Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ပြည့်တန်ဆာကိုခေါ်သည့် အမျိုးသားကြီး လုယက်ခံရ

$
0
0

ပြည့်တန်ဆာတစ်ဦးကို ပျော်ပါးရန်ခေါ်ယူခဲ့သည့် အသက် ၅၀ ကျော် အမျိုးသားကြီးတစ်ဦးကို ပြည့်တန်ဆာနှင့် အတူပါလာသူတို့က လုယက်မှုတစ်ခုကို သြဂုတ် ၁၈ ရက်က လှိုင်သာယာသောင်ကြီး ရဲစခန်းတွင် အမှုဖွင့် ထားကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

လှိုင်မြို့နယ်တွင် နေထိုင်သည့် အသက် ၅၃ နှစ်အရွယ် ဦးဩဩဩသည် သီရိမင်္ဂလာဈေးသစ်အနီးရှိ ဘီယာဆိုင်တွင် ဘီယာသောက်ပြီးနောက်ဆိုင်ထဲမှအထွက်တွင် အနီးတွင်ရှိသည့် ပြည့်တန်ဆာ မိန်းကလေးကို ပျော်ပါးရန် ခေါ်ဆောင်ခဲ့သည်ဟု ရဲမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့နောက် အဆိုပါ မိန်းကလေးငယ်နှင့် အတူ အသက် ၂၀ ခန့်ရှိသည့် ယောက်ျားလေးနှစ်ဦးလည်း လိုက်ပါလာပြီး အငှားကားဖြင့် တည်းခိုခန်းလိုက်ရှာခဲ့သည်ဟုလည်း တရားလိုက ရဲကိုတိုင်တန်းရာတွင် ထွက်ဆို ထားသည်။

လှိုင်သာယာမြို့နယ် စက်မှုဇုန်အတွင်းသို့ ရောက်သောအခါ ဦးဩဩဩဩက အရက်မူးနေသဖြင့် မိန်းကလေးနှင့် အတူ ကားပေါ်မှဆင်း၍ အပေါ့အပါးသွားနေစဉ် အတူပါလာသည့် အမျိုးသားနှစ်ဦးက ဆောင့်တွန်းလှဲခဲ့ပြီး ဘေးလွယ်အိတ်ကို လုယူထွက်ပြေးသွားခဲ့သည်ဟု ရဲမှတ်တမ်းတွင် တွေ့ရသည်။ ယင်းအိတ်ထဲတွင် ငွေကျပ်နှစ်သိန်း၊ ဆင်းမ်ကတ်ပါ ဖုန်းတစ်လုံးနှင့် ကမ္ဘောဇဘဏ် ငွေထုတ်ကတ် တစ်ခုတို့ ပါရှိသည်ဟုလည်း မှတ်တမ်းတွင် ဖော်ပြထားသည်။

ယင်းအမှုကို သောင်ကြီးရဲစခန်းက အမှု အမှတ်(ပ)၄၈၁/၂၀၁၃ဖြင့် အမှုဖွင့်ထားပြီး၊ သံသယရှိသူသုံးဦးကို ဖမ်းမိ ထားပြီဖြစ်ရာ ၎င်းတို့ကို ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၈၂ ဖြင့် တရားစွဲမည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။


From: Mizzima - News in Burmese

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်မြို့မှာ ကျင်းပပြီး နိုင်ငံပေါင်း ၁၉နိုင်ငံက လာရောက်မည့်...


"ကုလား"လို့ ပဲ ဆက်၍ခေါ်မယ် အဘိုင်


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


လူ့ဘဝ၏ အနှစ်သာရ တန်ဖိုး


သမာဝတီ၏ မေတ္တာအစွမ်း။


အမျိုးသားများနဲ့ ပါတီတက်ပြီး အရက်သောက်လို့ ကြိမ်ဒဏ်အချက် ၈၀ အပြစ်ပေးခံရတဲ့...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>