Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဥက္ကံတွင် ကောလာဟလထွက်ပေါ်ပြီး ကျောင်းများသို့ လူရာချီ သွားရောက်သဖြင့် လုံခြုံရေးတိုးမြှင့်

$
0
0


တိုက်ကြီးမြို့နယ် ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီကျော်က ဗုဒ္ဓဘာသာနှင့် ဘာသာခြားတို့ ရိုက်နေသည်ဟူသော ကောလာဟလ ထွက်ပေါ်ခဲ့သဖြင့် အဆိုပါမြို့ရှိ မူလတန်းကျောင်းနှင့် အထက်တန်းကျောင်းများသို့ လူရာချီစုဝေး ရောက်ရှိ ခဲ့သောကြောင့် လုံခြုံရေး တိုးမြှင့်ဖြေရှင်းခဲ့ရကြောင်း ကျောင်းသားမိဘများနှင့် မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ယင်းကဲ့သို့ ကောလာဟလများကြောင့် အထက်တန်းကျောင်းနှင့် မူလတန်းကျောင်းများတွင် စာသင်နေသော ကလေးငယ်များကို စိုးရိမ်ပူပန်သောကြောင့် ကျောင်းသားမိဘများက နေအိမ်များမှ လာရောက်ခေါ်ယူခဲ့ကြောင်း ကျောင်းသားမိဘတစ်ဦးက The Voice သို့ ပြောကြားသည်။

ဥက္ကံမြို့ အခြေခံပညာ အထက်တန်းကျောင်းတွင် သြဂုတ်လ ၃၀ ရက်နေ့ ၁၀ နာရီခန့်က ဒသမတန်းအခန်း D တွင် တက်ရောက် ပညာသင်ကြားနေသော ကျောင်းသားနှစ်ဦးက ကျပ်တစ်သောင်း လောင်းကြေးထပ်ကာ ၁၃ ပေခန့်မြင့်သော နှစ်ထပ်ကျောင်းဆောင်ပေါ်မှ ခုန်ချရန် သဘောတူပြီး ခုန်ချစဉ် ၎င်းတို့နှစ်ဦးအနက် အစ္စလာမ် ဘာသာဝင်ကျောင်းသား ခြေထောက်နာသွားသဖြင့် ဆေးခန်းသွားပြပြီးနောက် အဆိုပါ ကောလာဟလသတင်းများ ထွက်ပေါ်ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါကျောင်းမှ အထက်တန်းပြ ကျောင်းဆရာမတစ်ဦးက ရှင်းပြသည်။

တစ်ချိန်တည်းတွင် ဥက္ကံမြို့ရှိ မြို့မ (၁) ရပ်ကွက် အိုးဘိုတန်း ဘွက်ကုန်းနှင့် ဥက္ကံရွာမ ကျွန်းတောကုန်းတို့တွင် ဆိုင်ကယ်ပေါ်မှနေ၍ အော်ဟစ်ဆဲဆိုမှုများ တစ်ပြိုင်တည်း ပြုလုပ်ခဲ့ကြောင်း ဥက္ကံမြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) အလုပ်အမှုဆောင် ဦးမောင်မောင်ကြည်က ပြောကြားသည်။

“အခုလို နေရာအနှံ့ တစ်ချိန်တည်းမှာ ဆိုင်ကယ်တွေနဲ့ အော်ဟစ်ဆဲဆို သွားတာကို ကြည့်ခြင်းအားဖြင့် ဒါဟာ စနစ်တကျနဲ့ ကောလာဟလ ဖြန့် တယ်လို့ ကျွန်တော်တို့ကထင်တယ်” ဟု တိုက်ကြီးမြို့နယ် BG သွေးလှူရှင်အသင်း တာဝန်ခံ ဦးသက်ဦးက ပြောဆိုသည်။

ယင်းကဲ့သို့ လူစုလူဝေး ဖြစ်ပွားပြီးနောက် ဥက္ကံမြို့ရှိ အထက်တန်းကျောင်း တစ်ကျောင်းနှင့် မူလတန်းကျောင်းများတွင် ကျောင်းသားများကို ၎င်းတို့၏ မိဘများက လာရောက်ခေါ်ယူခဲ့၍ ကျောင်းများ ပိတ်ထားခဲ့ရကြောင်း ဥက္ကံမြို့ရှိ အထက်တန်းကျောင်းမှ နဝမတန်းပြ ကျောင်းဆရာမတစ်ဦးက ဆိုသည်။

ဥက္ကံမြို့အတွင်း ကောလာဟလ သတင်းများကြောင့် နေရာအနှံ့ လူစုလူဝေးများ ဖြစ်ပွားခဲ့သည်ကို တာဝန်ရှိသူများက အချိန်မီ ထိန်းသိမ်းနိုင်ခဲ့သဖြင့် မွန်းတည့် ၁၂ နာရီတွင် ပြန်လည် ငြိမ်သက်ကာ လူစုကွဲခဲ့ကြောင်း မြို့ခံတစ်ဦးက ရှင်းပြသည်။

ဧပြီလ ၃၀ ရက်က ဖြစ်ပွားခဲ့သော ပဋိပက္ခမျိုး ထပ်မံဖြစ်ပွားမည်ကို ဒေသခံများက စိုးရိမ်သဖြင့် အဝတ်အစားများကို ထုပ်ပိုးပြင်ဆင်ခြင်း၊ နေအိမ်လုံခြုံရေးအတွက် ပြင်ဆင်ခြင်းများကို လုပ်ဆောင်ခဲ့ကြောင်း ဒေသခံများက ဆိုသည်။

စာသင်ကျောင်းများ၊ ရပ်ကွက်များနှင့် လမ်းဆုံလမ်းခွများတွင် ရဲတပ်ဖွဲ့ ၄၀ ကျော်ဖြင့် လုံခြုံရေးများ တင်းကျပ်စွာ ချထားကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဥက္ကံမြို့ ကောလာဟလဂယက်သည် တိုက်ကြီးမြို့သို့ ကူးစက်ခဲ့ပြီး မွန်းလွဲ ၁ နာရီခွဲခန့်က တိုက်ကြီးမြို့ရှိ အထက်တန်းကျောင်းနှစ်ကျောင်းရှေ့တွင် ကျောင်းသားမိဘ ၁၀၀၀ ကျော်ခန့် ရောက်ရှိလာကာ ကျောင်းသား များကို အတန်းလိုက်ခွဲ၍ ပြန်လည် စေလွှတ်ခဲ့ပြီး ပြည်သူ့ရဲတပ်ဖွဲ့မှ လုံခြုံရေးချပေးခဲ့ကြောင်း တိုက်ကြီးမြို့မ ရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

အဆိုပါ ကောလာဟလ သတင်းများကြောင့် ဥက္ကံမြို့နှင့် တိုက်ကြီးမြို့နယ်တို့တွင် ရပ်ကွက်များအတွင်း ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ဒေသခံများ စုပေါင်း၍ လုံခြုံရေးများ ဆောင်ရွက်မည်ဖြစ်ကာ ကျေးရွာများတွင် တာဝန်ကျရဲများက လှည့်ကင်း၊ ဝပ်ကင်းများဖြင့် လုံခြုံရေး တိုးမြှင့်သွားမည်ဖြစ်ပြီး ဆိုင်ကယ်ဖြင့် အော်ဟစ်သူများကို စုံစမ်းလျက် ရှိကြောင်း အဆိုပါရဲစခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။


From: the voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>