“ စီမံချက်တွေကို အကောင်အထည်ဖော်ဖို့ သက်ဆိုင်ရာ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တဲ့ အခါမှာ ပညာရှင်တွေကို ခေါ်သုံးတာတို့၊ အကြံဉဏ်တောင်းတဲ့အတွက် ဉဏ်ပူဇော်ခပေးရတာ မျိုးတွေမှာ သုံးတဲ့ဟာမျိုးကို ဆိုလိုပါတယ် ”ဟု မြန်မာနိုင်ငံဆိုင်ရာ အာရှဖွံ့ဖြိုးရေးဘဏ်၏ အရပ်ဘက် အဖွဲ့အစည်းဆိုင်ရာ အရာရှိ ဦးရန်နိုင်ဟိန်းက မဇ္ဈိမကို ပြောသည်။
အဆိုပါ ထောက်ပံ့မှုမှာ အာရှဖွံ့ဖြိုးရေးဘဏ်က မြန်မာနိုင်ငံအတွက် ပံ့ပိုးထားသောဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ စီမံချက်များတွင် မိတ်ဖက်အရပ်ဖက်အဖွဲ့အစည်းများလည်း အတူတကွ ရေးဆွဲဆွေးနွေးရန် အတွက်ဖြစ်ကြောင်း ယင်းထုတ်ပြန်ကြေညာချက်တွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ၏ သမိုင်းတစ်လျောက်လုံးတွင် အရပ်ဘက် လူအဖွဲ့အစည်းများသည် ပွင့်လင်းမြင်သာစွာ လုပ်ဆောင်နိုင်ခဲ့ခြင်းမရှိသော်လည်း ယခုအချိန်တွင် ၄င်းအဖွဲ့အစည်းများ ပါဝင်ဆောင်ရွက်ခွင့်ရလာနိုင်သော အခြေအနေ များကြောင့် အနည်းဆုံးအနေဖြင့် ပြည်သူလူထုအပေါ် ဆိုးကျိုးသက်ရောက်မှုများ ရှိနိုင်သည့် သဘာပတ်ဝန်းကျင် ဆိုင်ရာ ထိခိုက်နစ်နာခြင်းတို့ကဲ့သို့သောကိစ္စများတွင် လူထုသက်သာအောင် ကာကွယ်ဆောင်ရွက်ပေးနိုင်လာသည် များ ရှိကြောင်း ယင်းထုတ်ပြန်ကြေညာချက်တွင်ဖော်ပြထားသည်။
“အာရှဖွံ့ဖြိုးဘဏ်ရဲ့ ငွေကြေးပံ့ပိုးမှုနဲ့ လုပ်ကိုင်တဲ့ စီမံကိန်းအတွက် ပုံစံချပြီး ရေးဆွဲကတည်းက အရပ်ဘက် လူ့အဖွဲ့အစည်းတွေရဲ့ လက်ထဲအပ်ပြီး သူတို့ကို ပါဝင်စေတာတွေ၊ စီမံချက်အတွက် တိုင်ပင်တာတွေက ထူးခြားတဲ့ အခွင့်အလမ်းတွေဖြစ်ပါတယ်၊ မြန်မာနိုင်ငံမှာ လုပ်ငန်းတွေ ပြန်လည်လုပ်ကိုင်တဲ့ အခါမှာ အခက်အခဲတွေ နည်းပါးအောင် အခြားနိုင်ငံတွေရဲ့ သင်ခန်းစာတွေကိုလည်း ထည့်သွင်းရေးဆွဲ ထားပါတယ်”ဟု အာရှဖွံ့ဖြိုးရေးဘဏ် ၏ အရှေ့တောင်အာရှ ဌာနမှ အရပ်ဖက်အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်သူက ဆိုသည်။
မြန်မာနိုင်ငံတွင် ၂၀၁၂ ခုနှစ်ဇန်န၀ါရီလက ကမ္ဘာလှည့်ခရီးသည်များ အစုလိုက်အပြုံလိုက်ဝင်ရောက်လာခြင်းကို ကိုင်တွယ်ဖြေရှင်းရန်၊ လျှပ်စစ်ဥပဒေအားပြင်ဆင်နိုင်ရန်နှင့် မူလလွန်ပညာရေးအတွက် အကဲဖြတ်ရန်တို့အတွက် အာရှဖွံ့ဖြိုးရေးဘဏ်က အမေရိကန်ဒေါ်လာ ၅ ဒသမ ၄ သန်းကျော်ကို ပံ့ပိုးထားသည်။
www.mmdailystar.com