Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကျောင်းဆရာမတဦးကို အနားပေးမှု ၈၈ အခမ်းအနားနှင့်မဆိုင်ဟုဆို

$
0
0
နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကျောင်းဆရာမတဦးကို မယူ မနေရ ပင်စင်ပေးလိုက်တာဟာ ၈၈ အခမ်းအနားတက်တာနဲ့ မဆိုင်ဘဲ တာဝန်ချိန် ပျက်ကွက်တာကြောင့်လို့ ပညာရေးဝန်ကြီးဌာန က ပြောပါတယ်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်အမှတ် ၅ အခြေခံပညာ အထက်တန်းကျောင်းက အလယ်တန်းပြဆရာမ   ဒေါ်စိုးစိုးခိုင်ကို ပညာရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၇ ၇က်မှာ ပင်စင်ပေးလိုက်တာနဲ့ ပတ်သက်လို့ မေးမြန်းရာမှာ ပညာရေးဝန်ကြီးဌာန၊ ၀န်ကြီးရုံးအဖွဲ့မှူး ဦးဝေလွင်ဦးက အခုလို ပြောကြား လိုက်တာ ဖြစ်ပါတယ်။

“အဲဒါနဲ့ မဆိုင်ပါဘူး။ ရုံးချိန်မှာ မလိမ့်တပတ်နဲ့ ခွင့်မဲ့ပျက်ကွက်တဲ့ ကိစ္စပါ။ ပြောရလို့ရှိရင်တော့ ၀န်ထမ်းတယောက် တာဝန်ချိန်မှာ ဘယ်ပျောက်နေလဲ၊ ဘာလဲ၊ ပျောက်နေလို့ရှိရင် ခွင့်မဲ့ပျက်ကွက်၊ ဘာကြောင့်၊ ကျောင်းမှာ ကျောင်းအုပ်ကြီး မသိအောင် ခွင့်ကို ညာတင်တယ်၊ တာဝန်ချိန်မှာ ပျက်ကွက်တယ်၊ အဲဒါတွေနဲ့ပဲ ဆိုင်တာ ဟိုဟာတွေနဲ့ မဆိုင်ပါဘူး။”

ကာယကံရှင် ဆရာမဒေါ်စိုးစိုးခိုင်ကတော့ သူ့ကို စွဲချက် ၃ ခုနဲ့ စွပ်စွဲပြစ်တင်ပြီး ပင်စင်ပေးခဲ့တာ လို့ ပြောပါတယ်။“ဒေါ်စိုးစိုးခိုင်သည် နိုင်ငံရေး အဖွဲ့အစည်းနှင့် ပါဝင်ပတ်သက်ဆောင်ရွက်ခြင်းပေါ့နော်။ သူတို့ စွဲချက် သုံးပေါ့နော်။ ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ကျင်းပပြုလုပ်ခဲ့သော ၈၈ ကျောင်းသား လှုပ်ရှားမှု ငွေရတု အစီအစဉ်တွင် စာနယ်ဇင် များနှင့် တွေ့ဆုံရှင်းလင်းတက်ရောက်ခဲ့ခြင်း၊ အဓိက အဲဒီအတွက်ကြောင့်ပဲ။ စွဲချက် ၁ က အမှတ် ၅ အခြေခံ ပညာ အထက်တန်ကျောင်း နေပြည်တော်မှ အလယ်တန်းပြ ဆရာမ ဒေါ်စိုးစိုးခိုင်နှင့် ပတ်သက် ၍ အောက်ပါအတိုင်း စွဲချက်တင်လိုက်သည်ဆိုပြီး သူက ရေးပြီးတော့ စွဲချက် ၁ ဒေါ်စိုးစိုးခိုင်သည် ၁၀ ရက်၊ ၆ လ၊ ၂၀၁၃ တနင်္လာနေ့မှ ၁၄ ရက်၊ ၆ လ၊ ၂၀၁၃ သောကြာနေ့ အထိ ကျောင်းမဲ့ ပျက်ကွက်ခဲ့ သည်။ နောက် နံပါတ် ၂ က ဒေါ်စိုးစိုးခိုင်သည် ကျောင်းအုပ်ကြီးထံတွင် ကြိုတင်ခွင့်တိုင်ကြားခြင်း မရှိဘဲ ခရီးဝေး ရန်ကုန်သို့ ထွက်ခွာခြင်း။ နံပါတ် ၃ ကတော့ ခုနက ပြောပြီပြီး။”
ဒေါ်စိုးစိုးခိုင်ဟာ ၈၈ အရေးတော်ပုံကျောင်းသားလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ ကျောင်းသူတဦးဖြစ်ပြီး ဆရာမ လုပ်သက် ၁၈ နှစ် ရှိသူလည်း ဖြစ်ပါတယ်။

