Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

သံတွဲတွင် လူ ငါးရာကျော် ရေဘေးသင့်

$
0
0
သံတွဲတွင် လူ ငါးရာကျော် ရေဘေးသင့် 














ငပလီကမ်းခြေ တည်ရှိခြင်းကြောင့် နာမည်ကျော်သည့် ရခိုင်ပြည်နယ်သံတွဲမြို့တွင် သုံးရက် ဆက်တိုက် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် လူဦးရေ ၅၀၀ ကျော်ကို စခန်း ခြောက်ခု ဖွင့်ကာ ဘေးလွတ်ရာ သို့ ပြောင်းရွှေ့ပေး ထားရကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်း ပြန်ကြားရေး ဆပ်ကော်မတီ အတွင်းရေးမှူး ဦးဦးဝင်းမြိုင်က ပြောကြားသည်။

မိုး သုံးရက် ဆက်တိုက် ရွာသွန်းပြီးနောက် သြဂုတ်လ ၁၉ ရက်နေ့မှ စတင်ကာ သံတွဲမြို့ ရပ်ကွက် ၁၊ ၂၊ ၃၊ ၇ တို့တွင် ရေကြီးခြင်းဖြစ်ပြီး အိမ်ထောင်စု ၆၀ ကျော်၊ လူဦးရေအားဖြင့် ၅၀၀ ကျော်ကို ဘေးလွှတ်ရာ သို့ ပြောင်းရွှေ့ပေးရခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ သံတွဲမြို့ရှိ နေရာ အများအပြားတွင် ငါးပေခန့် ရေကြီးခဲ့ပြီး ဈေး၊ ဆေးရုံ၊ လူနေအိမ်များ နစ်မြုပ်ခဲ့ ကြောင်း၊ သြဂုတ်လ ၂၀ ရက်နေ့ ညနေပိုင်း တွင် ရေပြန် လျော့ကျနေပြီ ဖြစ်ကြောင်း သံတွဲ မြို့ခံများက ပြောကြားကြ သည်။

“တချို့ အိမ်တွေဆို ခေါင်မိုးထိ မြုပ်တယ်။ တချို့နေရာတွေမှာ လှေစီးလို့ပဲ သွားလို့ ရတယ်” ဟု သံတွဲမြို့ အမျိုးဘာသာ သာသနာ ထိန်းသိမ်း ကာကွယ် စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူ ဦးမြင့်မိုးက ဆိုသည်။ ရေကြီးမှုကြောင့် ကယ်ဆယ်ရေး စခန်းများအပြင် ဘုန်းတော်ကြီး ကျောင်း များနှင့် ကုန်းမြင့်တွင်ရှိသည့် လူနေအိမ်များကိုလည်း ပြောင်းရွှေ့နေ ကြကြောင်း၊ အဆိုပါ ဘေးဒုက္ခရောက်သူများကို ထမင်းထုပ်များ ဝေနေ ရကြောင်း ၎င်းက ထပ်မံ ပြောဆိုသည်။

From:The Voice

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>