Quantcast
Viewing all articles
Browse latest Browse all 4837

အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးခြင်း မရှိ၍ ကေအိုင်အေ အပေါ်ဒေသခံ တို့စိတ်ပျက်


  ကချင်ပြည်နယ်အတွင်း နေထိုင်ကြသည့် ဒေသခံလူထုများအနေဖြင့် အစိုးရနဲ့KIA တပ်ဖွဲ့များ ဆွေးနွေးပွဲ ကျင်းပ ပြီးစီးခဲ့တဲ့ ရလဒ် အပေါ်မှာ ကျေနပ်အားရခြင်း မရှိကြဘဲ စိတ်ပျက်လျက်ရှိကြောင်း သိရှိရပါ သည်။ ဒေသခံများ မျှော်လင့်နေတာက တိကျပြတ်သား သည့် အပစ်အခတ်ရပ်စဲရေးဖြစ်ပါသည်။ တိုက်ပွဲ များ ကင်းစင်မှ ကချင်ပြည်နယ်မှာ နေထိုင်လုပ်ကိုင် စားသောက်ကြသည့်သူများ စိတ်ချမ်းသာ ကိုယ်ချမ်း သာရှိကြ မှာပါ။ ဒါကြောင့် ဆွေးနွေးပွဲပြီးတိုင်း အပစ်အခတ်ရပ်စဲ ရေးအတွက် တိကျတဲ့ သတ်မှတ်ချက်များ ထွက်ပေါ်လာလေ မလားလို့ ကချင်ပြည်နယ်လူထုများ မျှော်လင့် စောင့်စားခဲ့ကြ ပါသည်။ အခုဆိုရင် KIA/KIO အဖွဲ့နဲ့ နိုင်ငံတော် အစိုးရ ဆွေးနွေးနေတာ (၁၀)ကြိမ်ထက်မနည်းရှိခဲ့သော်လည်း လူထု များ မျှော်လင့် တောင့်တနေသည့် ငြိမ်းချမ်းရေးလမ်းစဉ်ကို မမြင်ကြ ရသေးကြောင်း   ဒေသခံများပြော ဆို နေကြ ပါသည်။

ကရင်ပြည်နယ်မှာ KNU အဖွဲ့နဲ့ ၂ခါ၃ခါလောက်ပဲ ဆွေးနွေးလိုက်သော်လည်း အပစ်အခတ်များ ရပ်စဲပြီး KNU စစ်ဦးစီး ချုပ်ကိုယ်တိုင် နိုင်ငံတော်သမ္မတနဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တွေ့ဆုံခဲ့ပြီး အခုဆိုရင် ကရင်ပြည်နယ် လူထု ကောင်းစားရေးလုပ်ငန်းများ လုပ်ကိုင်နေကြပြီဖြစ်ကြောင်း ကြားသိရပါ သည်။ ကချင်ပြည်န ယ်မှာလည်း ကချင်လူမျိုးများမှ ဒီလိုမျိုးဖြစ်စေချင်နေကြကြောင်း၊  ပြီးခဲသည့်   ပြည်ထောင် စုနေ့ကလည်း အခြားတိုင်းရင်းသားခေါင်းဆောင်များ အားလုံး နိုင်ငံတော်သမ္မတရဲ့ ဖိတ်ကြား ချ က် လက်ခံခဲ့ သော်လည်း KIA က လက်ခံခြင်းမရှိခဲ့ပါဘူး။

ဒီလိုမျိုးသဘောထားတင်းမာမှုများဟာ ကချင်ပြည်နယ် လူထုအတွက် အနုတ်လက္ခဏာတွေဖြစ်ကြောင်း ဒါကြောင့်လဲ အခုအခါ မှာတော့ ကချင်ပြည်နယ်မှာရှိကြသည့် တိုင်းရင်းသားများ အားလုံးက KIA အပေါ်ကျေနပ် အားရခြင်း မရှိကြောင်း သို့ပေမယ့် မည်သူမှ ပြောဆို ရဲခြင်းမရှိကြောင်း မြစ်ကြီးနား မှ ဒေသခံ များ ကပြောဆိုခဲ့ပါသည်။

From:ကချင်နေ့စဉ် သတင်း

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>