မနက်က ကျနော် မဒီနဲ့အတူ ဈေးကို သွားခဲ့တယ်။ ကျနော်လည်း အိမ်မှာနေရင် ၀တ်နေကြ အင်္ကျီအဆိုး နဲ့သွားခဲ့ပြီး ဈေးထဲကို ၀င်တဲ့အချိန်မှာ ကျနော်က ပြင်မှာ ကျန်နေခဲ့တယ်။ မဒီက ဈေးထဲကို ၀င် သွားပြီးတော့ ကျနော်က အပြင်မှာ စောင့်ယင်း ဦးစပ်စုဆိုပါတော့။ ဈေးကိုသွားရင် ကျနော် စိတ်အ၀င်စား ဆုံးအရာက အလုပ်သမားတွေပါ။ ဟိုတုန်းကဆိုရင် စစ်တွေမြို့ရဲ့ မြို့မဈေးမှာ ဘင်္ဂလီကုလားတွေကိုပဲ အဓိက အခိုင်းအစေအဖြစ် အသုံးပြုခဲ့ကြတယ်။ အလုပ်သမားခေါ်လိုက်ရင် ကုလားတွေ က ခြေချင်း လိမ်နေကြ တ ယ်။ ၂၀၁၂ ခုနှစ် အရေးအခင်းဖြစ်ပြီးတော့ ကျနော်တို့ ရခိုင်တွေက စိုးရိမ်းခဲ့ကြ တယ်။ ဈေးထဲ မှာ အလုပ်သမားလိုအပ်ချက်အရ ဘင်္ဂလီကုလားတွေသာ မရှိရင် ဘယ်လို လည်ပတ်မ လဲပေါ့။ ဆိုင်ရှင် တစ်ဦးဆိုရင်
“အစတုန်းကတော့ ဒီကုလားတွေမရှိရင် ကျနော်တို့ ဆိုင်တွေ ခိုင်းဖို့ စေဖို့လူမရှိတဲ့အတွက် ပစ္စည်းအတင် အချ မှာ တော်တော် ဒုက္ခရောက်မယ်လို့ ထင်ခဲ့ပါတယ်။ အခုတော့ အထင်နဲ့ အမြင် တစ်လွဲစီ ဖြစ် သွားကြပြီလေ။ ရခိုင်ကောင်းလေးတွေက ခိုင်းရတာ ပိုတောင်းကောင်းသေး တယ်။ ပြော လိုက် တာနဲ့ကို သဘောပေါက်တယ်။ နားလည်တယ်။ တတ်လွယ်တယ်။ အခုတော့ အဆင်ပြေပါ တယ်ဗျာ”လို့ ပြောပြခဲ့ဖူးသည်။
စစ်တွေမြို့ရဲ့ မြို့မဈေးဆိုတာ ဆန်အိတ်တို့၊ ကြက်သွန်အိတ်တို့၊ ဆီပုံးတို့ဆိုတာ အလုပ်သမားမရှိရင် ကုန်တင် ကုန်ချဖို့မလွယ်ဘူးေ
“တစ်နေ့ကို အနည်းဆုံး ငါးထောင်ကျပ်လောက်ကတော့ အသာလေးပဲ အစ်ကို။ နယ်က လူတွေ လည်းရောက်မယ်၊ ရန်ကုန်ကနေ ပစ္စည်းတွေလည်း ရောက်တယ်ဆိုရင် သောင်းကျော်ပါတယ်။ အိမ်မှာတော့ သုံးယောက်လောက် အလုပ်လုပ်တယ်ဆိုရင် နှစ်ယောက်လုပ်စာကို စားပြီး တစ်ယောက် စာလောက်တော့ စုမိဆောင်းမိရှိပါတယ်”လို့ ပြောပြသည်။
ယခုအခြေအနေက ရခိုင်ပြည်နယ်မှာ အောက်ခြေအလုပ်သမား လူတန်းစား အဆင်ပြေ တယ်လို့ ယေဘုယျအားဖြင့် တွက်ချက်လို့ရပါတယ်။ ရွှေပန်းထိမ်းသမားတစ်ဦးကဆို
“ကျနော်တို့လည်း အရေးအခင်းပြီးရင် အလုပ်အဆင်မပြေလောက်တော့ဘူး။
“နားနားနေနေ နင်းရင်တောင် တစ်နေ့ကို ခုနှစ်ထောင်ကျပ်လောက်ကတော့ အသာလဲဗျာ။ နည်းနည်း အားစိုက်လိုက်ရင် သောင်းအထက်မှာ ရတယ်။”လို့ ပြောပြသည်။ ကျနော် ဦးလေး က ပြောပြဖူးသည်
“အခုမှ ပိုကောင်းတယ်သွားတယ်ကွာ။ ဆိုက္ကားစီးလိုက်တာနဲ့ ဘယ်လောက်လဲ ဆိုရင် နှစ်ရာ ကျပ်ပါလို့ ပြောရင်တောင် ဈေးမဆစ်ကြတော့ဘူး။ အလုပ်သမားတွေ ကို ခေါ်ခိုင်းရင် လည်း တော်ရုံ သင့်ရုံဆိုရင် ဈေးမဆစ်ကြတော့ဘူး။ ဘာဖြစ်လို့ဆိုရင် သူတို့လည်း ရခိုင်တွေပဲ၊ စားချင်းအတူတူ ရခိုင်တွေ စားပါစေဆိုတဲ့ အပေးအယူ အသိစိတ်ကလေးနဲ့အတူ နားလည်မှု ရသွားကြပြီး” လို့ ပြောဖူးသည်။ အဲဒီအလုပ်သမားတွေလက်ထဲကို ရောက်သွားတဲ့ ပိုက်ဆံတွေဆိုတာလည်း ရခိုင်လူထုကြားမှာပဲ ပြန်လည် ငွေကြေးလည်ပတ်တာပဲ မဟုတ်လား။ ရခိုင်တွေကား အပြန်အလှန်အားဖြင့် အပေးအယူတည်သွားကြပြီးလို့ ဈေးပေါက်ဝမှာ စဉ်စားနေမိသေးသည်။ စဉ်စားတုန်းပဲရှိသေးတယ်
“ အစ်ကို ဆိုင်ကယ်သွားမလား။ ကျနော် အဝေးပြေးကိုသွားချင်လို့” ကျနော်ပြန်ကြည့်လိုက်သည်။ လူက လူလတ်ပိုင်း အရွယ်။ သူအထင် ကျနော်ကို နှစ်ဘီးဆိုင်ကယ် မောင်းသည်ဟု ထင်နေသည့် ပုံစံမျိုးဖြစ် သည်။ ကျနော်လည်း မအားသေးဘူးအစ်ကို ရှေ့လူက ဆွဲထားတယ်။ နောက်တစ်ယောက်ရှာလိုက်ပါလိ
ဝေဟင်အောင်
www.mmdailystar.com