Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

စတုတ္ထမဏ္ဍိုင် ဆိုတဲ့ ကြက်သတုံးတွေ ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိကြဘူး

$
0
0




Htoo Tay Zar ရဲ့ FB မှာ ကင်တားနားပြောတယ်ဆိုပြီး အခုလို တင်ထားတာတွေ့ရပါတယ်။ ဒါကို အွန်လိုင်းပေါ်မှာ ဆက်ဖြန့်ပြီး အစိုးရကို အပြစ်တင်နေတာလည်း သတိပြုမိပါတယ်။

×××× တစ်နေ့က အကို တစ်ယောက်တင်ထားတဲ့ Status လေးပါ share မရလို့ ဒီမှာ ကူးပြီးတင်လိုက်ပါတယ်... သေချာတာကတော့ ပွဲဖြစ်မြောက်ရေးအတွက် စပွန်ဆာလဲ ရှိတယ် အော်ဂနိုက်ဇာ လဲရှိတယ်ဆိုတာပါပဲ....

စတုတ္ထမဏ္ဍိုင် ဆိုတဲ့ ကြက်သတုံးတွေ ကျင့်ဝတ်ဆိုတာ ဘာမှန်းမသိကြဘူး။ ဟိုတစ်နေ့က လူ့အခွင့်အရေး ကိုယ်စားလှယ် ကင်တားနားနဲ့ တွေ့ခဲ့တဲ့ သူငယ်ချင်း တစ်ယောက်က ပြန်ပြောပြတယ်။ ကင်တားနား ဘုန်းကြီးနဲ့ တွေ့တာ အဝင်မှာရှိခိုး အထွက်မှာ ရှိခိုးပြီး ဘုန်းကြီးနဲ့ အတူတူ ရှိနေတဲ့ အချိန် တလျောက်လုံး မြန်မာတွေ ထိုင်သလို ထိုင်နေပေမယ့် ခြေထောက် ဟိုဘက် ဒီဘက် ပြောင်းတဲ့ အချိန်ကို အမိအရ ဓာတ်ပုံရိုက်ပြီး ဘုန်းကြီးရှေ့ မရိုမသေ ထိုင်သလို ပုံဖြစ်အောင် ဂျာနယ်ထဲထည့်တယ်။ အဲဒီပွဲကို အပြင်မီဒီယာတွေ တစ်ယောက်မှ ဝင်ခွင့်မရဘူး။ အစိုးရ မီဒီယာတွေပဲ ရှိတယ်။ အဲဒီတော့ ဒီဓာတ်ပုံကို အပြင်မီဒီယာတွေကို ပြန်ဖွတာ အစိုးရ မီဒီယာက ဓာတ်ပုံဆရာဆိုတာ သေချာတယ် တဲ့။ ×××

ဒီစကားကို ကင်တားနားက အမှန်တကယ်ပြော၊ မပြော မသိပါဘူး။ ဒါပေမယ့် အစိုးရ မီဒီယာက ဖွတယ်၊ အဲဒီပွဲကို အစိုးရမီဒီယာပဲ ၀င်ခွင့်ရတယ်ဆိုတဲ့ စကားကြောင့် ရခိုင်ပြည်နယ်သတင်းထုတ်ပြန်ရေးအဖွဲ့ကို အဲဒီပွဲမှာ ဘယ်မီဒီယာတွေလိုက်လာသလဲ လို့ စုံစမ်း ခဲ့ပါတယ်။

သူတို့ဆီက ရတဲ့သတင်းအရ အဲဒီအခမ်းအနားကို ပြန်ကြားရေး မီဒီယာသမားနှစ်ယောက်အပါအ၀င် ဌာနဆိုင်ရာက ဓာတ်ပုံ၊ ဗီဒီယိုသမား ၆ ဦး၊ ပြင်ပ မီဒီယာ သမား ၄ ဦး ၀င်ရောက်သတင်းယူခဲ့ကြောင်းသိရပါတယ်။ ဒါ့အပြင် အခြားသူများကလည်း မိုဘိုင်း ဖုန်းများကတဆင့် ဓာတ်ပုံရိုက်နိုင်ပါသေးတယ်။

ဒါ့ကြောင့် အထက်က စကားကို ကင်တားနားပြောတယ်ဆိုရင်တော့ အစိုးရမီဒီယာပဲ ၀င်ခွင့်ရှိ တယ်၊ အစိုးရမီဒီယာ က ပြန်ဖွတယ်ဆိုတဲ့ သူ့စကားက လုံးဝမှားယွင်းတယ်လို့ ပြောလိုပါတယ်။

ဒီတစ်နေ့လုံး မိတ္ထီလာကြောင်းပဲ မီဒီယာတွေကို ပြန်ရှင်းပြနေရပါတယ်။ ရှင်းပြချက်တွေက မီဒီယာတွေမှာ ပါပြီးနေလို့ အသေးစိတ်ပြန်မပြောလိုတော့ပါဘူး။ဒါပေမယ့် သူပြောသလို လူနှစ်ရာ လောက်က သူ့ကားကို ဝိုင်းပြီး ထုကြ၊ ကန်ကြ ( my car was descended upon by a crowd of around 200 people who proceeded to punch and kick the windows and doors of the car while shouting abuse) တယ်ဆိုရင် သူ့ကားမှာ ပိန်ချိုင့်သွားတာ၊ မှန်များ အက်သွားတာများရှိသလား၊ ရှိတယ်ဆိုရင် ပြပါလို့ ပဲ ပြောလိုပါတယ်။

အစိုးရနဲ့ ပတ်သက်ရင် ထစ်ကနဲရှိ ဆော်လိုက်မယ်ဆိုတဲ့ အွန်လိုင်း မီဒီယာများ ချင့်ချိန်နိုင်ဖို့ပါ။
From:Ye Htut ( ပြန်ကြားရေး ဒုဝန်ကြီး )

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...