Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စာနယ်ဇင်းကောင်စီ(ယာယီ) ဘာနဲ့ ထမင်းစားလဲ

$
0
0

တစ်လောက စာနယ်ဇင်း ကောင်စီ (ယာယီ) ကို သမ္မတ ကြီးက သိန်း၅၀၀ လှူဒါန်း ဆိုပြီး ထွက်
လာတယ်။ အဲ့ဒီမှာ သတင်းတွေ က ရှုပ်ကုန်ကြတယ်။  တဖက်ပိတ်တွေး တဲ့  သူတွေရဲ့  ဂွင် ထဲ
ရောက် သွားတယ်လို့ ပဲပြောရ မလားပဲ။ အကုန်လုံးကို စုံနေအောင်ရေးကြ   ၊ပြောကြနဲ့  ရှုပ်နေ
တာပဲ။ အဲဒီမှာ သေချာအောင်ရှင်း ထားတာ ကတော့ သမ္မတကြီးရဲ့ ကိုယ်ပိုင်ငွေ ထဲ က လှူတာ
မဟုတ်ဘဲ စာနယ်ဇင်းကောင်စီ(ယာယီ)ရဲ့ လိုအပ်နေတဲ့ အခက်အခဲတွေ ကိုေ အာင်ြ မင်အောင်
ဆောင်ရွက်နိုင်စေဖို့ နိုင်ငံတော်ပိုင် ဘတ်ဂျက်ငွေတွေ ထဲက လှူဒါန်းခြင်းဖြစ်တယ် ဆိုတာ ပါပဲ။
အဲ့ဒီလိုကိုယ် ထင်ရာဆွဲတွေး တတ် တဲ့ လူတွေ ထဲမှာလဲ နိုင်ငံရေး ဂုရု ဆိုသူတွေကော၊ စာရေး
ဆရာဆိုသူတွေပါပါလာတာတွေ့ ရတယ်။ နောက်ပြီးသမ္မတကြီးလှူလိုက်တဲ့ ငွေကို လက်ခံခဲ့တဲ့
စာနယ်ဇင်းကောင်စီ (ယာယီ) ကိုပါဝေဖန်မှုတွေပြုလုပ်နေကြတာတွေ့ ရတယ်။

အဲ့ဒီလိုဝေဖန်မှုတွေ ပြုလုပ်နေတဲ့ ဂရုကြီးတွေကို တချက်လောက် မေးစမ်း ကြည့် ချင်ပါသည်။
၈၈မျိုးဆက် ဆိုသော အဖွဲ့ ကော ဘာအလုပ်တွေ လုပ်ကိုင်  စားသောက်ပြီး  နိုင်ငံရေး လုပ်နေ
ကြသလဲဆိုတာပါပဲ။အစိုးရနှင့် ပြေလည်သော အဖွဲ့ များကို ခလောက် ဆန်နေကြသော ပုဂ္ဂိုလ်
ကျော်ကြီးများကိုလဲ နားမလည်နိုင်အောင်ဖြစ်မိပါသည်။ ယခုအချိန်ကာလသည် နေရာ တကာ
မှာအမျိုးမျိုးလိုက်လံဝေဖန်မည့်အစား မိမိတို့ ရည်မှန်းချက်၊ ဦးတည်ချက်ကို တစ်စည်း တစ်လုံး
တည်းလျှောက်လှမ်းရမည့် အချိန်ဖြစ်ပါသည်။နေရာတကာကန့်လိုက်တိုက်ကာအဖျက်သဘော
မျိုးပြုလုပ်နေကြလျှင်ဖြင့် တိုင်းပြည်၏ အနာဂတ်အတွက် ရင်လေးစရာပင်ဖြစ်ပါသည်။

