Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှားမှ သူငယ်ချင်း များနဲ့ မျိုးချစ်စိတ်ရှိ သူမြန်မာများသို့ ပန်ကြားချက်

$
0
0

 
အခုမလေးရှားမှာရှိနေကြတဲ့မြန်မာတွေအတွက် အခုချိန်ဟာ အင်မတန်မှ

အရေးကြီးပါတယ်။ကျနော်တို့ သတင်းတွေကို Like ပေးတာ၊မလုပ်တာက

အရေးမဟုတ်ပေးမဲ့၊သတင်းများကို အမြန်ဆုံးဖြန့် ပေးကြစေလိုပါတယ်ဗျာ။

ကျနော့်အနေနဲ့ လည်း တက်လာသမျှသတင်းတွေကို ရသလောက်တင်ပြီး

ပေးနေပါတယ်။ကိုယ်သိတာနဲ့ သူငယ်ချင်းတွေဆီကိုလည်းဖုန်းဆက်အကြောင်း

ကြားကြစေလိုပါတယ်။တစ်ချို့ မြန်မာတွေက ငါတို့ က ပတ်စ်ပိုစ့်နဲ့ ပါ၊ငါတို့ နေရာ

ဘာဖြစ်တယ်နဲ့ အေးဆေးပါဆိုသူတွေအတွက်တော့ဝမ်းနည်းပါတယ်။အခု

ဒီ အော်ပရာစီ အစီအစဉ်ဟာ မြန်မာတွေကိုအဓိကပစ်မှတ်ထားဖမ်းဆီးနေတာကို

သိရတဲ့အတွက် အထူးသတိထားစေလိုပါတယ်။အိမ်ရှေ့ တွေမှာ နိုင်ငံခြားသား

နေအိမ်မှန်းသိသာအောင် အကျီအဝတ်အစားတွေထုတ်လှန်းထားတာတို့ ၊

တဆူဆူတညံညံ၊ပြောဆိုအော်ဟစ်နေတာတို့ ၊တဖြုတ်ဖြုတ်ဝင်ထွက်သွားလာ

နေတာတို့ နဲ့ ၊လူအများအပြားနေအိမ်တွေကိုသွားလာတာတွေရှောင်ကျဉ်စေလိုပါတယ်။

တောတွင်း၊တောင်တွင်းနေသူများအနေနဲ့ လည်းမြို့ ပေါ်ကသူငယ်ချင်းတွေဆီ

အဆက်အသွယ်မပြတ်ဆက်သွယ်ထားဖို့ လိုပါလိမ့်မယ်။ညအချိန်အလှည့်ကျအိမ်ရှေ့ 

အိမ်နောက်ကြည့်ရူစောင့်ရှောက်တာတို့ နဲ့ အိမ်ပတ်ဝန်းကျင်သို့ အစိုးရဝန်ထမ်း

ကားသို့ မဟုတ် မသင်္ကာစရာကားတွေလာရောက်ကြည့်ရူပါက အထူးသတိထား

ကြပါ။အစစ်အဆေးဝင်တော့မယ်ဆိုရင် ပထမရှေ့ ပြေးအနေနဲ့ မီးသတ်ကားတွေ

သို့ မဟုတ် အစိုးရဌာနတစ်ခုခုမှကားများလာရောက်ပြီး ၄င်းပတ်ဝန်းကျင်ကိုစနည်းနာ

တတ်တဲ့အလေ့အထတွေရှိတတ်ပါတယ်။မီးများကိုမှောင်ထားဖို့ လည်းမမေ့ပါစေနဲ့ ။

မြို့ တွင်းနေသူများအနေနဲ့ အချိန်မရွေးဝင်ရောက်နိုင်သလို၊တောတွင်း နယ်ပြင်၌နေ

သူများအတွက် ညအချိန်ကအများဆုံးဝင်ရောက်နိုင်တဲ့အနေအထားဖြစ်ပါတယ်။

စက်ရုံတွင်နေသူများအဖို့  တစုံတရာအရေးကြီးလာပါက မိမိရှောင်ကြည်လွတ်မြောက်

နိုင်မယ့်နေရာအပေါက်တစ်ခုခုကိုကြိုတင်ပြီးကြည့်ထားပါ။အလှည့်ကျစနစ်နဲ့ လည်း

အပြင်ကိုမပြတ်တမ်းကြည့်ရူထားစေလိုပါတယ်။တစ်စုံတရာ ကားသံများဆူဆူညံညံ

နဲ့ မိမိပတ်ဝန်းကျင်သို့ လာရောက်သည်ကိုသတိထားမိပါက အဆောက်အအုံထဲမှာ

ပုန်းပြီးမရှောင်ရှားဘဲ အပြင်သို့ လွတ်နိုင်မဲ့နည်းလမ်းကိုရှာဖွေထားကြပါလို့ သတိ

ပေးနှိုးဆော်တိုက်တွန်းအပ်ပါတယ်။

သူငယ်ချင်းများအားလုံးဘေးရန်ကင်းကွာကြပါစေလို့ ဆုတောင်းမေတ္တပို့ သရင်း

By>>> Chit Thu Sky [ 1-9-2013 ]
hant Zin

တရားမဝင်နေထိုင်လျှက်ရှိသောမြန်မာနိုင်ငံသားများအားလုံး အောက်ပါအချက်များကို သတိပြုန်/

