Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရပ်ကွက်အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ သတိပေး

$
0
0

ရပ်ကွက် အုပ်ချုပ်ရေးမှူးများ အာဏာမပြရန် သမ္မတ ဦးသိန်းစိန်က သြဂုတ်လ ၁၉ ရက် နေပြည်တော်ရှိ မြန်မာနိုင်ငံ အမျိုးသမီးရေးရာ
အဖွဲ့ချုပ်ခန်းမတွင် ပြုလုပ်သည့် ကျေးလက် ဒေသဖွံ့ဖြိုးရေးနှင့် လူမှုစီးပွား မြှင့်တင်ရေး အခမ်းအနားတွင် ပြောသွားသည်။

"ကျေးရွာတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူထုကရွေးချယ်တင်မြှောက်ထားတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူးတွေ တော်ဖို့ကောင်းဖို့ အရေးကြီးပါတယ်။ ရှေးဦးစွာ ကျေးရွာတွေမှာ တရာဥပဒေစိုးမိုးအောင်၊ လောင်းကစားဝိုင်းတွေ၊ အရက်ပုန်းချက်လုပ်တာတွေ၊ ချဲထီဒိုင်တွေ၊ မူးယစ်ဆေးဝါးတွေ မရှိအောင် ထိထိရောက်ရောက်လုပ်ရပါမယ်။ သို့မှာသာ ရာဇဝတ်မှု၊ မုဒိမ်းမှု၊ လုယက်မှု၊ ခိုးမှုတွေကင်းစင်ပြီး တရားဥပဒေစိုးမိုးတဲ့ ကျေးရွာတွေဖြစ်လာပြီး စီးပွားရေး၊ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးတွေ တိုးတက်အောင်လုပ်ရမှာဖြစ်ပါတယ်။တည်ငြိမ်အေးချမ်းမှုမရှိဘဲ၊ တရားဥပဒေစိုးမိုးမှုမရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ ဘယ်လိုမှ တိုးတက်လာနိုင်မည်မဟုတ်ပါဘူး။ ရာထူးဆိုတာ အာဏာပြဖို့မဟုတ်ပါဘူး။" ဟု သမ္မတက ပြောသည်။

ယင်းအပြင် နေပြည်တော် ကောင်စီ ရှစ်မြို့နယ်အတွက် ချေးငွေ ကျပ် ၇၂၀၆.၇ သိန်း ထုတ်ချေးသွားမည်ဖြစ်ပြီး လက်တွန်းထွန်စက်၊ ထွန်စက်၊ ထော်လာဂျီ၊ ထရပ်ကား၊ အင်ဂျင်၊ မီးစက်၊ ရေစုပ်စက်၊ သုံးဘီးဆိုင်ကယ်၊ ပရိုဘောက်တက္ကစီကား၊ အပ်ချုပ်စက်၊ ဆိုက္ကားနှင့် မော်တော်ဆိုင်ကယ် စတဲ့ ပစ္စည်းတန်ဖိုး အပါအဝင် ကျပ်သိန်းပေါင်း ၁၂၅၈၂.၄၅ သိန်း ထုတ်ချေးပေးသွားမည်ဟု သမ္မက ပြောသည်။

သမ္မတ အလုပ်လုပ်ကြရန် တိုက်တွန်းရာတွင် "အလုပ်မလုပ်ဘဲ ရေသာခို အချောင်လိုက်စားနေကြရင်တော့ တစ်နေ့မှာ ဆင်းရဲမွဲတေမှုနဲ့ပဲ ပြန်ပြီး သံသရာလည်နေကြရအုံးမှာ ဖြစ်ပါတယ်။ ဒါကြောင့် အလုပ်လုပ်ကြပါ၊ ဥပဒေနဲ့ညီညွတ်တဲ့ ဘယ်အလုပ်ကိုမဆို ရှက်စရာ၊ကြောက်စရာမရှိပါဘူး၊ ဂုဏ်ရှိပါတယ်" ဟု ဆိုသွားသည်။

From:mizziama

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>