Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သုံးပါတီပေါင်း၍ ကျောက်ပန်းတောင်းအရေး ဆောင်ရွက်မည်

$
0
0
နိုင်ငံတော်အစိုးရက ဆောင်ရွက်ရန် လိုအပ်နေသည့် ကျောက်ပန်းတောင်းမြို့နယ်ရေရှည် ဖွံ့ဖြိုးတိုး တက်ရေး လိုအပ်ချက်များကို အဖြေရှာနိုင်ရန်ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၊တိုင်း ရင်းသား စည်းလုံးညီညွတ်ရေး ပါတီတို့မှဒေသတွင်း ပရဟိတအဖွဲ့အ စည်းများ၊ ဒေသ ခံများနှင့် ပူးပေါင်းကာအလုပ်ရုံဆွေးနွေးတစ်ရပ်ကျင်းပခဲ့ကြောင်း သိရှိရသည်။
 ကျောက်ပန်းတောင်း ရေရှည်တိုးတက်ဖို့အတွက် ဒီမှာရှိတဲ့ ပရဟိတအဖွဲ့တွေနဲ့ပေါင်းပြီး အလုပ်ရုံ ဆွေးနွေးပွဲ လုပ်တာပါ။ ဒီကဆွေးနွေးတဲ့ရရှိချက်တွေကို သက်ဆိုင်ရာအာဏာ ပိုင်တွေနဲ့ ညှိုနှိုင်းဆောင် ရွက်မှုတွေ လုပ်ပြီး ရေရှည် တိုးတက်ဖို့အတွက်ဆောင်ရွက်မှုတွေပြုလုပ်သွားမှာပါဟု ကျောက် ပန်းတောင်းမြို့နယ် (NLD)ပါတီဝင် တစ်ဦးက ပြောသည်။
အဆိုပါ အလုပ်ရုံဆွေးနွေးပွဲကို ကျောက်ပန်းတောင်းမြို့၌ မတ်လ(၁၇)ရက်မှ (၁၈)ရက်နေ့ အထိ(၂)ရ က်ကြာ ကျင်းပနေခြင်းဖြစ်ပြီး အလုပ်ရုံဆွေးနွေးပွဲကို လူပုဂ္ဂိုလ်(၅၀)ခန့် တက်ရောက် ကာပုပ္ပါးတောင် ထိန်း သိမ်းရေး၊ ရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊၊ ပညာသင်ကျောင်းများ အဆင့်မြှင့်တင်ရေး၊ ကျန်းမာရေးဆေးပေး ခန်းများ၌ ဆေးဝါး အလုံအလောက် ရရှိရေး၊ ပျက်စီးနေသည့် လမ်းများကောင်းမွန်စေရေးနှင့် အမှိုက်သိမ်း ကားထားရှိရေး စသည့်ကိစ္စရပ်များအားဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။
အရင်တုန်းက မီးကို မနက်ပိုင်း(၃)နာရီတစ်ခါဖြတ်တယ်။ ညပိုင်းတစ်ခါဖြတ်တယ်။အခု (၁၀)တန်း စာပေး ပွဲ ရက်ကို ညပိုင်းမဖြတ်တော့ဘဲ နေ့ခင်းပိုင်းမှာ(၃)နာရီတစ်ခါ ဖြတ်တယ်။ ရေကတော့ မြို့ပေါ်မှာဆို ၀ယ် သုံး နေရတယ်။ ရွာတွေကိုဆိုရင်ပရဟိတအဖွဲ့တွေက ကားတွေနဲ့ သယ်ပြီးသွားလှူနေရတယ်။ မြို့ပေါ်မှာရှိ တဲ့ရေကောင်းထွက်တဲ့ စက်တွင်းတွေကနေ၀ယ်ပြီး ၀ယ်သုံးနေရတယ်။ မိုးခေါင်တော့ ဒီနှစ်ရေတအား ရှားတယ်ဟု ကျောက်ပန်းတောင်းမြို့နယ်   ဒေသခံတစ်ဦးက ပြောသည်။
ကျောက်ပန်းတောင်းမြို့နယ်အတွင်းရှိ ကျေးရွာများတွင် ရေရှားပါးလျက်ရှိပြီးပရဟိတ အဖွဲ့အစည်း များမှ ကျေးရွာများ အထိ   သွားရောက် ၍ ရေများလှူဒါန်း လျက်ရှိကြောင်း၊ ကျောက်ပန်းတောင်း မြို့နယ်တွင် အရပ်ဖက် လူ့အဖွဲ့အစည်းများပရဟိတအဖွဲ့အစည်း စုစုပေါင်း (၁၅)ဖွဲ့ခန့်ရှိကြောင်း သိရှိရသည်။
From:မြစ်မခ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


မနောမယအိမ်ခြံမြေရောင်းနည်း


ရဟန်းခံပြုလိုသော ပဏ္ဍက (ပဏ္ဍုက်)များသို့


MPT ဆင်းကတ်ရောင်းချသော ဖုန်းဆိုင်မှ လျှောက်ထားသူများ၏ မှတ်ပုံတင်မိတ္တူများ...


မြန်မာ ငါးဖမ်း စက်လှေကို ဘင်္ဂလားဒေ့ရှ် ရေတပ်မှ ဖမ်းဆီး ခေါ်ဆောင် သဖြင့် မြန်မာ့...


မအေးသောင်းတို့ညီအမ


♪ Prisma ပုံစံအတိုင်း ဗီဒီယိုရိုက်နိုင်တဲ့ အမိုက်စား app တစ်ခု ထွက်ပေါ်လာ ♫


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


Burmese to English Dictionary (Unicode)


စနေမင်း နှင့် တနင်္ဂနွေမင်း


ဇာဇာထက် ဘာကြောင့် ၀တ်လစ်စားလစ်ဓာတ်ပုံမော်ဒယ် ဖြစ်လာသလဲ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


TTA Oreo Gapp Installer


ကျွန်တော်သိသမျှ... သုတစာပေနှင့် ရသစာပေ၏အကြောင်း....


လုလုအောင် HD အသစ်


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ


သီရိဓမ္မာသောကမင်း တည်ထားခဲ့သော စေတီပေါင်း ၈၄၀၀၀မှ တစ်ဆူဖြစ်သော အလိုတော်ပေါက်ဘုရား


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


မာန် (တောင်လုံးပြန်) - ဆရာမင်းသစ်အင်တာဗျူး - ၈



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>