Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မြန်မာတို့ရဲ့ မှားယွင်းနေတဲ့ ဓလေ့စရိုက်များ

$
0
0
ကျွန်ုပ်တို့ ကမ္ဘာမြေကြီး ပေါ်တွင် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ၊ ရိုးရာပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ တည်ရှိ နေထိုင်ကြပါတယ်။


ဒါကြောင့် နိုင်ငံ တစ်နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း အစဉ်အလာတွေ မပျက်စီး၊ မယိုယွင်းဖို့က အဲ့ဒီနိုင်ငံရဲ့ နိုင်ငံသူ၊ နိုင်ငံသားတွေ အပေါ်မှာ မူတည် နေပါတယ်။ မိမိနိုင်ငံရဲ့ အမျိုးဂုဏ်၊  ဇာတိဂုဏ်ကို မိမိတို့ကသာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ အမေကျော် ဒွေးတော် လွမ်းဆိုသလို ကိုယ့်နိုင်ငံရဲ့ ရိုးရာ ယဉ်ကျေးမှု၊ ဓလေ့ထုံးထမ်း အစဉ်အလာတွေကို ဖျောက်ပြီး အခြား တိုင်းတစ်ပါးသားတွေရဲ့ ဓလေ့စရိုက်ကို လိုက်အတုခိုးနေမယ်၊ ကျင့်သုံးနေ မယ်ဆိုရင် အဲ့ဒီနိုင်ငံဟာ အခြားနိုင်ငံတွေရဲ့ ကဲ့ရဲ့ပြစ်တင်ဝေဖန်တာကို ခံရတတ်ပါတယ်။ ကိုယ့်ရိုးရာ ယဉ်ကျေးမှု မဟုတ်တဲ့ အတွက်လည်း ကိုယ့်လူမျိုး အချင်းချင်းတောင် ကဲ့ရဲ့တာ ခံရတတ်ပါတယ်။ သာဓက အနေနဲ့ ပြောရမယ် ဆိုရင်တော့ ဒေါင်းယောင်ဆောင်သော ကျီးနှင့်သွားပြီး ဆင်တူနေပါတယ်။ ဒေါင်းယောင်ဆောင် ထားတဲ့ကျီး ကို ဒေါင်းတို့က လည်း လက်မခံတဲ့ အပြင် သူ့အမျိုးဖြစ်တဲ့ ကျီးတွေကပါ လက်မခံဘဲ မောင်းထုတ်ခံရတဲ့ အခြေအနေမျိုးပါ။


ဒီနေရာမှာ ထိုင်းလူမျိုးတွေရဲ့အကြောင်းကို နည်းနည်းတော့ တင်ပြချင် ပါသေးတယ်။ အပျော်အပါး၊ အကအခုန်နဲ့ အသောက်အစား ၊ လောင်းကစား တွေကိုလည်း ခုံမင်မက်မောကြတယ်။ အနောက် နိုင်ငံကြီးတွေ အပေါ်မှာလည်း အထင်ကြီးတယ်၊ ယုံလွယ်တယ်၊ တကယ်တော့ သူတို့တွေဟာ တစ်ချိန်က ယဉ်ကျေးမှု အရှိဆုံး လူမျိုးတွေပါ။ ဒါပေမဲ့ အနောက် နိုင်ငံကြီးတွေရဲ့  လူမျိုးရေး ဝါးမျိုမှုကို အတုအယောင် မှားခဲ့တဲ့ အတွက် ဝါးမျို ခံလိုက်ရခြင်းပဲ ဖြစ်ပါတယ်။  ထိုနည်းတူစွာပဲ  ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ အကြောင်းကို ဆက်လက် တင်ပြချင် ပါသေးတယ်။

