Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ယခုနှစ် ရန်ကုန်သင်္ကြန်တွင် မဏ္ဍပ်များကို မြန်မာ အမည်များသာ ပေးရမည်

$
0
0
ယခုနှစ် ရန်ကုန်သင်္ကြန်တွင် ဆောက်လုပ်မည့် မဏ္ဍပ်များကို မြန်မာ အမည်များသာ ပေးရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ သိရသည်။

မဏ္ဍပ် ဆောက်လုပ်မည့် သူများကို ယင်းကဲ့သို့ ညွှန်ကြားသွားမည်ဖြစ်ပြီး ညွန်ကြားချက်များ လိုက်နာမှု မရှိပါက ထိရောက်စွာ အရေးယူ မည်ဖြစ်ကြောင်း သိရသည်။

"ဒီနှစ် ရန်ကုန်သင်္ကြန်မှာ မြန်မာ့ယဉ်ကျေးမှုကို အထူးတလည် ထိန်းသိမ်းတင်းကျပ်မှုတွေ လုပ်မယ်။ လိုအပ်သလို အရေးယူမှုတွေပါ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

မြန်မာ့ရိုးရာ ယဉ်ကျေးမှုသင်္ကြန်မှာ မဏ္ဍပ်တွေရဲ့ နာမည်ကို မြန်မာနာမည်ပဲ ဖြစ်စေချင်တဲ့ဆန္ဒနဲ့ အခုလို လုပ်ရတာပါ" ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သင်္ကြန်ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများ လိုက်နာမှုမရှိသည့် မဏ္ဍပ်များကို စာရင်းပြုစု ကာ ခေါ်ယူသ တိပေးသွားမည်ဖြစ်ပြီး ပုဂ္ဂလိကမဏ္ဍပ်များတွင်လည်း မြန်မာ့ရိုးရာ ယဉ်ကျေးမှု သင်္ကြန် ယိမ်းအဖွဲ့များ မဖြစ်မနေ ပါဝင် ဖျော်ဖြေရမည်ဖြစ်ကြောင်း သိရသည်။

"သင်္ကြန်မဏ္ဍပ်တွေကို ယဉ်ကျေးမှု မပျောက်ပျက်အောင် ထိန်းသိမ်းဆောင်ရွက်ပေးတာ ကောင်းပါတယ်။

ယမန်နှစ်သင်္ကြန်တုန်းကဆိုရင်မဏ္ဍပ်တချို့ တော်တော်လေး နာမည်ပျက်သွားတယ်။ သရုပ်ပျက် ဝတ် စားတာတွေ အတွက်ကြောင့်ပေါ့။

ဒီနှစ်မှာတော့ ဒီလိုမဖြစ်အောင်လို့ မဏ္ဍပ်ဦးစီး ဦးဆောင် ပြုတဲ့သူတွေလဲ သတိထားမယ်လို့ ထင်ပါတယ်" ဟု ယမန်နှစ်က ကန်တော်ကြီး ပတ်လမ်းတွင် မဏ္ဍပ် တည်ဆောက်ခဲ့သူ ကိုဇေယျာမင်းက ပြောသည်။ ယခုအခါ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ခွင့် လျှောက်ထားသည့် ကိစ္စများကို စတင် လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

From:ဧရာဝတီ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>