Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

၈၈ မှ ပေါက်ဖွားလာသည့် မျိုးဆက်များသည် တိုင်းပြည်၏ အနာဂတ်ကို ထုဆစ်နိုင်စွမ်းရှိဟုဆို

$
0
0

၈၈ မှ ပေါက်ဖွားလာသည့် မျိုးဆက်များသည် ပြည်တွင်း၊ ပြည်ပတို့၌ နိုင်ငံရေး ဖြတ်သန်းမှု အနှစ် ၂၀ ကျော် ရှိနေပြီ ဖြစ်သောကြောင့် တိုင်းပြည်၏ အနာဂတ်ကို ထုဆစ်နိုင်စွမ်းရှိဟု ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ ဦးမြအေးက ပြောကြားသည်။

သြဂုတ် ၃၁ ရက်က ရန်ကုန်မြို့ရှိ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်းရုံး၌ ကျင်းပသည့် ရှစ်လေးလုံး အရေးတော်ပုံ ငွေရတုအခမ်းအနား ကြေညာစာတမ်း အကောင်အထည်ဖော်ရေး ကော်မတီ ဖွဲ့စည်းရန် ဆွေးနွေးသည့် အခမ်းအနားတွင် ဦးမြအေးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

''၈၈ က ပေါက်ဖွားလာတဲ့ မျိုးဆက်တွေက တိုင်းပြည်ကို ပြောင်းလဲနိုင်စွမ်းရှိတယ် ဆိုတာ ကျွန်တော်ယုံတယ်။ ကျွန်တော်တို့ ညီအစ်ကိုတွေမှာ အဲလိုထုဆစ်နိုင်တဲ့ စွမ်းအားတွေ ရှိတယ်ဆိုတာ ကျွန်တော်ယုံကြည်တယ်။ ဒါကျွန်တော်ပြောတာ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး ပွင့်လင်းအဖွဲ့အစည်း တစ်ခုတည်းကို ပြောနေတာ မဟုတ်ပါဘူး။ ၈၈ ကနေ မွေးဖွားပေးလိုက်တဲ့ မျိုးဆက်တွေ အားလုံးကို ကျွန်တော်တို့ရဲ့ နောင်တော်တွေဖြစ်တဲ့ ၇၄ ၊ ၇၅၊ ၆၂ အကုန်လုံးကို ကျွန်တော် ယုံကြည်တယ်'' ဟု ဦးမြအေးက ပြောကြားသည်။

''၈၈ မျိုးဆက် ကျောင်းသားတွေဟာ ဒီနေ့ဒီအခါမှာ လူလတ်ပိုင်းတွေ ရောက်နေပြီ။ လူကြီးပိုင်းထဲကို ၀င်စပြုနေပြီ။ နိုင်ငံရေး ဖြတ်သန်းမှု အတွေ့အကြုံ ပြည်တွင်းမှာရော ပြည်ပမှာရော နှစ် ၂၀ ကျော်ခဲ့ပြီ။ အားလုံး နှစ် ၂၅ ရှိနေပြီ။ အဲဒီတော့ ကျွန်တော်တို့ ပြည်တွင်းမှာ အတွေ့အကြုံတွေ များသလို ကျွန်တော်တို့ ရဲ့ ညီအစ်ကိုတွေဟာ ပရော်ဖက်ဆာ ဖြစ်တဲ့သူတွေ အကဲဒမစ် ဖြစ်တဲ့သူတွေ အများကြီးရှိတယ်။ အဲဒါဆို အဲဒီအားနဲ့ ကျွန်တော်တို့ တိုင်းပြည်ကိုရှေ့ဆက် ထုဆစ်လို့ မရနိုင်ဘူး လားလို့ မေးချင်တယ်။ ရတယ်လို့ ကျွန်တော် ယုံကြည်တယ်'' ဟု ဦးမြအေးက ဆက်လက် ပြောကြားသည်။

ထိုသို့ လုပ်ဆောင်ရာတွင် တစ်ဦးနှင့်တစ်ဦး အပေါ်နှင့်အောက် ဆက်ဆံရေး မဟုတ်ဘဲ တစ်ယောက်နှင့် တစ်ယောက် အပြန်အလှန် လေးစားရန် လိုအပ်ကြောင်းနှင့် ၈၈ စိတ်ဓာတ်ကို အခြေခံပြီး လက်တွဲဆောင် ရွက်သွားရန် လိုအပ်ကြောင်း ၎င်းကဆိုသည်။

From: eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>