ယနေ့ခေတ် ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လူငယ်၊ လူရွယ်၊ ယောက်ျား၊ မိန်းမတွေ တော်တော်များများ ဟာလည်း အခြား နိုင်ငံတွေနဲ့ တိုင်းတစ်ပါးသား တွေရဲ့ မြှူဆွယ်မှု၊ လူမျိုး ရေးဝါးမျိုမှုကို ခံနေကြရပြီ ဖြစ်ပါတယ်။ အရင်ကဆို ကမ္ဘာမှာ မြန်မာဟေ့လို့တောင် တင်စား ခံခဲ့ရပါတယ်။ ဘာသာ တရားကို ကိုင်းရှိုင်းခြင်း၊ ရိုးရာ ယဉ်ကျေးမှု အမွေအနှစ် တွေကို စောင့်ထိန်းခြင်း၊ ကိုယ့်ထီး၊ ကိုယ့်နန်း၊ ကိုယ့်ကြဌန်း နှင့် ကိုယ်ပိုင် အချုပ်အခြာ အာဏာ ရှိသောကြောင့် ကမ္ဘာ့အလယ်မှာ မြန်မာဟာ တင့်တယ်ထည်ဝါ ခဲ့ပါတယ်။ ဒါပေမဲ့  ယနေ့ခေတ် မြန်မာလူမျိုးတွေရဲ့ ဝတ်စားဆင်ယင် ၊ နေထိုင် ပြုမူပုံတွေဟာ ကမ္ဘာက ကဲ့ရဲ့ပြစ်တင် ဝေဖန်စ ရာ ဖြစ်လာတာတွေ ကို တွေ့နေရ ပါ တယ်။ ရှေးမြန်မာ ဘုရင်များ လက်ထက်က ဆိုရင် မြန်မာလူမျိုးတွေရဲ့ ဝတ်စား ဆင်ယင် မှု၊ နေ ထိုင်ပြုမူ ပြောဆိုပုံတွေဟာ အလွန်တရာမှ ယဉ်ကျေး သိမ်မွေ့လှပါတယ်။ နူးညံ့ပျော့ပျောင်း လှပါပေတယ်။  ရှေးခေတ်မြန်မာ အမျိုးသမီးတွေဆိုရင် ဣနြေ္ဒရှိရတယ်။ ထဘီတို ရင်ဖုံးအင်္ကျီ တွေကိုပဲ ဝတ်ကြရတယ်။ ထဘီဝတ်ရင်တောင် ခြေမျက်စိ မပေါ်လွင်ရဘူး။ ခြေမျက်စိဖုံးအောင် ဝတ်ကြရတယ်။  ဘုရင့်သမီးတော်ပင် ဖြစ်လင့်ကစား ထဘီကို ခြေမျက်စိပေါ်အောင် ဝတ်တာ တွေ့ရပါက ချက်ချင်း သတ်ပစ်ခဲ့ပါတယ်။ ဒါကြောင့်လည်း ရှေးမြန်မာ အမျိုးသမီးများဟာ လွန်စွာမှ ကျက်သရေ ရှိလှပါတယ်။

ယနေ့ခေတ် မြန်မာ အမျိုးသမီးတွေကတော့ ခြေမျက်စိ ပေါ်ရုံတင်မက ဒူးပေါ်၊ ပေါင်ပေါ်ဖြစ်နေပြီ။ ဒါဟာ ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေနဲ့ အပ်စပ်တဲ့ ဝတ်စားဆင်ယင်မှုမျိုး မဟုတ်ပါဘူး။ အဲ့ဒီလို ဝတ်စား ဆင်ယင်မှုမျိုးကိုလည်း ဘယ်မိဘ၊  ဘိုးဘွား၊ ညီအစ်ကို မောင်နှမတွေကမှ လက်ခံကြမှာ မဟုတ်ပါဘူး။ ကြည်ဖြူကြ မှာမဟုတ်ပါဘူး။ မတတ်သာလို့   မာန်လျှော့ ထားရတာရှိသလို မပြောသာလို့ဘဲ လွှတ်ထားကြရတာပါ။  ယိုသူမရှက် ၊   မြင်သူရှက်ဆိုတဲ့ စကားလိုပေါ့။  ဟိုပေါ်  ဒီပေါ်ဝတ်တဲ့သူက မရှက်ဘဲ အဲ့ဒီ သမီးမိန်းကလေးတွေရဲ့ မိဘ၊ ဘိုးဘွား၊ ညီအစ်ကိုမောင်နှမ တွေကတော့ ရှက်မိကြမှာ အမှန်ပါပဲ။ သူတို့နေရာမှာ ကျွန်တော်သာ ဆိုလည်း ရှက်မိမှာပါပဲ။ ဘာဖြစ်လို့လဲ ဆိုတော့ မြန်မာ တစ်ယောက်ဖြစ်တဲ့ မြန်မာအမျိုးသမီး တစ်ဦးဟာ မျက်စိ ရှက်စရာကောင်းလောက်အောင် ဝတ်စားဆင်ယင် ထားလို့ပါပဲ။

