Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နံပါတ်ပြား အနက်ရောင်ကား မသုံးရနေ့အား သတ်မှတ်လိုက်ပြီဖြစ်

$
0
0

လာမယ့် စက်တင်ဘာလ ၂၂ ရက်နေ့မှာ ရန်ကုန်မြို့မှာ ရှိတဲ့ အလုပ်ရုံ၊ စက်ရုံ၊ ကျောင်း၊ စက်မှုဇုန် ယာဉ်နံ ပါတ် အနက်များ အပါအ၀င် ကိုယ်ပိုင်မော်တော်ယာဉ်များ အားလုံးကို မနက် ၆ နာရီမှ ညနေ ၃ နာရီအထိ ကိုယ်ပိုင် မော်တော်ယာဉ်များ မသုံးရနေ့ အဖြစ် ပြီးခဲ့တဲ့ ရက်ပိုင်းက သတ်မှတ် လိုက်ပြီ ဖြစ်တယ်လို့ သိရ ပါတယ်။

အဆိုပါ ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့ကို မြန်မာနိုင်ငံမှာ ယခုအချိန်ထိ သတ်မှတ် ကျင်းပ သေးတာ မရှိသေးဘဲ တပ်မတော်မှာတော့ ကားမသုံးရနေ့ကို လွန်ခဲ့တဲ့နှစ် ၅၀ ကတည်းက သတ်မှတ်ပြီး လစဉ် တနင်္ဂနွေ နှစ်ရက်ကို သတ်မှတ် ထားရှိ ပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ကိုယ်ပိုင် မော်တော်ယာဉ် မသုံးရနေ့မှာ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ်ပြင်ပ မြို့နယ်များ မပါဝင်ဘဲ၊ ရန်ကုန်မြို့တော် စည်ပင် သာယာရေး နယ်နိမိတ် အတွင်းရှိ မြို့နယ်များသာ ပါဝင် တာ ဖြစ်တယ်လို့ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်စည်းကမ်း ထိန်းသိမ်းရေးနဲ့ ကြီးကြပ်မှု ကော်မတီမှ တာဝန် ရှိသူတွေရဲ့ ပြောပြချက် အရ သိပါတယ်။

အဆိုပါ စက်တင်ဘာလ ၂၂ ရက်နေ့ တနင်္ဂနွေနေ့ကို ကိုယ်ပိုင် မော်တော်ယာဉ် နံပါတ်အနက် ယာဉ်များ မသုံးရနေ့ဟု သတ်မှတ် ထားရှိရ တာဟာ ယာဉ်များ ပိုမိုများပြားလာခြင်း၊ နောက်ဆက်တွဲ ရလဒ် အဖြစ် လေထု ညစ်ညမ်းမှုများ ဖြစ်ပေါ်လာခြင်း၊ လမ်းလျှောက် သွားသူနဲ့ စက်ဘီးစီးသူများကို လည်း မြင့် တင်ပေးရာ ရောက်ခြင်း၊ အဆိုပါ နေ့မှာ ယာဉ်အန္တရာယ် ပိုကင်းပြီးစက်သုံးဆီ ချွေတာရာ ရောက်ခြင်း နဲ့ ပြည်ပနိုင်ငံ အသီးသီး မှာလည်း စက်တင်ဘာလ ၂၂ ရက်နေ့ကို ယာဉ်မသုံးရနေ့ အဖြစ် သတ်မှတ် ထားရှိတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
From:MRTV 4

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>