Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

"ဆန္ဒပြမယ်ဆိုလဲ ပြကြပါ" ဟု ဆိုသော ဦးဝင်းထိန်

$
0
0


မန္တလေးတိုင်းဒေသကြီး၊ မိတ်္ထီလာမြို့နယ်၊ ပြည်သူ့လွှတ် တော်ကိုယ်စားလှယ် ဦးဝင်းထိန် အား မြို့သူ/သားများက မကျေ နပ်၍ ဆန္ဒပြသူတွေကို NLD  က ကောင်တွေလို့ ပြောဆိုခြင်းသည် သူ့ရဲ့အကျင့်ဖြစ်နေကြောင်း မိတ်္ထီလာပြည်သူ့လွှတ်တော်ကိုယ် စားလှယ်ဦးဝင်းထိန်က ပြော သည်။

မိတ်္ထီလာမြို့သူမြို့သားများ နာရီ စင်တွင် စုပေါင်းကာ တော်ဝင် လမ်းဘေးအထိ ဆန္ဒပြမည့် အစီ အစဉ်နှင့်ပတ်သက်၍ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ် အမှုဆောင်ကော်မတီဝင် ဦးဝင်း ထိန်အား မေးမြန်းရာတွင်
““ကျွန် တော်က ပြောစရာရှိတာကို ဒဲ့ဒိုး ပြောတတ်လေ့ရှိတယ်။

 ဒီလိုပြော တာကို တချို့ကလည်း လက်မခံ ဘူး။ အထူးသဖြင့် ကင်တားနား အခု ပြန်ရောက်လာတဲ့အခါ ဒီလို ဖြစ်တာပဲ။ ကျွန်တော်ပြောချင် တာက ဦးရဲထွဋ်ဆိုတာလည်း ကျွန်တော်တို့လိုပါပဲ။ တပ်ကပါ။ အရင်အစိုးရတွေ အဆက်ဆက် ကလုပ်ခဲ့တဲ့ စိတ်နေသဘောထား စစ်တပ်မှာရှိတဲ့ပုံစံတွေ ရုန်းထွက် ကြဖို့ သူသူကိုယ်ကိုယ် မလွယ်ကြ ဘူးဗျ။ ကင်တားနားလာတယ် ဗျာ။ ည(၁၀)နာရီကျော်မှ လူတွေ ခေါ်တယ်။ ကင်တားနားနဲ့ ပတ် သက်ပြီး ကျွန်တော်တို့မှာတာဝန် ရှိပါတယ်ဆိုတာ သူမပြောရဲဘူး။ လူအုပ်ကြီးနဲ့ တွေ့တယ်။ အဲဒီ လူအုပ်က တချို့က လက်တွေ မြှောက်ထားပြီး ပြတယ်ဆိုတာက လက်သီးလက်မောင်းတန်းပြီးပြ ကြတာ။

ကင်တားနားကို အလို မရှိပေါ့ဗျာ။ သို့သော် ကားထဲမှာ နေတဲ့လူအတွက် ညလည်းဖြစ် ပြန် အလိုမရှိတာလည်းဖြစ်နေ တာဆိုတော့ စိုးရိမ်တာပေါ့ဗျာ။ သို့သော် ကင်တားနားအတွက် တာဝန်ရှိသူတွေ အုပ်ချုပ်ရေးမှူး တွေ မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲတွေ ည(၁၀)နာရီမှာ ကာဖြူး ထုတ်ထားတာ။အဲဒီလူတွေကို ဘာဖြစ်လို့ အပြင်ထွက်ခွင့်ပြုတာလဲ။ အပြင် ထွက်ပြီး ဆန္ဒပြုခွင့်ပြုတယ်ဆို ကတည်းက တာဝန်ရှိတဲ့လူတွေ ဟာ (၁) တာဝန်ပျက်ကွက်တာ ပဲ။ (၂) က သူတို့ကပဲ သဘောတူ နေသလား။ အဲဒါတော့ စဉ်းစား မရဘူး။ ကျွန်တော်ပြောတာက NLD ကကောင်တွေ (၈၈)က ကောင်တွေလို့ ပြောလိုက်တာက ကျွန်တော့်ရဲ့ အကျင့်ပါပဲ။

ကျွန် တော့်တူတွေ၊ တူမတွေ ၊  သား တွေ၊သမီးတွေလည်း ဟေ့ကောင် ပဲ သုံးတာပါဗျာ။ နောက်တစ်ခုက အရင်က ကျွန်တော်ပြောခဲ့တဲ့ စကား မိတ်္ထီလာမှာ လူတွေသေ ကြ ကျေကြ ပျက်စီးကြတော့ မိတ်္ထီလာသားဖြစ်ရတာ ရင်နာ တယ်ဆိုတာရယ် ပေါင်းပြီး ကျွန် တော့်အပေါ် စိတ်ကွက်ကြတာ ပါ။ တကယ်တော့ ဘယ်အရာကို မှ မပွင့်မလင်းမလုပ်ပါဘူး။ ဘယ် စကားပဲဖြစ်ဖြစ် ရိုးသားစွာနဲ့ပဲ ပြောတာပါ။ ဆန္ဒပြုမယ်ဆိုလည်း ပြကြပါ။ ဒါဟာ ဒီမိုကရေစီပဲ””ဟု ၎င်းအပေါ် ဆန္ဒပြမည့်ကိစ္စနှင့် ပတ်သက်ပြီး ပြောကြားသွားပါ သည်။


From: Hot News

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>