Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အမတ်ဖြစ်ချင်နေပြီလား လင်းလင်း???

$
0
0

လင်းလင်းဆိုထားတဲ့သံမဏိလိပ်ပြာ တေးစီးရီးထဲက အိမ်မက်ထဲကစစ်သားကြီး ဆိုတဲ့ သီချင်းက
စစ်သားတွေကို စော်ကားထားတဲ့သီချင်းဆိုတာ ကျနော်လဲသူများပြောမှသိလို့ နားထောင်ကြည့်တယ်။
အရင်ကတော့ လင်းလင်းသီချင်းတွေ သိပ်နားမထောင်ဖြစ်ဘူး။
ဘာလို့ဆို အထင်မကြီးလို့ ။
ဘာလို့ အထင်မကြီးတာလဲဆိုရင် အကြောင်းသိတွေ ဖြစ်နေလို့ ပါ။
လင်းလင်းက စစ်သားတွေကို အမုန်းစာရင်းသွင်းနေတဲ့ သူဆိုလဲမမှားပါဘူး။ စစ်သားမှမဟုတ်ပါဘူး။
ရဲလဲ သူကကြည့်ရမှာမဟုတ်ဘူး။ ဘာလို့ လဲဆိုတော့ ရဲဆိုတာကလဲ
သူ့ ကိုဖဲဝိုင်းမိလို့ အချုပ်ထဲထည့်ခဲ့တာဆိုတော့ မုန်းမှာပေါ့။

အဆိုတော်မဖြစ်ခင် မန္တလေးက ၇၈လမ်း ၂၆လမ်းထောင့်က ရုံးကြီးထဲမှာ။
အဲ့တုန်းကတော့ အဲ့ဒီရုံးကြီးကပြောင်းခါစဆိုတော့ လူကသိပ်မရှိဘူး။ အဲ့ဒီမှာဖဲရိုက်တာ ရဲကသိသွားလို့ ဝင်ဖမ်းတော့ ပါသွားပါလေရော။
အဲ့တာနဲ့ မန္တလေး အမှတ်(၈)ရဲစခန်းကနေ အာမခံနဲ့ ပြန်ထွက်လာခဲ့ရတာ။

ကိုယ့်ဟာကိုယ်ဖဲရိုက်တာ ရဲက၀င်ဖမ်းရကောင်းလားဆိုပြီးသူစိတ်တော်တော်
တိုသွားတယ်။သူတင်မဟုတ်သေးဘူး။ ညီအကို၎ယောက်စလုံးကလဲ လူဆိုးတွေ။သူ့ အကိုအကြီးဆို ခိုးမှုနဲ့ ထောင်တွေဘာတွေလဲကျဖူးတယ်။ အဲ့တုန်းကတော့ ဒါမျိုးအဆိုတော်ဘယ်ဖြစ်သေးမလဲ။

မန္တလေးကအဆောင်တွေရှေ့ မှာ ဂစ်တာလိုက်တီးရုံအဆင့်ပဲရှိသေးတယ်။
ဖအေဖြစ်သူက ကုလား၊မအေဖြစ်သူ မြန်မာ။ သူ့ ကိုစင်တင်ပေးလိုက်တာက ကိုလေးဖြူတို့ ။ နောက်ပိုင်းတော့လဲ မျိုးမစစ်တို့ ရဲ့ 
သဘောသဘာဝအရ အကျင့်မကောင်းတော့ ကန်ထုတ်ခံလိုက်ရတာပါပဲ။

အရင်ကချစ်သုဝေနဲ့ လဲ ဘာလိုလိုညာလိုလိုနဲ့ ၂ယောက်ပေါင်းပြီး လက်ဖက်ရည်ဆိုင်တောင်ဖွင့်လိုက်သေးတယ်။ အဲ့တုန်းက သူ့ အကိုကိုလဲ မန်နေဂျာအဖြစ်ခေါ်ပြီး ခန့် လိုက်သေးတယ်။ အခုတော့ဘာလို့ လဲတော့မသိ။သူ့ အကိုလဲ မန္တလေးပြန်ရောက်နေပြီ။စောတီး...ပြောချင်တာကတခြား၊ပြောမိတာကတခြား နဲနဲများသွားတယ်။