ကိုရီးယား ဇာတ်လမ်းထဲက မင်းသမီးတွေ၊ ဇာတ်ဆောင်တွေ၊ ဇာတ်ပို့၊ ဇာတ်ရံတွေရဲ့ ဝတ်စားဆင်ယင်ပုံ၊ သွားတာ၊ လာတာ၊ နေတာ၊ ထိုင်တာတွေကို အတုခိုးပြီး သူတို့အတိုင်း  တစ်သဝေမတိမ်း လုပ်ဆောင်တော့တာပါပဲ။ ကိုရီးယား နိုင်ငံမှာ မိန်းမတွေ အရက်သောက်တာဟာ သူတို့ဓလေ့၊ သူတို့ထုံးစံ၊  သူတို့ ယဉ်ကျေးမှုတွေပါ။ ကျွန်တော်တို့ မြန်မာ အမျိုးသမီးတွေအနေနဲ့  လားလားမှ မသက်ဆိုင်ပါဘူး။ ဒါပေမဲ့ ယနေ့ခေတ် ကျွန်တော်တို့ မြန်မာ အမျိုးသမီး လူငယ် တော်တော်များများဟာ ပျော်ပွဲရွှင်ပွဲတွေ ရှိရင်လည်း အရက်သောက်၊ စိတ်ညစ်ရင်လည်း အရက်သောက်တတ် လာကြပါတယ်။

အဲ့ဒီလိုသောက်တတ်ကြတဲ့ အမျိုးသမီးငယ် တွေကို ပြန်ကြည့်မယ် ဆိုရင် ၉ တန်း၊ ၁ဝ တန်းနဲ့ တက္ကသိုလ် ကျောင်းသူတွေသာ အဖြစ်များ ကြပါတယ်။ သူတို့လေးတွေရဲ့ မိဘတွေဆိုရင်  ဘယ်လောက် ခံစားရမလဲ။ ဘယ်လောက်အထိ ပူဆွေးသောက ရောက်ရရှာမလဲ။ ပြီးတော့ဖြင့် ကိုယ်က မိန်းကလေး ယောက်ျားလေးလည်း မဟုတ်ပြန်ဘူး။ ကိုယ်အရက်မူးနေတဲ့ အချိန် သူယုတ်မာတွေရဲ့ အစော်ကား ခံရမှာကိုလည်း  မကြောက်ကြဘူးနဲ့ ထင်ပါရဲ့။ ကိုယ့်ရဲ့ ဂုဏ်သိက္ခာ၊ မိဘတွေရဲ့  ဂုဏ်သိက္ခာတွေကိုလည်း စောင့်ထိန်းရ ကောင်းမှန်းလည်း မသိကြတော့ပါဘူး။ ဒါဟာ တိုင်းပြည်အတွက် အင်မတန်မှလည်း နစ်နာစေပါတယ်။ တိုင်းပြည်ကို ပခုံးပြောင်း တာဝန်ယူ ထမ်းဆောင်ကြရမယ့်  အမျိုးကောင်း သမီးတွေလည်း ဆုံးရှုံးရပါတယ်။


ဤသို့အဖြစ်ဆိုးတွေနဲ့ ရင်ဆိုင်နေရခြင်းဟာ ကိုရီးယား လူမျိုးတွေရဲ့ ယဉ်ကျေးမှု အရ  ဝါးမျိုခြင်းကို မြန်မာ အမျိုးသမီးငယ်လေးတွေ အတုအယောင်တွေ မှားခဲ့ကြလို့ပါပဲ။

