Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိုးကြိုးပစ် စံပြကျေးရွာ NLD ပါတီ ဆိုင်းဘုတ်အား မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ နှင့်အဖွဲ့မှ ဖြုတ်ချ ဖျက်သိမ်း

$
0
0

စက်တင်ဘာလ ၅ ရက်နေ့ ညနေ ၆ နာရီတွင် ပြင်ဦးလွင် မြို့နယ်၊ ရပ်ကွက်ကြီး (၂၀) မိုးကြိုးပစ် စံပြကျေးရွာခအုပ်စု၊ မိုးကြိုးပစ် ရွာမ ကျေးရွာရှိ ဦးကျော်ကျော်စိုး (ခ)နေမျိုးကျော်စိုး (ဗိုလ်ကြီး -ငြိမ်း) ၏ နေအိမ်တွင် ဖွင့်လှစ် ထားသော NLD ပါတီ ရပ်/ကျေး ပါတီရုံး ဆိုင်းဘုတ်အား ပြင်ဦးလွင်မြို့နယ်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်၊ မြို့နယ် NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်သီဟ ခေါင်းဆောင်သော NLD ပါတီဝင် (၂၅)ဦးခန့်မှ လူအင်အားသုံး၍ ဖြုတ်ချ ခဲ့ကြောင်း သိရပါတယ်။

ထိုကဲ့သို့ NLD ပါတီရုံး ဆိုင်းဘုတ်အား ဖြုတ်ချ ရခြင်းမှာ မိုးကြိုးပစ် စံပြကျေးရွာ အုပ်စု NLD ပါတီ ဥက္ကဋ္ဌ ဦးကျော်ကျော်စိုး (ခ)နေမျိုးကျော်စိုးသည် ပါတီ၏ မူဝါဒများ၊ စည်းမျဉ်း စည်းကမ်း များကို လိုက်နာခြင်း မရှိဘဲ ၄င်း သဘော ဆန္ဒဖြင့် ဆောင်ရွက်နေမှု ကြောင့် (ဥပမာ-မြေယာ အရှုပ် အရှင်း ကိစ္စများတွင် NLD ပါတီမှ ဆောင်ရွက် ပေးမည်ဟု ဆိုကာ ငွေကြေး ရယူခြင်း) ဦးကျော်ကျော်စိုး (ခ)နေမျိုးကျော်စိုးအား NLD ပါတီဝင် အဖြစ်မှ ထုတ်ပယ်ခြင်းနှင့် NLD ပါတီ ရုံးခန်းနှင့် NLD ပါတီ ဆိုင်းဘုတ် ဖြုတ်ချ ဖျက်သိမ်းခြင်းတို့ ဆောင်ရွက် ခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

From: Channelnewsmyanmar

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>