Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကော့သောင်းတွင် ဖောက်ခွဲရေးသမားများ ရောက်ရှိလာနိုင်သည်ဆိုသော သတင်းများကြောင့် လုံခြုံရေးတိုးမြှင့်ဆောင်ရွက်

$
0
0
M-21-8

မြန်မာ-ထိုင်းနယ်စပ် ကော့သောင်း၊ ဘုတ်ပြင်းမှတစ်ဆင့် ရေလမ်းခရီးကို အသုံးပြု၍ ဖောက်ခွဲရေးသမားများ မြန်မာနိုင်ငံအတွင်း ၀င်ရောက်လာနိုင်သည်ဟု သြဂုတ်လလယ်မှစ၍ သတင်းများ ထွက်ပေါ်နေသောကြောင့် ၎င်းတို့အသုံးပြုနိုင်သော လမ်းကြောင်းများတွင် လုံခြုံရေး တိုးမြှင့်ချထားလျက်ရှိကြောင်း သိရသည်။ကော့သောင်းမြို့မှတစ်ဆင့် ဖောက်ခွဲရေးသမားများ ၀င်ရောက်လာနိုင်ခြင်း မရှိစေရန် ရေလမ်းကြောင်း ၀င်ပေါက်များတွင် ပင်လယ်ပြင် စိုးမိုးရေးတပ်ရင်း၊ ရေတပ်အဖွဲ့များနှင့် ကုန်းတွင်းပိုင်းတွင် ဒေသခံ ရဲတပ်ဖွဲ့၊ ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များသည် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်းလက်တွဲ၍ လုံခြုံရေးကို နေ့၊ ညမပြတ် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။"ဖောက်ခွဲရေးသမားတွေ ၀င်နိုင်တယ်လို့ သတင်းရလို့ လုံခြုံရေးအရ စစ်ဆေးမှုတွေ လုပ်နေတာပါ။ ၀င်ပေါက်/ထွက်ပေါက် နေရာတွေမှာလည်း လုံခြုံရေးတွေ တိုးမြှင့်ချထားပါတယ်။

ပူးပေါင်းအဖွဲ့က ဧည့်စာရင်းတွေကို အလှည့်ကျ စစ်ဆေးနေပါတယ်။ ပြည်သူတွေနဲ့ လက်တွဲပြီး ပူးပေါင်းအဖွဲ့က လူစိမ်းဝင်မ၀င်ကို နေ့ညမပြတ် စောင့်ကြည့်စစ်ဆေး နေပါတယ်"ဟု ကော့သောင်းမြို့မ ရဲစခန်းမှ အဖွဲ့ခေါင်းဆောင် တစ်ဦးက ပြောကြားသည်။ထိုင်းနိုင်ငံမှ တစ်ဆင့် ကော့သောင်းခရိုင်အတွင်းသို့ ဖောက်ခွဲရေးသမားများ ၀င်ရောက်လာနိုင်ခြင်း မရှိစေရန် ရနောင်းခရိုင်မှ ဒေသခံ အာဏာပိုင်များနှင့် ကော့သောင်းခရိုင်မှ ဒေသခံ အာဏာပိုင်များသည် သတင်းအချက်အလက်များကို ချိတ်ဆက်၍ ကုန်လမ်းခရီးကြောင်း၊ လေကြောင်းခရီးနှင့် နယ်စပ်ဂိတ်များတွင် လုံခြုံရေးများ တိုးမြှင့်ဆောင်ရွက်လျက် ရှိသည်ဟု ဆိုသည်။

 From:Eleven

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...