Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ပြည်ပထောက်ပံ့ငွေ အလွဲသုံးစားလုပ်ခဲ့မှုများ ဖွင့်ချ

$
0
0




နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) ကိုလက်ကျန်နိုင်ငံရေး အကျဉ်းသားစီစစ်   ရေးကော် မတီ မှထုတ်ပယ်ပေးရန် နိုင်ငံတော် သမ္မတထံ တင်ပြတောင်း ဆိုမည်ဖြစ်ကြောင်း ယမန်နေ့ က ပြုလုပ်သော နိုင်ငံရေး အကျဉ်းသားဟောင်းအင်အားစု(ယာယီ) စတင်ဖွဲ့စည်းခြင်း အခမ်းအနားတွ င် ၎င်းအဖွဲ့ဝင် ကိုရဲထွဋ်ခေါင်မှ ပြောသည်။

ထိုသို့တောင်းဆိုရခြင်းမှာ နိုင်ငံတကာအကူညီများကို AAPP (AssistanceAssociation for Political Prisoners)နေဖြင့် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို ထောက်ပံ့ရာတွင်ငွေစာရင်းကွာဟမှုများရှိနေကြောင်း ၎င်းကပြောဆိုပြီး ပွင့်လင်းမြင်သာမှုရှိအောင်  စာရင်းဇယား အတိအကျ ရှင်းလင်းပြရန်နှင့် စာရင်းကွာဟမှုများရှိနေပါကဥပဒေအရအရေးယူနိုင်ရန် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းမှ ရှင်းပြသည်။

“၁၂နှစ်တာကာလ အတွင်းမှာ AAPP အနေနဲ့ ငွေကြေးအလွဲသုံးစားလုပ်ခဲ့တာ မြန်မာငွေနဲ့ ကိန်းဂဏန်းပေါင်း  ရင်တောင်ပေါင်းလို့တောင် ရတော့မှာမဟုတ်ဘူး”ဟု ကိုရဲထွဋ်ခေါင်က မှတ်ချက်ပြု သည်။

ဆက်လက်၍ ၂၀၀၇ စက်တင်ဘာ သံဃာအရေးအခင်းတွင် ထောင်ဒဏ်ကျခံ ခဲ့ရသောကိုကြည်ဖြူ ကလည်း  AAPP အနေဖြင့် ငွေကြေးထောက်ပံ့ရာတွင်နာမည်မကြီးသော သာမန် နိုင်ငံရေးအ ကျဉ်းသားများကို ချန်လှပ်ထားလေ့ရှိကြောင်းနှင့် သူတွေ့ကြုံဖူးသမျှနိုင်ငံရေးအကျဉ်းသားများထဲတွင်လည်း AAPP ၏မူအတိုင်း  ရရှိကြသူများမှာ နာမည်ကြီး နိုင်ငံရေးအကျဉ်း သာများသာဖြစ်ကြောင်း ယခုလို ပြောသည်။

 “AAPP ဆိုတာ နာမည်ကြီးနိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးပါဗျာ”

ကိုရဲထွဋ်ခေါင်က AAPP ကိုတစ်ဖက်သတ် စွပ်စွဲပြောဆိုခြင်းမဟုတ်ကြောင်းနှင့် သူတို့ထံတွင်  နိုင်ငံရေး အကျဉ်းသားဟောင်း ၇၅၀ ခန့်၏ ထောက်ခံမှုကိုရရှိထားကြောင်း ပြောသည်။

AAPP ၏စာရင်းဇယားများတွင် စာရင်းအတုများသာရှိနေကြောင်းစွပ်စွဲလိုက်ပြီးတိုက်ဆိုင် စစ်ဆေးလျှင် အဖြေမှန်ထွက် လာရန်အတွက် ၎င်းတို့အဖွဲ့မှ ကြိုးစားဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထပ်မံရှင်းပြခဲ့ သည်။

ယခုအခမ်းအနားသို့ AAPP တာဝန်ရှိသူ ဦးဘိုကြည်နှင့် ဦးတိတ်နိုင်တို့ကိုဖိတ်ကြားထားသော် လည်းလာရောက်ခြ င်းမရှိကြောင်း ကိုရဲထွဋ်ခေါင်ကပြောသည်။

ဦးဘိုကြည်နှင့်ဦးတိတ်နိုင်တို့အား မော်ကွန်းမဂ္ဂဇင်းက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းရန်ကြိုးစားသော် လည်းဖုန်းပိတ် ထားပါ သည်ဟုသာ အလိုအလျောက်ပြန်လည်ဖြေကြားခဲ့သည်။

ထိုင်းနိုင်ငံအခြေစိုက် AAPP အဖွဲ့သည် မြန်မာ့နိုင်ငံရေးအကျဉ်းသားများကို၁၃နှစ်ကြာ ကူညီထောက်ပံ့ မှုများပြုလုပ်ပေးခဲ့ပြီး  ယခုနှစ် ဇန်န၀ါရီတွင် အစိုးရက ပြည်တွင်း သို့ဖိတ်ခေါ်ကာ လက်ကျန်နိုင်ငံရေး အကျဉ်း သားစီစစ်ရေးကော်မတီ တွင်ပါဝင်စေခဲ့သည်။       ။
 
 
From: YPI 
MEG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


လုလုအောင် HD အသစ်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


နောင်တော်ကြီးမင်း၏ နောက်ဆုံးည


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


နိဗ္ဗာန်ရွာမှ ပိတ်ဖြူ ကဲ့သို့ ဖြူ သော ဆင်ဖြူ တော်


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


TTA Oreo Gapp Installer


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


မြန်မာတွေ ရွှေဖျင်းညီနောင်ကို တစ်ကယ်ပူဇော်ကြသလား


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


.ပျောက်ကွယ်သွားသော အဟုန်နိုင်ငံတော်... ( ၁ )



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>