Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မလေးရှားတွင် မြန်မာများကို စတင်ဖမ်းဆီးနေပါပြီ

$
0
0

ယနေ့ညနေ 6 နာရီင်္ခန့်က မလေးရှားနိုင်ငံ ဂျိုဟိုး ulu tiram ၊ Taman Perindustrian Cemerlang ရှိ Permenpronic Technologies Sdn. Bhd စက်ရုံအား ဝင်ရောက်ဖမ်းစီးမှုစတင်ကြောင်း စက်ရုံရှိ ပြန်လည် လွတ်မြောက်လာသူ မြန်မာနိုင်ငံသား တစ်ဦး၏ ပြောပြသတင်းပေးချက်အရ သိရသည် ။

ကမ္ဘောဒီးယား နိုင်ငံသားများ နှင့် မြန်မာနိုင်ငံသား စုစုပေါင်း 70 ကျော်ကိုဖမ်းဆီးသွားခဲ့ပြီး စက်ရုံရှိ တာဝန်ရှိသူများ နှင့် သူဌေးကိုပါ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်းသတင်းရရှိသည် ။

ုပြီးခဲ့သည့် 28.8.2013 စတားသတင်းစာမှ ကြော်ငြာချက်အရ လာမည့် တနင်္ဂနွေနေ့တွင်သာ စတင်ဖမ်းဆီးမည်ဟုကြော်ငြာထားခဲ့သော်လည်း ယခု ဂျိုဟိုးတွင် ညနေပိုင်းအတွင်း စက်ရုံများကို စတင်စစ်ဆေးသွားကြောင်းသိရသည်။

ဖမ်းဆီးခေါ်ဆောင်သွားသူများအတွက် အိမ်ပြန်ခွင့် ၊ ဟန်းဖုန်းများယူဆောင်ခွင့်ကိုပင်မပေးပဲ တရားဝင်စစ်ဆေးပြီးသည်နှင့် ကားဖြင့်တင်ဆောင်သွားကြောင်းကို ပြန်လည်လွတ်မြောက်လာသည့် မြန်မာနိုင်ငံသား၏ ပြောပြချက်အရ သိရှိရသည် ။

ယခုမလေးရှားအစိုးရ၏ ကြော်ငြာချက်အရ တရားမဝင်အလုပ်သများများ ရှိမည့် စက်ရုံ ၊ အလုပ်ရုံ ၊ ဆိုင်များကို ဝင်ရောက်ဖမ်းဆီးမည့် 3 လကြာ အော်ပရေးရင်းအား မလေးရှားရောက် မြန်မာများ စောင့်ကြည့်ရမည့်ကာလဖြစ်သည် ။

မလေးရှားရောက် မြန်မာနိုင်ငံသားများအားလုံး သိရှိစေရန် ကျွန်တော်တို့စာမျက်နှာက သတင်းရရှိသည်နှင့် တင်ဆက်ပေးနေမည်ဖြစ်ပြီး အခြားမည်သည့်နေရာဒေသမဆို ထူးခြားဖြစ်စဉ်များရှိခဲ့ပါက

www.facebook.com/mmrinmy (မလေးရှားရောက်မြန်မာများ) Facenook စာမျက်နှာတွင် လာရောက် အသိပေးကြပါရန် နှင့် ကျွန်တော်တို့မှ ဆက်လက် မျှဝေ ပေးသွားမည်ဖြစ်ကြောင်းကို မလေးရှားရောက်မြန်မာများသိရှိစေရန် ရေးသားတင်ဆက်ပေးရပါသည် ။

www.facebook.com/mmrinmy
မလေးရှားရောက်မြန်မာများ Facebook
www.edinooyin.com
မလေးရှာရောက် ဘဝခရီးသည်

From: Aung Myo Oo (Johor)

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>