Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

Ooredoo မှ 3G စနစ် မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ ဖြင့် ရောင်းချ၍ တစ်မိနစ်လျှင် ၃၅ ကျပ်နှုန်း ကောက်ခံမည်

$
0
0

မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးတင်ဒါ အောင်မြင်ထားသည့် ကာတာနိုင်ငံအခြေစိုက် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီမှ 3G စနစ်မိုဘိုင်းဆင်းကတ်များကို ကျပ် ၁၅၀၀ နှုန်းဖြင့် ရောင်းချသွားမည်ဖြစ်ပြီး
ဖုန်းခေါ်ဆိုခ များကိုလည်း တစ်မိနစ်လျှင် ၃၅ ကျပ်မှ ကျပ် ၄၀အတွင်း ကောက်ခံသွားမည် ဖြစ်ကြောင်း သိရသည်။Ooredoo ဆက်သွယ်ရေး ကုမ္ပဏီ အနေဖြင့် မြန်မာနိုင်ငံတွင်လိုင်စင်ရရှိပြီး ခြောက်လအကြာ၌ မိုဘိုင်းဆင်းကတ်များကိုစတင် ရောင်းချပေးသွားမည် ဖြစ်သည်။''ကျွန်တော်တို့ အနေနဲ့ မိုဘိုင်းဆင်းကတ်တွေကိုတန်းစီစောင့်ဆိုင်းပြီး ဈေးကြီး ပေးဝယ်စရာ မလိုအောင်
လမ်းဘေးဆိုင် တွေမှာပါ ရောင်းချပေးသွားမှာပါ။

 နောက်ရပ်ကွက်တွေထဲမှာရှိတဲ့ ဆိုင်တွေအထိ လွယ်လွယ်ကူကူဝယ်ယူအသုံးပြု နိုင်အောင်   ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခကိုလည်းအနည်းဆုံး ဖြစ်အောင် စီစဉ်ထားပါတယ်။ ကျပ် ၃၅ နဲ့ ၄၀ ကြားဆိုတာက ယာယီတွက်ချက် ထားတာပါ။ နောက်ပိုင်း အတည်ပြု ကြေညာတဲ့
အခါမှာ မြန်မာပြည်သူတွေ အားလုံးစိတ်လှုပ်ရှားစေမယ့် ဈေးနှုန်းမျိုးနဲ့ ရောင်းချ ပေးသွားမှာပါ'' ဟု သြဂုတ် ၁၆ရက်က ပြုလုပ်ခဲ့သည် သတင်းစာ ရှင်းလင်းပွဲ၌ Ooredoo ဆက်သွယ်ရေး
ကုမ္ပဏီမှ အကြီးတန်း ကိုယ်စားလှယ်အရာရှိ Mr. RossCormack ပြောကြားသည်။ထို့ပြင် ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးများတွင် ပထမဆုံး အနေဖြင့်Station ပေါင်း တစ်သောင်းကျော် ဆောက်လုပ်၍ ဆက်သွယ်ရေးဝန်ဆောင်မှု၃၅ရာခိုင်နှုန်းကို ပြုလုပ်သွားမည်ဖြစ်ပြီး နောက်ပိုင်း ကျေးလက်
ဒေသများအထိပါအကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်သော်လည်း အလွန်ဝေးလံ ခေါင်ပါးသည့် ဒေသများကိုမူ ဆက်သွယ်ရေး ၀န်ဆောင်မှုလုပ်ငန်းများ လုပ်ကိုင်နိုင်မည် မဟုတ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။မြန်မာနိုင်ငံတွင် Ooredoo ဆက်သွယ်ရေး ကုမ္ပဏီအနေဖြင့် မိုဘိုင်းဖုန်း ၀န်ဆောင်မှု ၉၇ ရာခိုင်နှုန်းအထိ ပြုလုပ်သွားမည်ဖြစ်ပြီး လာမည့်ငါးနှစ် အတွင်း၌ ၉၉ ရာခိုင်နှုန်းအထိ မြန်မာနိုင်ငံသားများကို အလုပ်အကိုင်များ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရသည်။
From: EMG

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>