Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စတုထ္တမဏ္ဍိုင် အသုံးမကျမှုကို နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) သို့ တိုင်ကြားထား

$
0
0



သြဂုတ် ၂၇ ရက်က ဖြန့်ချိခဲ့သော Myanmar Newsweek ဂျာနယ်၏ အထူးအချပ်ပို (ဏ) ပြည်တွင်းသတင်း ကဏ္ဍတွင် ဖော်ပြခဲ့သည့် "အကြမ်းဖက်ဖောက်ခွဲရေးသမား သုံးဦးကို မြိတ်ကျွန်းစု၌ ဖမ်းဆီးရမိ"ဆိုသော ခေါင်းစဉ်နှင့်အတူ သတင်းဓာတ်ပုံတွင် အကြမ်းဖက်သမား သုံးဦးနှင့်အတူ ပူးတွဲဖော်ပြခြင်းခံခဲ့ရသည့် ကာယကံရှင်က နိုင်ငံတော်သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)သို့ တိုင်ကြားထားကြောင်း ကာယကံရှင်ဖြစ်သူ ကိုသီဟန်က The Daily Eleven သို့ သြဂုတ် ၃၁ ရက်က ပြောကြားသည်။

"ကျွန်တော့်ပုံကို အကြမ်းဖက်သမားဆိုပြီး ဂျာနယ်မှာ ဖော်ပြခဲ့တဲ့အတွက် သမ္မတရုံး အပါအ၀င် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ)ကို တိုင်ကြားထားပါတယ်"ဟု ကိုသီဟန်က ဆိုသည်။

ယင်းသတင်းဓာတ်ပုံမှာ လူမှုကွန်ရက်ဖြစ်သည့် Facebook စာမျက်နှာများတွင် ဖော်ပြထားသည်ကို Myanmar Newsweek ဂျာနယ်မှ သေချာမဆန်းစစ်ဘဲ ဂျာနယ်စာမျက်နှာတွင် ဖော်ပြအသုံးပြုခဲ့ခြင်း ဖြစ်သည်ဟု ယူဆရမိသည်ဟုလည်း ၎င်းကဆက်လက် ပြောကြားသည်။

"အွန်လိုင်းပေါ်က ပုံတစ်ပုံကို အယ်ဒီတာတွေက မရေရာမသေချာဘဲ ဒီလိုပရင့်စာမျက်နှာပေါ်မှာ သုံးလိုက်တဲ့အတွက် အရမ်းစိတ်ပျက်မိပါတယ်။ နောက်ပြီး ဖော်ပြတဲ့ သတင်းကလည်း သာမန်သတင်း မဟုတ်ဘူးလေ"ဟု ကိုသီဟန်က ဆိုသည်။

ယင်းကဲ့သို့ သတင်းဓာတ်ပုံဖော်ပြခဲ့မှုနှင့် ပတ်သက်၍ ဖြေရှင်းပေးရန် အဆိုပါ Myanmar Newsweek ဂျာနယ်တိုက်သို့ ၎င်း၏ရှေ့နေမှ တစ်ဆင့်ပြောထားပြီး ဂျာနယ်တိုက် ဘက်မှ ပြေ လည်အောင် ဖြေရှင်းပေး မည်ဟု ပြန်ပြောခဲ့သည်ဟု ကိုသီဟန်က ဆိုသည်။

ယင်းကဲ့သို့ ဂျာနယ်စာမျက်နှာပေါ်တွင် သတင်းဖော်ပြခံရပြီးနောက်တွင် ၎င်း၏လူမှုဘ၀မှာ လုံခြုံမှု မရှိသကဲ့သို့ ခံစားရပြီး လက်ရှိတွင် အလုပ်မှ ခွင့်ယူထားရပြီး အဆိုပါ သတင်းဓာတ်ပုံနှင့် ပတ်သက်ပြီး ဖြေရှင်းနေရကြောင်းလည်း ၎င်းကပြောကြားသည်။

"ခုဆိုရင် ကျွန်တော့်မှာ လုံခြုံမှုမရှိသလို ခံစားနေရတယ်။ အလုပ်ကလည်း ခွင့်ယူထားရတယ်။ လာသမျှ ဖုန်းတွေလည်း ဒိုင်ခံဖြေရှင်း နေရတယ်"ဟု ဆိုသည်။

Myanmar Newsweek ဂျာနယ်ဘက်မှ အဆိုပါကိစ္စအား ပြန်လည်တောင်းပန်ခြင်း မပြုပါက ရှေ့နေမှတဆင့် ဥပဒေကြောင်းအရ တရားစွဲဆိုသွားမည် ဖြစ်ကြောင်းလည်း ကာယကံရှင်က သြဂုတ် ၃၁ ရက် ညနေပိုင်းက The Daily Eleven သို့ ပြောကြားသည်။

Myanmar Newsweek ဂျာနယ် အယ်ဒီတာချုပ်ဖြစ်သူ ဦးဘုန်းကျော်က "အမှန်က ဒီသတင်းဓာတ်ပုံကို ဖြုတ်ခိုင်းထားပြီးသားပါ။ Layout သမားတွေ ပေါ့လျော့သွားလို့ ပါသွားတာပါ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး နောက်အပတ်ထွက်မယ့် ဂျာနယ်မှာ တောင်းပန်ကြောင်း ထည့်ပေးမှာပါ။ တောင်းပန်ဖို့လည်း အဆက်အသွယ် လုပ်နေပါတယ်။ အဆက်အသွယ် မရသေးဘူး"ဟု သြဂုတ် ၃၁ ရက် ညနေ ၆ နာရီက The Daily Eleven သို့ ပြောကြားခဲ့သည်။

From: eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒွေး တိမ်တွေ ငိုတဲ့ခဏ ၊ ဒွေး ၊ နန္ဒာလှိုင် ၊ တင့်တင့်ထွန်း ၊ အောင်လွင် ၊ ဆင်မ


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ခြေလျင်နှင့်ခြေမြန်တပ်ရင်းများကွာခြားပုံ


ကံမကောင်းရှာသော စကြာမင်းသားလေး


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


လုလုအောင် HD အသစ်


မတ်ပဲမျိုးများ၏ အရည်အချင်းလက္ခဏာများ


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...


အင်ဂျင်နီယာဆိုင်ရာစာအုပ်များ (၁၁ အုပ်)



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>