၈၈ ကျောင်းသား သုံးဦး ပေါင်းပြီး ရေးဆွဲထားသည့် ပန်းချီလက်ရာများ ပါဝင် သော ဂစ်တာ တစ်လုံး ကို ကျပ်သိန်းပေါင်း ၅၈၈ သိန်း ဖြင့် Sky Net ရုပ်သံလိုင်းမှ အထွေထွေ မန်နေဂျာ ဦးဝင်းနို င် က ၀ယ်ယူခဲ့ပြီး ဂီတပညာရှင် အယောက် ၈ဝ ၏ဖြေဖျော်မှု၊ ၈၈ ကျောင်းသားေ ခါင်းဆောင် များ ထောင် ထဲ ရှိနေစဉ်အတွင်း ရေးစပ်ထားသော ကဗျာ ရွတ်ဆိုမှုများ ပါဝင်သည့် ကုသိုလ်ဖြစ် ပွဲတော်မှ စုစုေ ပါင်း ငွေကျပ် သိန်းပေါင်း ၃,၀၀၀ ကျော် လက်ခံရရှိခဲ့သည်။ ဒီအလှူငွေများအနက် ကျပ်သိန်းပေါင်း ၆ဝဝ ကို ရေေ ဘး ဒုက္ခသည်၊ လူမှုရေးဆိုင်ရာ အရေးအခင်း ဖြစ်လျက်ရှိတဲ့ ရခိုင်ဒေသ၊ ကချင်ပြည်နယ် စစ်ပြေး ဒုက္ခသည်များ အတွက် အသီးသီးလှူဒါန်းမည်ဟု ဆိုခဲ့သည်။

ထို့ပြင် ကိုမင်းကိုနိုင်ရရှိခဲ့သည့် ဆုတံဆိပ်များမှ  Gwangju Prize for Human Rights ဆုသည် ဆုကြေးအဖြစ်  ဒေါ်လာ ၅၀၀၀၀  ချီးမြှင့်လေ့ရှိသည်။ The Civil Courage Prize သည်   ဒေါ်လာ ၁၀၀၀ ဆုကြေးပါဝင်ပြီး The Student Peace Prize သည် စတာလင်ပေါင် ၅၀၀၀ ခန့်ရရှိသည်။ The John Humphrey Freedom Award  ကတော့ ကနေဒါဒေါ်လာ ၂၅၀၀၀ ခန့်ရရှိသည်။

အထက်ပါ ကိန်းဂဏန်များကို ကြည့်ပါက ၈၈ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် တက္က သိုလ် ကျောင်းသားဘ၀အဆုံးမှ ယနေ့ နာမည်ကြီး နိုင်ငံရေးသမားအထိ ပြင်ပတွင် ၄ နှစ် မျှသာ နေခဲ့ရသည်။ ထို ၄ နှစ်ကာလအတွင်းလည်း စီးပွားရေးလုပ်ချိန် မရခဲ့ပါ။ သို့သော် ဆုတံဆိပ်များမှ ရရှိငွေ သည် ခန့်မှန်းခြေ ဒေါ်လာ တစ်သိန်းအထက်တွင် ရှိပြီး ကျန်သည့် ရောင်းချမှုများ၊ လှူဒါန်း ကူညီမှုများမှ ရရှိငွေသည် ကျပ် သိန်း ၁၀၀၀ ခန့်ရှိသည်။ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုးကို တွက်ပါက ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်သည် ကချင်ပြည်နယ်သွားရောက်စဉ်အတွင်းနှင့် အခြား လမ်းကြောင်းများမှ တရားမ၀င် ရရှိနိုင်သည့် ငွေများမပါ  ငွေကျပ် သိန်း ၂ ထောင် ကျော် ပိုင်ဆိုင် ပါသည်။ထို့ ပြင်၈၈ငွေရတုပွဲမှရရှိသော ငွေကျပ်သိန်း ၁၈၃၆သိန်းမှာ လဲ မည်သည့် အလှူအတန်း လှုပ်ရှားမှုမျိုးမှ ထွက်၍ မလာသေးပေ။

ထို့ အတွက်ကြောင့် နိုင်ငံတော် သမ္မတမှ နိုင်ငံတော်ပိုင် ဘတ်ဂျက်ဖြင့် လှူတန်းသည့် ကိစ္စကို
ပြောနေမည့်အစားနိုင်ငံတော်ကို ခုတုန်းလုပ်ကာ လုပ်စားနေကြသောနိုင်ငံရေး သမားများအား
မြင်အောင်ကြည့်ကာတက်ညီလက်ညီဖြင့် ရှေ့ဆက်သွားကြမည်ဆိုလျှင်ဖြင့်နိုင်ငံတော်အတွက်
အကျိုးရှိမည်ဟု ထင်မြင်သုံးသပ်မိပါသည်။

မောင်သန့်စင်(စစ်တွေ)
 
From:OE

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>