Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ဘာသာမတူ၍ ဖခင်၏ အသုဘသို့ လိုက်ပို့ခွင့်မရတဲ့ သမီး၏ဖြစ်အင်

$
0
0

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်၊ အလ္လကပ္ပရွာ၌၊ ဒေါ်စိုးစိုးလွင် အသက် (၃၆) နှစ်၏ ဖြစ်ရပ်မှန် အတွေ့ အကြုံလေးပါ။ဒေါ်စိုးစိုးလွင်၏ ဖခင်အမည်က ဦးတင်ငွေ (ကန့်ဘလူ)ပါ။ မူဆလင်အစစ်ပါ။ အမိအမည် က ဒေါ်ခင်ပြုံး (ကောလင်း) ဇာတိပါ၊ ဗမာ/ဗုဒ္ဓ ဖြစ်ပါတယ်။ ဒေါ်ခင်းပြုံးက ဦးတင်ငွေနှင့် လက်ထပ်သော အခါ အစ္စလာမ်ဘာသာ ခံယူပါတယ်။

သားသမီးတွေရသည့်အခါမှာတော့ ဒေါ်ခင်းပြုံးက ဗုဒ္ဓဘာသာကို ပြန်လည် ကိုးကွယ်ပါတယ်။ဦးတင်ငွေက မကြိုက်သော်လည်း မတားမြစ်ခဲ့ပါဘူး။ ဤသို့ဖြင့် သားဖြစ်သူက ဗုဒ္ဓဘာသာ၊ သမီးအကြီးဖြစ်သူက အစ္စလာမ် ဘာသာဝင်နှင့် အသီးသီး အိမ်ထောင်ကျသွားပါသည်။

အငယ်ဆုံး မစိုးစိုးလွင် ဗမာ/ဗုဒ္ဓ နှင့် အိမ်ထောင်ကျသွားသည့်အခါ ဦးတင်ငွေက ဒေါ်ခင်ပြုံးကို ကွာရှင်း ပစ်လိုက်ပါတယ်။ ဘုရားသွားကျောင်းတက်သည့်အခါ ကလေးတွေကိုခေါ်သွားသောကြောင့် ဘာသာခြားနဲ့ ညားရတယ်ဆိုပြီး စိတ်ဆိုးကွာလိုက်တာပါ။ သမီးဖြစ်သူ မစိုးစိုးလွင်ကိုလည်း အိမ်မှနှင်ချလိုက်ပါတော့တယ်။

မစိုးစိုးလွင်က ကိုမျိုးတင့် ဇာတိဖြစ်သော အလ္လကပ္ပရွာသို့ ပြောင်းရွှေ့နေထိုင် ကာ ဗုဒ္ဓဘာသာခံယူ လိုက်ပါတော့ တယ်။ ဒီလိုနဲ့ မိခင်ကော ဖခင်ပါ ကွယ်လွန်သွားခဲ့ပါပြီ။ မိခင်ကွယ်လွန်စဉ် မှာ ပြုစုခွင့်ရ ခဲ့သော်လည်း၊ ဖခင်ကွယ်လွန်သည့်အခါ အသုဘကိုတောင် လိုက်ပါပို့ဆောင်ခွင့် မရခဲ့ပါ။ ဖခင်၏ဆွေမျိုး များက ကန့်ကွက်သောကြောင့် ကန့်ဘလူးသို့ပင် သွားခွင့်မရခဲ့ပါ။

ယခုဆိုလျှင် ဖခင်ကြီး ဆုံးသွားသည်မှာ (၂) နှစ်ပင် ပြည့်ခဲ့ပါပြီ။ သားလေး စိုင်းဝဏ္ဏသည်ပင် အသက် (၉) နှစ် ပြည့်ခဲ့ပါပြီ။ ဒေါ်စိုးစိုးလွင်ဟာ ရွာသူ ရွာသားများထက် သီလမြဲပြီး ဝါတွင်းဖြစ်စေ ဝါပတ်ဖြစ်စေ ဥပုသ်နေ့တိုင်း ဥပုသ်စောင့်လေ့ရှိသောကြောင့် ရွာသူ/သားများက ကျွန်မကို လေးစား ကြပါသည်။ သူမသည် စာရင်းငှားအလုပ်လုပ်ပြီး သူမခင်ပွန်းက ဖျာရက် ပါသည်။ ဖခင်နှင့် သမီးပင်ဖြစ်သော်လည်း၊ ဘာသာမတူရုံမျှဖြင့် ဖခင် ၏ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်ခွင့်မရခဲ့စဉ်က လွန်စွာထိုက်ခိုက် ခံစား ခဲ့ရကြောင်း မျက်ရည်စက်လက်ဖြင့် ရင်ဖွင့်ရှာပါသည်။

ကမ္ဘာသူ ကမ္ဘာသားအားလုံး လွတ်လပ်စွာကိုးကွယ်ခွင့်ရကြပါစေ။
သားသမီး အခွင့်အရေး၊
လူ့အခွင့်အရေး၊
အိမ်ရှင်မ အခွင့်အရေး၊
အမျိုးသမီးအခွင့်အရေး အပြည့်အဝ ရရှိကြပါစေ။
From:ဦးဝီရသူ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>