Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပထွေးဖြစ်သူရိုက်နှက်၍ သုံးနှစ်ကလေးသေဆုံး

$
0
0

နေပြည်တော် ဇမ္ဗူသီရိမြို့နယ် ဘောဂသိဒ္ဓိရပ်ကွက်(သပြေ-၂) အဆောင်ရှေ့ တောအုပ်အတွင်း တရားမဝင် နေထိုင် လျက်ရှိသော တဲစု၌ ပထွေးဖြစ်သူက မယားပါ သားဖြစ်သူကို ရိုက်နှက်ရာမှ သေဆုံးမှုဖြစ်ပွားကြောင်း သိရ သည်။ ဖြစ်စဉ်မှာ နေပြည်တော် ဇမ္ဗူသီရိ မြို့နယ် ခုတင်(၁၀၀၀)ဆေးရုံကြီးမှ ဩဂုတ် ၂၇ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် သေဆုံးသူ အသက် သုံးနှစ်အရွယ် ကလေးငယ်တွင် မသင်္ကာဖွယ်ရာ ဒဏ်ရာများ တွေ့ရှိ သဖြင့် ဓမ္မတာ အတိုင်း သေဆုံးခြင်းဟုတ်၊ မဟုတ် လာရောက်စစ်ဆေးပါရန် အမှတ်-၃ နယ်မြေရဲစခန်းသို့ အကြောင်းကြားသဖြင့် စခန်းမှူး ရဲအုပ်ထွန်းထွန်းဦးနှင့်အဖွဲ့သွား ရောက်စစ်ဆေးခဲ့ရာ ဓမ္မတာအတိုင်း သေဆုံးခြင်း မဟုတ်ကြောင်း စစ်ဆေး တွေ့ရှိခဲ့သည်။

သို့ဖြစ်၍ သေဆုံးသူမောင်ကောင်း ရာဇာ၏ မိခင် မသန်းသန်းမြင့်(ခ)အငယ်မ ဈေးရောင်းလုပ်ကိုင်သူနှင့် ပထွေးဖြစ်သူ စိုးသူ ဆိုင်ကယ် ကယ်ရီမောင်းနှင်သူတို့အား ခေါ်ယူ စစ်ဆေးရာ ပထွေးဖြစ်သူ ရိုက်နှက် ကိုင်ပေါက်၍ သတိ လစ်မေ့ မြောနေသော ကလေးငယ်အား အပူအပုပ်များပြီး တက်သွားသည်ဟု အကြောင်းပြ၍ ဆေးကုသမှုခံယူရန် ခုတင်(၁၀၀၀) ဆေးရုံသို့ ပို့ဆောင်စဉ်လမ်း၌ သေဆုံး မှုဖြစ်ပွားခဲ့သည်။

အဆိုပါသေဆုံးမှုနှင့် ပတ်သက်၍ မိခင်မသန်းသန်းမြင့်မှ သက်သေ လိမ်လည်ထွက်ဆိုသဖြင့်(အမှတ်-၃) နယ်မြေ ရဲစခန်း၏ သေမှုသေခင်း အမှတ် ၁/၂၀၁၃ အရ စခန်းမှူး ရဲအုပ် ထွန်းထွန်းဦးမှ အမှုလက်ခံ စစ်ဆေးခဲ့ရာ ပထွေးဖြစ်သူ စိုးသူ၏ဝန်ခံထွက်ဆိုချက်အရလည်းကောင်း၊ မိခင်မသန်းသန်းမြင့်၏ သက်သေအမှန် ထွက်ဆိုချက်အရ လည်းကောင်း ကလေးငယ်မှာ ဓမ္မတာအတိုင်းသေဆုံး ခြင်းမဟုတ်၍ပုဒ်မ ၃၀၂ သို့ပြောင်း လဲ စစ်ဆေးဆောင်ရွက်လျက် ရှိ ကြောင်း သိရသည်။

(ကျော်သူရ)

From: သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>