Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အောက်စဖို့ဒ် တက္ကသိုလ် ဆွေးနွေးပွဲတွင် ဒေါ်စုအား ပြင်းထန်စွာ ဝေဖန်လိုက်ကြ

$
0
0

လက်ပံတောင်း အစီရင်ခံစာ ထွက်ပေါ် လာခဲ့ပြီးနောက်ပိုင်း ရက်အနည်းငယ်သည် အတိုက် အခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အတွက် ခက်ခဲ၍ အရေးကြီးသော သီတင်း ပတ် ဖြစ်သည်ဟု အချို့က ဆိုကြသည်။

မီဒီယာများ၊ နိုင်ငံတကာ အသိုင်းအဝိုင်းများ၊ ယခင်က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံခဲ့သူများ သာမက အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဝင်များ သည်ပင်လျှင် လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ်၍ ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ခဲ့သော စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ ရပ်တည်ချက် အပေါ် ပြင်းထန်စွာ ဝေဖန်စရာများ ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် သူ ငယ်ရွယ်စဉ်က ပညာ ဆည်းပူးခဲ့ဖူးသည့် အောက်စဖို့ဒ် တက္ကသိုလ်၌ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၂၀ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် အနာဂတ်   အောင်မြင်နိုင်ရေး လမ်းခရီးကို ဖြတ်သန်းရာတွင် လွယ်ကူလိမ့်မည် မဟုတ်ဟု ဆိုခဲ့ဖူးသည်။

ယခုအခါတွင်မူ ဒေါ်အောင်ဆန်းစုကြည် ပညာဆည်းပူးခဲ့သည့် ကျောင်းတော်ဟောင်း အောက်စဖို့ဒ် တက္ကသိုလ်မှ ပညာရှင်များကလည်း လက်ပံတောင်း ကြေးနီ စီမံကိန်းနှင့် ပတ်သတ် ၍ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ကော်မရှင်၏ ရပ်တည်ချက် အပေါ် ဝေဖန်လာကြသည်။

မတ်လ ၈ ရက်နေ့မှ ၁၀ ရက်နေ့ အထိ အောက်စဖို့ဒ် တက္ကသိုလ်တွင် ကျင်းပခဲ့သည့် ဒုတိယ အကြိမ်မြောက် အရှေ့တောင် အာရှ လေ့လာရေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ပတ်သတ်သည့် အကြောင်းအရာများက လွှမ်းမိုးခဲ့သည်ဟု Oxford Student အစီရင်ခံစာ တစောင်က ဆိုသည်။

မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲရေး အပေါ် အပြုသဘောဆောင်သည့် မီဒီယာ ဖော်ပြမှုများ ရှိသော်လည်း မြန်မာနိုင်ငံအတွင်း ဖွံ့ဖြိုး တိုးတက်မှုများနှင့် ပတ်သတ်၍ သံသယဖြင့်သာ ရှုမြင်သင့်ကာ စစ်မှန်သော အပြောင်းအလဲ ပေါ်ပေါက်ရေးအတွက် အခွင့်အလမ်း လွဲချော်နေဆဲ ဖြစ်သည်ဟု အရှေ့တောင်အာရှ သမိုင်းဆိုင်ရာ ဂုဏ်ထူးဆောင် ပုဂ္ဂိုလ် Dr. Peter Carey က ပြောဆိုခဲ့သည်ဟု သတင်းများက ဆိုကြသည်။

အစိုးရက ကချင်လက်နက်ကိုင် အဖွဲ့ကို တိုက်ခိုက်နေခဲ့သည့် ကိစ္စတွင် ဒေါ်အောင်ဆန်းစုကြည် က တောက်လျှောက် နှုတ်ဆိတ်နေခဲ့ခြင်းအပေါ် အထူးဝေဖန်ခဲ့ကြ သည်ဟု Oxford Student အစီရင်ခံစာက ဆိုသည်။ ထို့ပြင် လူ့အခွင့်အရေး ချိုးဖောက်မှု ကိစ္စရပ်များအပေါ် မဝေဖန်ခဲ့သောကြောင့် စိတ်ပိုင်းဆိုင်ရာ သြဇာညောင်းမှုကို ဆုံးရှုံးနေသည်ဟုလည်း ဆိုခဲ့သည်။

