Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသော မြေယာများအတွက် မတ် ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက်အတွင်း တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်း ၅၆၀၀ နီးပါးပေးအပ်

$
0
0


လက်ပံတောင်းတောင် ကြေးနီစီမံကိန်းအတွက် သိမ်းယူထားသော

မြေယာများအ တွက် လျော်ကြေးငွေများကို မတ်လ ၁၆ ရက်နေ့မှ စတင်ပြီး ပေးအပ်လျက်ရှိရာ မတ်လ ၁၆ ရက်နှင့် ၁၇ ရက် နှစ်ရက် အတွင်း၌ လျော်ကြေးငွေ စုစုပေါင်း ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော်ကို

ပေးအပ်ခဲ့ပြီး ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်များအရ သိရသည်။


ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ အစီရင်ခံစာ ထွက်ပေါ်ပြီးနောက် ဖွဲ့စည်းခဲ့သည့် အစီရင်ခံစာ အကောင်အထည်ဖော်ရေး ကော်မတီသည် မတ်လ ၁၆ ရက်နေ့က ဆားလင်းကြီးမြို့နယ်သို့ ရောက်ရှိလာပြီး ယာမြေသိမ်းဆည်း ခံခဲ့ရသူများ အတွက်   လျော်ကြေးငွေများကို

ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


မတ်လ ၁၆ ရက်နေ့က ကျေးရွာငါးရွာမှ မြေသိမ်းခံတောင်သူ ၅၂ ဦးကို ငွေကျပ် ၂၂၄၆၇၆၀၀၀ အား ပေးအပ် ခဲ့ကြောင်း သိရသည်။ သိမ်းဆည်း မြေယာများ စိစစ်ရေးအဖွဲ့ အနေဖြင့် မတ်လ ၁၇ ရက်နေ့ တွင် တောင်သူ ၁၁၁ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း

၃၃၅၁ သိန်းကျော်ကို ထပ်မံပေးအပ်ခဲ့ရာ ၁၆ ရက်နှင့် ၁၇ ရက်နေ့

နှစ်ရက်အတွင်း တောင်သူ ၁၆၃ ဦးအား လျော်ကြေးငွေ ကျပ်သိန်းပေါင်း ၅၅၉၈ သိန်းကျော် ကို ပေးအပ် ခဲ့ပြီးဖြစ်ကြောင်း မတ်လ ၁၈ ရက်ည ၈ နာရီတွင် နိုင်ငံပိုင်ရုပ်သံမှ သတင်းထုတ်ပြန်ချက်များအရ သိရ သည်။


လက်ပံတောင်းတောင် ကြေးနီစီမံကိန်း စုံစမ်းစစ်ဆေးရေး ကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ ပြန်သွားပြီးနောက် တွင် စီမံကိန်း ဆက်လက်အကောင် အထည် ဖော်ဆောင်ရွက်ရန် အတွက် သမ္မတ ရုံးဝန်ကြီး ဦးလှထွန်း ဦးဆောင်သော အဖွဲ့သည် မတ်လ ၁၅ ရက်နေ့တွင် မုံရွာမြို့မှတစ်ဆင့် စီမံကိန်း နယ်မြေအတွင်းသို့ သွားရောက်လေ့လာခဲ့ပြီး ၁၆ ရက်နေ့၌ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးတွင် ညောင်ပင်ကြီး၊ ဖောင်းကား၊ ရွာရှည်၊

ကျော်ရွာ၊တောင်ပလူ၊ မိုးကြိုးပြင်ကျေးရွာများမှ တောင်သူများကို

လျော်ကြေးငွေများ ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။



From: Eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...