သူကတော့ ၈၈ ကျောင်းသားတွေကို အာဃာတထား လုပ်သလို ဖြစ်နေတယ်လို့ ဆိုပါတယ်။
“အပြုသဘောဆောင်ပြီးတော့ ဆွေးနွေးတာပါ။ နောက်နောင် ကျန်တဲ့ ၀န်ထမ်းတွေ၊ ဆရာမလို့ မဖြစ်အောင်၊ မဖြစ်သင့်တာတွေ မဖြစ်အောင်ပေါ့။ အာဃာတတွေ ကြည့်ပြီး မှားတဲ့ဟာမျိုးတွေ ဆရာမတွေကို မထားသင့်ဘူးလေ။ မလိုလားအပ်တဲ့ ပြဿနာတွေ မပေါ်ပေါက်ဘူးလား။ သူတို့ အာဃာတနဲ့ လုပ်သလို ဖြစ်နေတယ်။”

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ၈၈ ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ဦးမြအေးက ၀န်ကြီးဌာနရဲ့ လုပ်ရပ်ဟာ အရုပ်ဆိုးတယ်လို့ မှတ်ချက်ပေး ပြောပါတယ်။“ရှစ်လေးလုံးနဲ့ပတ် သက် ဆက်နွှယ်နေတဲ့ သတင်းစာရှင်းလင်းပွဲ တခုကို တက်လို့ ကျောင်းဆရာမတယောက်ကို ကျောင်းကနေ ပင်စင်ပေးရတယ်ဆိုတဲ့ဖြစ်ရပ်မျိုးက အရမ်း အလွန် အရုပ်ဆိုးတယ်၊ အကျည်းတန်တယ်၊ ဖြစ်လည်းမဖြစ်သင့်ဘူးလို့ ကျနော် မြင်တယ်။

 နောက်တခုက ရှစ်လေးလုံးအရေးတော်ပုံကြီးဆိုတာ တပါတီ တအုပ်စု တဖွဲ့ရဲ့နိုင်ငံရေး ဖြစ်စဉ်တခုမဟုတ်ဘူး၊ မြန်မာ့နိုင်ငံရေး သမိုင်း၊ ပြည်သူတရပ်လုံးနဲ့ သက်ဆိုင်တဲ့ နိုင်ငံရေး ဖြစ်စဉ်ကြီး တခုဖြစ်တယ်။ အဲဒါကြောင့်မို့ ဆရာမတွေ အနေနဲ့ရော ဖြစ်ဖြစ်၊ ၀န်ထမ်းတွေ အနေနဲ့ရော ဖြစ်ဖြစ် ရှစ်လေးလုံးအရေးတော်ပုံကြီးမှာ သူတို့ပါခဲ့ကြတာ ဖြစ်သလို အခု ၂၅ နှစ်ပြည့် ငွေရတု အထိမ်းအမှတ် အခမ်းအနားတွေမှာ သူတို့ ပါဝင်ဆောင်ရွက်ခြင်းဟာ တပါတီ တဖွဲ့ တစည်းရဲ့ နိုင်ငံရေးကို လုပ်တာ မဟုတ်ဘူး၊ တမျိုးသားလုံးနဲ့သက်ဆိုင်တဲ့ နိုင်ငံရေးဖြစ်တဲ့အတွက် လုပ်ပိုင်ခွင့်ရှိတယ်၊ ဒါကိုပဲ ကျနော်ပြောချင်တယ်။” 


From:DVB

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


တာချီလိတ်မြို့ ဆန်ဆိုင်း(က)ရပ်ကွက်၌ ဘိန်းဖြူ ၃၅ဂရမ် ဖမ်းဆည်းရမိ


သီတဂူဆရာတော်ကြီး၏ မွေးနေ့ ပို့စ် ဖိတ်ခေါ်


ဇွဲမလျော့သော မွန်မင်း သမိန်ထောရာမ


အသက်နှစ်ဆယ်ပြည့်တော့မယ့် ဝါဆိုမိုးဦး ကတော့ မင်္ဂံလာဆောင်တာကို အားကြမိတယ် ဆိုပဲ


မောင်စွမ်းရည် ● ဂျပန်စကားသင် ကျောင်းသား မောင်ဘဂျမ်း


လင်တရူးမများ၏ ရောဂါ လက္ခဏာ (၁၃) ချက်..


သူ့ ကိုမချစ်ဘူး......


ဗိုက်ပေါက်ရဲ.အနာကို ဘယ်သူဆေးကုပေးမှာလဲ ( ဇော်သက်ထွေး )


မြန်မာနှစ်သစ်-အပြောင်း- သက္ကရာဇ်အကြောင်းသိကောင်းစရာ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>