Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဗုဒ္ဓဘာသာ မြန်မာမိန်းကလေးအား မွတ်ဆလင် မုဒိမ်းကျင့်သည့် ကိစ္စ အေဂျင်စီများအသင်းချုပ် သွားရောက် ညှိနှိုင်းမည်

$
0
0


မလေးရှားနိုင်ငံ ဂျိုဟိုးတွင် မုဒိမ်းကျင့်ခံရသူ မြန်မာအမျိုးသမီး အလုပ်သမားကိစ္စ ဆွေးနွေးညှိနှိုင်း ရန် အေဂျင် စီများ အသင်းချုပ်သည် သြဂုတ်လ ၂၆ ရက်နေ့တွင် မလေးရှားနိုင်ငံသို့ သွားရောက် မည် ဖြစ်ကြောင်း ယင်းအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းလှိုင်က ပြောကြားသည်။

ယင်းအမျိုးသမီးသည် လတ်တလောတွင် ဂျိုဟိုး ဘုန်းတော်ကြီးကျောင်းတွင် နေထိုင်လျက်ရှိပြီး ၎င်းမှာမြန်မာနိုင်ငံ သို့ ပြန်လာရန် ဆန္ဒမရှိသည့်အတွက် သူ၏သဘောအတိုင်း အဆင်ပြေစေရန် ညှိနှိုင်းဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။

“အလုပ်ပြောင်းမယ်ဆိုလည်း ပြောင်းပေးမယ်။ ကိုယ့်အလုပ်သမားတွေ ရသင့်ရထိုက်တဲ့ အခွင့်အရေးအ တွက် ကူညီဆောင်ရွက်ပေးသွားမှာပါ” ဟု အေဂျင်စီများအသင်းချုပ် ဥက္ကဋ္ဌက ပြောဆိုသည်။

ဂျိုဟိုးပြည်နယ်၊ Panasonic ဖုန်းထုတ်လုပ်သည့် Flairis Shd B hd စက်ရုံတွင် အလုပ်လုပ်ကိုင်နေသည့် အမျိုးသမီး အလုပ်သမားများ နေထိုင်သည့် အဆောင်ကို သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၁၀ နာရီခန့်က လူအုပ်စုလိုက် ဝင်ရောက်၍ အမျိုးသမီးတစ်ဦးကို ဖမ်းခေါ်မုဒိမ်းကျင့်ပြီး အဆောင်အနီး လမ်းမတွင် ပစ်ချခဲ့ကြောင်း မလေးရှားနိုင်ငံရောက် မြန်မာများထံမှ သိရသည်။

အဆိုပါပြစ်မှု ကျူးလွန်သူကို စုံစမ်းသိရှိပြီးဖြစ်ပြီး အရေးယူရန် ဆောင်ရွက်နေကြောင်း၊   မြန်မာအလုပ် သမား များ လုံခြုံရေးနှင့် အခွင့်ရေးကာကွယ် စောင့်ရှောက်ရေးအတွက် မလေးရှားနိုင်ငံဆိုင်ရာ သံအရာရှိ က ဆောင်ရွက်ပေးနေကြောင်း အလုပ်သမားညွှန်ကြားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးအောင် က ပြောကြားသည်။
 
From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>