Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မျိုးစောင့်ဥပဒေကို လွှတ်တော်တင်ရန် NLD လက်တွန့်နေသော်လည်း NDF ပါတီမှ ဦးဆောင်၍ လွှတ်တော်တင်သွင်းတော့မည်

$
0
0

မြန်မာအမျိုးသမီးများအား ဘာသာခြားတို့မှ အနိုင်ကျင့်စော်ကားမှုမပြုနိုင်ရန် ရည်ရွယ်ပြီး အမျိုးသားရေးအတွက် ဆရာတော်များမှ ဦးဆောင်ရေးဆွဲထားသော မျိုးစောင့် ဥပဒေကို NDF ပါတီ၏ အမျိုး သားလွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်ဝိုင်းကြည်က လွှတ်တော် တွင် တာဝန်ယူတင်သွင်းမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းမ်နေ့စဉ် သတင်းစာသို့ ပြော ကြားလိုက်သည်။ ဒေါ်ဝိုင်းကြည်မှ ''တိုင်းပြည်အကျိုးရှိမယ်၊ လူမျိုးကောင်းစားမယ်ဆိုရင်ဘာ မှ နောက်တွန့်နေစရာမလိုဘူး။ အန်တီ ဒီဥပဒေကို လွှတ်တော်မှာ တင်ပေးမယ်။

သတ္တိရှိစွာနဲ့ တင် သွားမှာပါ''ဟု ပြောသည်။ ဆက်လက်ပြီးဒေါ်ဝိုင်းကြည်မှပင် ''ကန့် ကွက်နေတဲ့သူတွေကိုလဲ ပြောချင် တာက သေချာလေ့လာပြီးမှ ဒါနဲ့ ပတ်သက်တဲ့ မှတ်ချက်ကောင်း တယ် မကောင်းဘူး ပြောကြပေါ့။ အခုတော့ ဘာမှန်းမသိဘဲ ကန့် ကွက်နေကြတယ်''ဟု ပြောသည်။ မြန်မာ အမျိုးသမီး များ၏ ဆုံးရှုံးနစ်နာမှုများကို ကာကွယ် နိုင်ရန်အတွက် သိက္ခာတော်ရ ဆရာတော်ကြီးများ ဦးဆောင်၍ မျိုးစောင့်ဥပဒေ ဖြစ်မြောက်ရေး အတွက် ဝိုင်းဝန်းဆောင်ရွက်နေ ချိန်တွင် ယင်းဥပဒေနှင့် ပတ်သက် ၍ ကန့်ကွက်သူရှိသလို ထောက်ခံသူများလည်း များပြားခဲ့သည်။ ယင်းဥပဒေအား လွှတ် တော်တွင် တာဝန်ယူတင်ပြပေး မည့် လွှတ်တော်ကိုယ်စားလှယ် မရှိဟု သတင်းများထွက်ပေါ်ခဲ့သေးသည်။ ပြည်သူ့အတွက် ပြည်သူတွေကို ကျွန်မလည်းချစ်ပါတယ် ဆိုသောဒေါ်စု၏ NLD ပါတီပင် ထိုဥပဒေကို လွှတ်တော်တင်ဖို့ လက်တွန့်နေခဲ့သည်။

 နီးစပ်သည့် သတင်းအရ NLD သက်ကြီးပိုင်းအချို့မှထိုဥပဒေကို လွှတ်တော်သို့ တင်သွင်းပေးရန် ကြိုးပမ်းခဲ့သေးသော်လည်း ဒေါ်စုမှ မိမိလည်း နိုင်ငံခြားသားကိုယူထားခဲ့၍ မျိုးစောင့်ဥပဒေသည် မိမိကိုအရှက်ကွဲစေမည့် ဥပဒေဟု ခံယူကာ မတင်သွင်း မထောက်ခံရန် ပါတီအတွင်း အမိန့်ထုတ်ခဲ့ကြောင်း သိရသည်။ ပါတီဝင်တစ်ဦးကလည်း "ဒီဥပဒေကို ကျမတို့ပါတီအနေနဲ့ ဦးဆောင်တင်သွင်းဖို့ မဖြစ်နိုင်ပါဘူး။