************
ယနေ့ရက်များသည် မလေးရှားရောက် မြန်များများ - အထူးသဖြင့် တရားမဝင် အလုပ်သမားများအတွက် သတိထားနေထိုင်ရမည့်ကာလဖြစ်သည် မှာအထူးပြောရန်မလို ။အမှန်သမားများအတွက်မူ ခိုင်မာ ၊ သေချာသော အထောက်အထားများ ကိုလက်တွင်ကိုင်ဆောင်ထားဖို့သာလိုသည် ။
ကျွန်တော်တို့ မှ အိုဗာစတေးသများကို အထူးအသိပေးလိုသည်မှာ အရမ်းကြောက်လန့်မနေစေရန် သတိပြုစေလိုသည် ။
အများနှင့်လုပ်ဆောင်သောအခြေအနေဖြစ်သောကြောင့်ကိုယ့်တိုင်အားကိုးပြီးနေထိုင်ရန်သာ လိုသည်။မိမိတို့ မိတ်ဆွေသူငယ်ချင်းများ၏ ဖုန်းနံပတ်များ နှင့် အားကိုးနိုင်သော မိတ်ဆွေသူငယ်ချင်းများကို အကူညီကြိုတောင်းထားရန် လိုသည် ။

အရေးကြီးပစ္စည်းများကို ကြိုတင်ပြင်ဆင် ထားကြရန်နှင့် အဖိုးတန်ပစ္စည်းများ ကို တတ်နိုင်သမျှ မဆောင်ထားဖို့ အကြံပြုသည် ။

အရေးပေါ်ငွေပမာဏ 500 ၊ မှ 1000 ဝန်းကျင်ခန့် စိတ်ချယုံကြည်ရသော မိတ်ဆွေထံတွင် အဆင်သင့်ဆောင်ထားရန်လိုသည် ။ ထိုငွေသည် မိမိအဖမ်းခံရပါက လေယာဉ်လက်မှတ်ဖိုး သို့မဟုတ် လိုအပ်သည့်နေရာတွင် အသုံးချရန်အတွက်ဖြစ်သည် ။
အိုဗာစတေးသမားများ၏ ကိုယ်တွင် အခြား မည်သည့်အဖိုးတန် ပစ္စည်း ၊ ငွေကြေးများ မဆောင်ထားရန် အထူးသတိပြုသင့်သည်/
/အပြင်ထွက်လည်ပတ်ခြင်း၊လမ်းသွားခြင်းတို့ကို ရှောင်နိုင်သလောက်ရှောင်စေလို
သည် ။

အိုဗာစတေးများစုနေသော နေရာများကို ရှောင်ရန်လိုသည် ။
6 P တွင် လက်ဗွေနှိပ်ထားပြီး ပါမစ်ထပ်မံ မလျှောက်သော စက်ရုံများရှိအလုပ်သမားများသတိပြုရန်အထူးလိုသည်။
မိမိယုံကြည်စိတ်ချရသော မိတ်ဆွေသူငယ်ချင်းများ ၊ မိမိတို့နှင့်သက်ဆိုင်သော အေးဂျင်းများ ၊ သူဌေးများကို အကြောင်းတစ်စုံတရာ ဖြစ်လာပါက တာဝန်ယူပေးရန် ကြိုတင်ညှိနှိုင်းထားသင့်သည် ။
အထူးသဖြင့် မည်သည့်အချိန်မဆို ခရီးသွားနိုင်ရန် ပြင်ဆင်ထားသင့်သည့်အချိန်ဖြစ်သည် ။

ဖမ်းခြင်းမဖမ်းခြင်းသည် မလေးရှားအစိုးရ၏ တာဝန်ဖြစ်သည် ။

အဖမ်းခံရခြင်းမခံရခြင်းသည်သာလျှင် ကျွန်တော်တို့လုပ်ဆောင်ရမည့် ကိစ္စ ဖြစ်သည် ။မလေးရှားတွင် ဖမ်းဆီးသည်မှာ အကြောင်းတစ်စုံတရာ မရှိပဲအချိန်မရွေးဖမ်းဆီးနေခဲ့ပြီးသည်ကို အားလုံးသိပြီးဖြစ်သည် ။

ကျွန်တော်တို့ မြန်မာနိုင်ငံသားအားလုံးအနေဖြင့် အခြေအနေအားလုံးကို ပါးနပ်တည်ငြိမ်စွာ ရင်ဆိုင်နိုင်ရန်အတွက် ကျွန်တော်တို့မလေးရှားရောက်မြန်မာများ Facebook စာမျက်နှာမှ အားပေး တိုက်တွန်းသည် ။

ကျွန်တော်တို့ကြိုတင်သိရသမျှအခြေအနေအားလုံးကို ရေးသားတင်ဆက်ပေးသွား မည်ဖြစ်သည် ။
 
From: Angle Black Angle

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


သာလွန်မင်းလက်ထက် အမြင့်မင်းသားအရေးတော်ပုံ


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>