“မျှော်လင့်ချက်တွေဟာ နည်းပါးနေပါတယ်။ နောက်ပြီး ဒေါ်စုဟာလည်း ပြောသင့်တာတွေ ကို ပြောဖို့ လိုအပ် ပါတယ်” ဟု Dr. Carey က ဆိုသည်။

မြန်မာနိုင်ငံ အတွင်း ပြုပြင်ပြောင်းလဲမှုများသည် အမှန်တကယ် သဘာဝကျကျ တိုးတက်နေခြင်း ရှိမရှိကိုလည်း ဆွေးနွေးပွဲ တက်ရောက်သူများကို Oxford Student အဖွဲ့က မေးခွန်း ထုတ်ခဲ့သေးသည်။ Burma Campaign (UK) မှ အလုပ်အမှုဆောင် ဒါရိုက်တာ Anna Robert က “ရည်ရွယ်ချက်တွေဟာ ဒီမိုကရေစီ နည်းကျ ဦးတည် မောင်းနှင်ထားတာ မဟုတ်ပါဘူး” ဟု ဆိုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ ကိုယ်တိုင် ဖိတ်ကြားချက် အရ ယခုလနှောင်းပိုင်းတွင် မြန်မာနိုင်ငံသို့ သီတင်း နှစ်ပတ်ကြာ သွားရောက်လည်ပတ်ရန် ရွေးချယ်ခြင်း ခံထားရသည့် အောက်စဖို့ဒ် ကျောင်းသား ကိုယ်စားလှယ် အဖွဲ့က ထိုဆွေးနွေးပွဲကို ကျင်းပခဲ့ခြင်း ဖြစ်သည်။

From:Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


ဆေးစွမ်းထက်သော မြက်မုန်ညှင်းပင်


စိုးလွင် (၂၁၁) (၀မ်ခ) ● သူပုန်တို့ရဲ့ဌာနချုပ် မာနယ်ပလောကို ကာကွယ်စို့


Burmese to English Dictionary (Unicode)


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဒုတိယအကြိမ်မြောက် တာချီလိတ်မြို့နယ်လုံးဆိုင်ရာ ဆင့်ပွားဓမ္မစကူးလ်...


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


သာယာဝတီမင်း၏ နောက်ကွယ်မှ ရာဇ၀င်သမိုင်းဆိုးများ


တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် နှင့် ဇ နီး...


တပ်မတော်(ရေ)၏ Combined Fleet Exercise (Sea-Shield 2014)


မြန်အောင်မြို့နယ် အင်ပင်- ကနောင်လမ်း ရေတိုက်စား ပျက်စီး


ဆရာလွတ် အင်္ဂလိပ်စာရေးနည်း နှင့် Essay, Letter စာအုပ်


တားမြစ်ထားတဲ့ သီချင်းလေးတွေ...


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မကွေးတိုင်းအတွင်း တက္ကသိုလ်ဝင်စာမေးပွဲဖြေခွင့်တင်သူ ယခုနှစ်တွင် (၆,၀၀၀)ကျော်...


ဆင်ဖြူ ရှင်၏ ယိုးဒယားအောင်ပွဲ


မြန်မာတွေ ကြည့်ရှု အဆင်ပြေမယ့် ဇာတ်ကား ရိုက်ကူးတယ် ဆိုသူ စံရတီမိုးမြင့်


၂၀၁၅ ရွေးကောက်ပွဲ ကိုယ်စားလှယ်နေရာ ထွန်းအိန္ဒြာဗိုလ်ကို ကမ်းလှမ်းကြောင်း NLD...


အရှက်ကြီးသော မိဖုရားနှင့် ကျီစားသန်သော ဘုရင်



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>