အများပြည်သူများ အပန်းဖြေလမ်းလျှောက် ရာမန္တလေး ကျုံးဘေးတစ်လျှောက်တွင် အပန်းဖြေသူများ စိတ်အနှောင့်အယှက်ဖြစ်ဖွယ် အခြောက်များကို သက်ဆိုင်ရာမှ ဖမ်းဆီးမှုများရှိခဲ့သည်။ ထိုသို့ဖမ်းဆီးရာတွင် အခြောက်များမှ မကျေမနပ်ဖြစ်ကာ အခြောက်အခွင့်အရေးကို ချိုးဖောက်သည်ဟူ၍ ပြောဆိုမှုများရှိခဲ့သည်။
ယခုအခါမိတ်ကပ်များခြယ်မှုန်း ပြင်ဆင်ကာ အမျိုးသမီးဝတ်စုံများ ၀တ်ဆင်ထားသည့် ကင်မရွန်းအမျိုးသားနှစ်ဦးကို ဇန်န၀ါရီလ ၇ရက်နေ့၌ ကင်မရွန်းတရားရုံးက ထောင်ဒဏ်ငါးနှစ် ပြစ်ဒဏ်ချမှတ်ခဲ့ကြောင်း Reuterသတင်းတစ်ရပ်တွင် ဖော်ပြခဲ့သည်။ အာဖရိကတိုက်ရှိ ကင်မရွန်းနိုင်ငံသည် မိန်းမလျာ စိတ်ပေါက်နေသော အမျိုးသားများသည် နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များ ဖွံ့ဖြိုးတိုးတက်မှုကို များစွာထိခိုက်နိုင်သဖြင့် တည်ဆဲဥပဒေအရ မိန်းမလျာများကို ထိရောက်စွာ အရေးယူလျှက်ရှိကြောင်း သိရသည်။ ကင်မရွန်းအမျိုးသားများ အနေနှင့် အမျိုးသမီးများကဲ့သို့ ၀တ်စားဆင်ယင်ခြင်း၊ အမျိုးသားများကို ပိုးပန်းခြင်းစသည်တို့ကို စစ်ဆေးတွေ့ရှိပါက ထောင်ဒဏ်ခြောက်လမှ ငါးနှစ်အထိ ကြီးလေးသော ပြစ်ဒဏ်များ ချမှတ်နိုင်ရန် ကင်မရွန်းအခြေခံဥပဒေ ထည့်သွင်း ရေးဆွဲထားခဲ့သည်။
ထိုသို့ မြန်မာနိုင်ငံတွင်လည်း အခြောက်များသည် ပိုမိုပေါများလာပြီး နိုင်ငံ၏ မျိုးဆက်သစ်လူငယ်များဖွံ့ဖြိုး
တိုးတက်မှုကို များစွာထိခိုက်လျက်ရှိသဖြင့် ထိထိရောက်ရောက် အရေးယူသင့်ကြောင်း ပြောဆိုလျှက်ရှိသည်။
www.mmdailystar.com