင်းတောင် မြောက်ဘက်တောင်ခြေနဲ့ အနီးဆုံးဖြစ်တဲ့ ကျော်ရွာက၊ လယ်မြေအသိမ်းခံရသူ ၇၀ ရှိတဲ့အနက် ၅၀ က လျော်ကြေးငွေယူလိုက်ပါတယ်။

လျော်ကြေးယူလိုက်သူတွေရဲ့ ယာမြေတွေဟာ ကြေးနီမိုင်းက မြေစာတွေပုံထားတဲ့လယ်မြေတွေဖြစ်သလို တချို့ ကျင်းတွေတူးထားပြီးတဲ့ မြေတွေဖြစ်တာကြောင့် လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တော့တဲ့ လယ်မြေတွေဖြစ် တယ်လို့ ဒေသခံတွေက ပြောပါတယ်။

အလားတူတခြားရွာတွေမှာလည်း လျော်ကြေးငွေ လက်ခံသူအများစုဟာ အသိမ်းခံမြေတွေမှာ လုပ်ကိုင် စားသောက် လို့မရအောင် ပျက်စီးနေပြီဖြစ်တဲ့ အတွက် လျော်ကြးလက်ခံခဲ့ကြ တယ် လို့ ကျော်ရွာသား ဦးကိုနိုင်က ပြောပါတယ်။

ပြန်လည်လုပ်ကိုင်စားသောက်ဖို့ မဖြစ်နိုင်တဲ့ယာမြေအတွက် တဧကကို ကျပ်ငွေ ၁၀သိန်း ရတာကြောင့်   လျော်ကြေးငွေယူလိုက်တယ်လို့ ကျော်ရွာသားတဦးကပြောပါတယ်။

From:rfa


www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>