ကျွန်တော် ဆိုလိုချင်တာကတော့ လူဆိုတာ အမှားကိုသိရင် အမှန်ကို ပြင်ရမယ်။ ကိုယ်လုပ်တာ မှားနေတယ် ဆိုရင်လည်း အဲ့ဒီအမှားထဲက သင်ခန်းစာ ယူတတ်ရမယ်။ အဲ့ဒီလိုသင်ခန်းစာတွေ ယူတတ်မှလည်း အမျိုးကောင်း သမီးအလိမ္မာလေးတွေ ဖြစ်လာမှာ အမှန်ပါပဲ။ ယခုဆိုလျှင် ကျွန်တော်တို့ မြန်မာနိုင်ငံဟာ ဒီမိုကရေစီ ဖော်ဆောင်ရေး လုပ်ငန်းတွေ၊ တိုင်းပြည်ဖွံ့ဖြိုး တိုးတက်မှု လုပ်ငန်းတွေကို ကမ္ဘာနှင့်ယှဉ် ရင်ပေါင်တန်းပြီး လုပ်ဆောင် လာတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ခေတ်တွေ၊ စနစ်တွေ ပြောင်းလဲလာတာ ကိုလည်း မြင်တွေ့ နေကြရပါပြီ။ ဖွံ့ဖြိုး တိုးတက်မှုတွေ၊ ခေတ်တွေ၊ စနစ်တွေ ဘယ်လောက်ပဲ ပြောင်းလဲနေပါစေ မြန်မာဟာ မြန်မာပါပဲ။ မြန်မာလူမျိုး တွေရဲ့ အမျိုးဂုဏ်၊ ဇာတိဂုဏ်နဲ့  ယဉ်ကျေးမှု အမွေအနှစ်တွေ၊ အမျိုးသားရေး လက္ခဏာတွေ မပျောက်ပျက် စေဖို့က မြန်မာ တစ်မျိုးသားလုံးရဲ့ တာဝန် ဖြစ်ပါတယ်။

အမျိုးဂုဏ် ဆိုတာကတော့ မြန်မာတွေရဲ့ မျိုးရိုးကို ဆိုလိုခြင်း ဖြစ်တယ်။ ဒါကြောင့် ရှေးအစဉ်အဆက် ထိန်းသိမ်းခဲ့တဲ့ မြန်မာ့ အမွေအနှစ် ဖြစ်တဲ့ ဝတ်စား ဆင်ယင်မှုကို ထိန်းသိမ်း ကြရမှာဖြစ်ပါတယ်။ ဒါမှလည်း အမျိုးဂုဏ် တင့်တယ်မှာ ဖြစ်ပါတယ်။ ဇာတိဂုဏ် ဆိုတာကလည်း မိမိတို့ရဲ့ မွေးရပ်ဌာနေကို ဆိုလိုခြင်း ဖြစ်ပါတယ်။ အဲ့ဒီ မွေးရပ်ဌာနေ ဟာလည်း မြန်မာနိုင်ငံ ဖြစ်တဲ့အတွက် ဂုဏ်ယူစရာလည်း ကောင်းလှပါတယ်။

ထို့အပြင် ကမ္ဘာ့ နိုင်ငံကြီးများကပင် လေးစား ရလောက်အောင်၊ချီးမွမ်းရလောက်အောင် ယဉ်ကျေး သိမ်မွေ့၏၊ ဘုရား၊ တရား၊ သံဃာ၊ မိဘ၊ဆရာသမား တို့ကိုလည်း ကြည်ညို လေးစား၏၊ သနား ညှာတာတတ်၏ စတဲ့ယဉ်ကျေးမှု ဓလေ့စရိုက်တွေ ကိုလည်း စောင့်ထိန်း သွားရမှာဖြစ်သလို မြန်မာ တစ်မျိုးသားလုံး တိုင်းတစ်ပါးသားတွေရဲ့ လူမျိုးရေး အရ ဝါးမျိုမှုကို အတုမယူဘဲ မိမိတို့ နိုင်ငံရဲ့ယဉ်ကျေးမှုကို ထိန်းသိမ်း နိုင်ကြစေရန် ရည်ရွယ် ၍ ရေးသား တင်ပြအပ်ပါတယ်။ 

ကျွန်ုပ်တို့ ကမ္ဘာမြေကြီး ပေါ်တွင် နိုင်ငံပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံ၊ ရိုးရာပေါင်းစုံ၊ ဘာသာပေါင်းစုံတို့ တည်ရှိ နေထိုင်ကြပါတယ်။
From: Myawady

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>