ကျမတို့ မဲဆွယ်တာ၊ စည်းရုံးတာ၊ သွားတာလာတာ အခမ်းအနားလုပ်တာကအစ ကျမတို့ပါတီကို ကုလားတွေကပဲ စပွန်ဆာပေး အကုန်ကျခံထားကြတာဆိုတော့ ကုလားမျက်နှာပြန်ကြည့်ရတာရှိတယ်လေ။ တစ်ခါတစ်လေ ကုလားတွေတက်တဲ့အခမ်းအနားဆို ၀က်သားတောင်မကျွေးရပါဘူး" ဟုဆိုပြီး မျိုးစောင့်ဥပဒေနှင့် ပတ်သက်၍ NLD ပါတီ၏ သဘောထားကိုပြောကြားသွားခဲ့သည်။ သို့သော် ယခုအခါ မြန်မာအမျိုးသမီးတို့ ၀မ်းမြောက်စရာသတင်းအဖြစ် NDF ပါတီမှ မြန်မာအမျိုးသမီးများအကျိုးအတွက် ပြည်သူ့တွေကိုယ်စားပြုပါတီ ပီသစွာဖြင့် ယင်းဥပဒေအ တွက် လွှတ်တော်တွင် ရဲဝံ့စွာတင် ပြပေးသွားမည် ဖြစ်သည်။

 လွှတ်တော်ကိုယ်စား လှယ် ထွက်ပေါ်လာသည့်အတွက် ယင်းဥပဒေဖြစ်မြောက်ရေး ဆောင် ရွက်နေသော ဆရာတော်များက ဝမ်းသာစွာ ကြိုဆိုနေကြောင်း မိန့်ကြားသည်။ အရှင်စန္ဒာသီရိက ''ဒီလိုမျိုး တာဝန်သိစွာနဲ့ လုပ်ဆောင်ပေး မယ့်သူရှိလာတော့ ဦးဇင်းတို့အ နေနဲ့ဝမ်း သာတယ်။ ကျေးဇူးလဲ တင်တယ်။ ကြိုလည်းကြိုဆို ပါ တယ်။ ဦးဇင်းတို့ စလုပ်တုန်းက လဲ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီအတွက်မှ ရည်ရွယ်ပြီး လုပ်ဆောင်ခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံတော်ငြိမ်းချမ်းရေးအတွက် တစ်ဖက် တစ်လမ်းက အထောက် အကူပြုမယ်ထင်လို့ သံဃာတော် တွေ ဦးဆောင်ခဲ့တာပါ''ဟု မိန့် ကြားသည်။

အဆိုပါဥပဒေနှင့်ပတ်သက် ၍လည်း အမျိုးဘာသာ၊ သာသ နာထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)နှင့် ဘာသာပေါင်းစုံချစ်ကြည် ရေးအဖွဲ့မှ ခေါင်းဆောင်များနှင့် ဆွေးနွေးမှု များပြုလုပ်သည့် အခါ၌လည်း ခေါင်းဆောင်အားလုံးမှ နားလည်လက်ခံ၍ အားလုံးတန်းတူညီ မျှတဲ့ အခွင့် အရေး အတွက် ဖြစ်သင့် တယ်လို့ ပြောကြတယ်''ဟု အမျိုး ဘာသာ၊ သာသနာထိန်းသိမ်း စောင့်ရှောက်ရေးအဖွဲ့(ဗဟို)မှ ရုံးအဖွဲ့မှူးက မိန့်သည်။ မျိုးစောင့်ဥပဒေကို ထောက် ခံသည့် ပြည်သူများ၏လက်မှတ် သုံးသန်းကျော်ကို ပြည်သူ့ လွှတ် တော်ရုံး သို့ ပေးပို့ခဲ့သည်မှာ နှစ် ကြိမ်ရှိပြီးဖြစ်ပြီး ဆက်လက်၍ လည်း ပြည်သူ့လက်မှတ်များကို ကောက်ခံပေး ပို့သွားဦးမည် ဖြစ် ကြောင်း အမျိုးဘာသာ၊ သာသ နာ ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့(ဗဟို)မှ ပြောကြားချက်အရ သိရ သည်။


From:  နိုင်ငံသစ်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>