ပြောချင်တာကတော့ လင်းလင်းဘာဖြစ်လို့ အဲ့လိုသီချင်းစပ်ပြီးဆိုရတာလဲဆိုတာပါပဲ။ ပြည်သူတွေရဲ့ တပ်မတော်အဖွဲ့ အစည်းအပေါ်အမြင်လွဲနေတဲ့ အပေါ်ကို အခွင့်ကောင်းယူပြီး လုပ်တဲ့လုပ်ရပ်တစ်ခုလို့ ပဲမြင်တယ်။

လင်းလင်းက NLD ပါတီမှာလည်း ထဲထဲဝင်ဝင်ပါဝင်ပတ်သတ်နေသလို ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရေးပေးမှုကိုလဲ ခံရသူလို့ သိရပါတယ်။ ဒါကြောင့် တပ်မတော်သားတွေကို ပြည်သူတွေ အထင်အမြင်လွဲအောင် ဖန်တီးခြင်းတစ်ရပ်လားလို့လဲ တွေးစရာဖြစ်နေပါတယ်။

ဒါကြောင့် လင်းလင်းအခုလိုလုပ်လိုက်တဲ့ လုပ်ရပ်အတွက် တပ်မတော်နှင့် NLDမှ ဒေါ်အောင်ဆန်းစုကြည်တို့ ရင်ကြားစေ့ရေးဆောင်ရွက်နေတာကို ထိခိုက်သွားနိုင်တယ်ဆိုတာ မထင်မိဘူးလား။မတွေးမိဘူးလား။ လင်းလင်းအပေါ်ကိုလည်း အများအမြင်မှာ လင်းလင်းကိုချစ်တဲ့ ပရိတ်သတ် တွေရဲ့အားပေးမှုကို အခွင့်ကောင်းယူပြီး ဒီလိုတပ်မတော်နဲ့ ပြည်သူလက်တွဲဖို့ ကြိုးပမ်းနေတဲ့အချိန်မှာ အဟန့့် အတားတစ်ခုဖြစ်အောင် လုပ်လိုက်သလိုပါပဲ။ လင်းလင်းကိုအားပေးနေတဲ့ပရိတ်သတ်ထဲမှာ တပ်မတော်သားတွေလည်း ပါလိမ့်မည်လို့ ထင်ပါတယ်။

ဒီလိုအနေထားမှာ လင်းလင်းသီချင်းဟာသူတို့ တွေရဲ့ နှလုံးသားကိုနာကျင်စေလိမ့်မယ်လို့ ထင်တယ်။
NLDက ဒေါ်စုဘေးမှာ နေရာရချင်တာလေးတစ်ခုထဲနဲ့ ဒါမျိုးတစ်ဖက်နဲ့ တစ်ဖက်အမုန်းပွားစေမယ့်ကိစ္စမျိုးကို ဖန်တီးတာတော့မကောင်းပါဘူး။


လင်းလင်းအနေနဲ့ ဇေယျာသော်လိုပဲ လွှတ်တော်အမတ်ဖြစ်ချင်လို့ လား။ ဒေါ်စုရဲ့ အရေးပေးမှုကိုပဲ ခံချင်လို့ လား?တပ်မတော်ကို အမြင်စောင်းနေကြတဲ့ ပြည်သူအချို့ ရဲ့ သူရဲကောင်းကြီး ဖြစ်ချင်လို့ လားဆိုတာကတော့ လင်းလင်းမှလွဲပြီး မည်သူမျှသိနိုင်မည် မဟုတ်ပေ။


From:မန္တလေးသား

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


စပါးရောဂါများ


မန္တလေးအကြမ်းဖက်ရမ်းကားမှုအတွင်းအပြစ်မဲ့ မွတ်စ် လင်မ် တစ်ဦး ရက်ရက် စက်စက်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


ရိုးရာမပျက် ဆင်ကာနွှဲ အာခါတိုင်းရင်းသားတို့ရဲ့ နှစ်သစ်ကူးပွဲ ( သတင်းဆောင်းပါး )


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


အမွေကိစ္စ အမြန် အဆင်ပြေစေသောယတြာ


ညီမဖြစ်သူကို ဦးလေးအရင်းမှ ..သားမယားကျင့်နေပုံကို မြင်တွေ့ခဲ့ရတဲ့အစ်မ...


Sao Kun Hoo (2012) 18+


ဗြိတိန်မှာ သံရုံးကြီးဆောက်မယ့်တရုတ်နဲ့ လုံခြုံရေးစိုးရိမ်ချက်တွေ


ပွဲကျောင်းသိုင်းပညာဆိုတာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>