Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ရင်သားနှစ်မြွှာစလုံးဖြတ်ထုတ်လိုက်ကြသည့် ညီအစ်မသုံးဦး

$
0
0
 

အသက်၄၃ နှစ် အရွယ်စီရှိကြတဲ့ Amanda Ford နဲ့ Louise Hughes ဆိုတဲ့ အမြွှာညီအစ်မနှစ်ဦးဟာ သားမြတ်ကင်ဆာ မျိးရိုးဗီဇဂျင်းကို သယ်ဆောင်ထားသူများ ဖြစ်ကြပြီး သားမြတ်ကင်ဆာဖြစ်ပေါ်လာတဲ့ အတွက် သားမြတ်နှစ်ဖက်လုံးကို ခွဲစိတ်ပြီး ဖယ်ရှားလိုက်ကြရပါတယ်။ သူတို့ရဲ့ ညီမဖြစ်သူ အသက် ၄၀ အရွယ် Marianne Corr ဆိုသူဟာ သူ့မှာလည်း အဲဒီရောဂါ ဖြစ်နိုင်ချေများတဲ့ အတွက် သားမြတ်နှစ်ခုလုံးကို ဖယ်ရှားလိုက်ပေမယ့် အမှန်မှာတော့ သူ့မှာ သားမြတ်ကင်ဆာ ဖြစ်စေတဲ့ မျိုးရိုးဗီဇဂျင်းတွေ သယ်ဆောင်ထားခြင်း မရှိဘူးလို့ သားမြတ်ကို ခွဲထုတ်ပြီး နောက်ပိုင်းမှ သိခဲ့ရပါတယ်။

အဲဒီ ညီအစ်မသုံးယောက်ရဲ့ မိဘ၊ ဆွေမျိုးတွေမှာ ယခင်က သားမြတ်ကင်ဆာရှိတဲ့ ရာဇဝင် မရှိခဲ့ဘူးလို့ သိရပါတယ်။ ၂၀၀၅ ခုနှစ်က စပြီး ကလေး သုံးယောက်မိခင် ဖြစ်သူ ဟုခ်ျမှာ သားမြတ်ကင်ဆာ ဖြစ်ပေါ်လာတဲ့ အတွက် သားမြတ်နှစ်ဖက်စလုံးကို ဖယ်ရှား ခံခဲ့ရသားမြတ်ကင်ဆာ ဖြစ်ပေါ်လာတဲ့ အတွက် သားမြတ်တစ်ဖက်ကို အရင်ဖယ်ရှားခဲ့ပါတယ်။
သူ့မှာ သားမြတ်ကင်ဆာ ဖြစ်စေတဲ့ မျိုးရိုးဗီဇဂျင်းတွေ သယ်ဆောင်ထားပြီး ရောဂါထပ်ဖြစ်နိုင်ခြေ ၈၀ ရာခိုင်နှူန်း ရှိတဲ့ အတွက် တခြားသားမြတ်တစ်ဖက် ကိုပါ ဖယ်ရှားဖို့ ဆရာဝန်တွေက အကြံပေးခဲ့ပါတယ်။ ဖော့မှာ ရောဂါရှိမှန်းသိတဲ့ အချိန်က စတင်ပြီး သူတို့ရဲ့ အငယ်ဆုံးညီမ ကောဟာလည်း သူ့အနေနဲ့ သားမြတ်တွေကို ဖယ်ရှားရမယ်လို့ ထင်မှတ်ပြီး ခွဲစိတ်ကုသမှူ ခံယူခဲ့ပါတယ်။ 
 
ခွဲစိတ်ကုသမှူ ခံယူပြီးနောက်ပိုင်း သွေးစစ်ဆေးမှူ ပြုလုပ်ရာ ကောမှာ သားမြတ်ကင်ဆာနဲ့ ပတ်သတ်တဲ့ မျိုးရိုးဗီဇဂျင်း မပါဘူးဆိုတာ သိသွားခဲ့ပါတယ်။ ကောဟာ အမျိုးသားနဲ့ ကွာရှင်းထားတဲ့ ကလေးသုံးယောက် အမေဖြစ်ပြီး သူ့အနေနဲ့ မျိုးရိုးဗီဇပါပါ မပါပါ သူ့ရဲ့ သားမြတ်ကို အလိုမရှိတော့ဘူးလို့ ဆိုပါတယ်။ သူတို့ရဲ့ အငယ်ဆုံးမောင်ဖြစ်သူ အန်ဒရင်းကို မျိုးရိုးဗီဇဂျင်း အတွက် စစ်ဆေးမှူ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။
ယခင်လကလည်း ဟောလိဝုဒ် မင်းသမီးဖြစ်သူ အသက် ၃၈နှစ် အရွယ် အင်ဂျလီနာဂျိုလီဟာ သားမြတ်ကင်ဆာဖြစ်စေတဲ့ BRCAI မျိုးရိုးဗီဇဂျင်းကို သယ်ဆော်ထားတာကို သိရှိခဲ့တဲ့ အတွက် သားမြတ်နှစ်ခုစလုံးကို ခွဲစိတ်ဖယ်ရှားခဲ့ ပါတယ်။ ဒီဂျင်းကို သယ်ဆောင်ထားရင် သားမြတ်ကင်ဆာ ဖြစ်နိုင်ချေ ၈၇ ရာခိုင်နှူန်းရှိပြီး မမျိုးဥအိမ် ကင်ဆာဖြစ်နိုင်ချေ ၅၀ ရာခိုင်နှူန်းရှိတယ်လို့ သိရပါတယ်။

From: ပြည်မြန်မာ

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>