Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

ကလေးတစ်ဦးကို အကြိမ်ကြိမ် အဓမ္မကျင့်ခဲ့သည်ဟုဆိုကာ အမျိုးသားတစ်ဦးတရားစွဲခံရ

$
0
0

အသက် ၁၄ နှစ်အရွယ် ခြောက်တန်းကျောင်းသူလေးတစ်ဦးကို အကြိမ်ကြိမ်အဓမ္မကျင့်ခဲ့သည်ဟု စွပ်စွဲကာ အသက် ၃၀ ကျော် အမျိုးသားတစ်ဦးကို ကလေးမိဘများက သြဂုတ် ၁၃ ရက်တွင် လှည်းကူးရဲစခန်း ၌တိုင်ကြားထားကြောင်း ရန်ကုန်တိုင်း ရဲတပ်ဖွဲ့ မှူးရုံးက သတင်းထုတ်ပြန်သည်။ကလေးငယ်သည် စာမကျက်ဘဲ မှိုင်တွေနေသည်ကို မိခင်ဖြစ်သူက မသင်္ကာသဖြင့် မေးမြန်းရာမှ ယခု ကိစ္စကိုသိရှိပြီး ရဲစခန်းတွင် အမှုဖွင့်လိုက်ခြင်းဖြစ်သည်ဟု တရားလိုဘက်မှ ရဲစခန်းတွင် ထွက်ဆိုထားသည်။

မိဘများက သူတို့သမီးငယ်ကို မေးမြန်းရာတွင် ၎င်းကိုတစ်ရပ်ကွက်တည်းနေ အသက် ၃၃ နှစ်အရွယ် အမျိုးသားတစ်ဦးက သြဂုတ် ၃ ရက်ညတွင် တစ်ကြိမ်၊ သြဂုတ် ၄ ရက်တွင် တစ်ကြိမ်၊ သြဂုတ် ၆ ရက် တွင်တစ်ကြိမ် စုစုပေါင်း သုံးကြိမ်ခန့် သားမယား ပြုခဲ့သည်ဟု ဆိုသည်။ ကလေးငယ်သည် မိဘများမရှိသည့် အချိန်နေအိမ်တွင်ပင် အဓမ္မကျင့်ခံရခြင်းဖြစ်ပြီး ယခုကိစ္စကို မိဘများ ထံ ပြန်ပြောလျှင် သတ်ပစ်မည်ဟု ထိုအမျိုးသားကခြိမ်းခြောက်ထားသဖြင့် မပြောခြင်းဖြစ်သည်ဟုလည်း ရဲမှတ်တမ်း တွင် တွေ့ရ  သည်။

ယခုကိစ္စနှင့် ပတ်သက်၍ အဓမ္မကျင့်သူအဖြစ် စွပ်စွဲခံထားရသူမှာ လှည်းကူးမြို့နယ်မှ ကိုနိုင်လင်းထွန်း ဆိုသူဖြစ်ပြီး ၎င်းသည်ကား ဆေးမှုတ် လုပ်ငန်း လုပ်ကိုင်သူတစ်ဦးဖြစ်သည်ဟု ရဲစခန်းက အတည်ပြု ထား သည်။ ယင်းအမှုကို လှည်းကူးရဲစခန်းက အမှုအမှတ်(ပ)၃၀၁/၂၀၁၃ ဖြင့် အမှုဖွင့်ထားပြီး စွပ်စွဲခံထားရသူ ကိုလည်း ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၆ ဖြင့် တရားစွဲမည်ဖြစ်ပြီး လက်ရှိတွင် ဖမ်းဆီးစစ်ဆေးနေပြီဖြစ် သည်ဟု တိုင်းရဲဌာနက သတင်းထုတ်ပြန်သည်။

From:Mizzima

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


အစ္စရေး တိုက်နေတဲ့စစ်ပွဲတွေက နိုင်ငံ့ စီးပွားရေးအပေါ် ဘယ်လောက်အထိနာစေလဲ


TTA Oreo Gapp Installer


အချိန်ကုန်သက်သာစေမယ့် အုတ်ခင်းစက်


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


မယ်နု နှင့် မောင်အို အုပ်စု တန်ခိုးထွားခြင်း


“တွေးမိတိုင်း အရိုးနာသည် အမျိုးပါ ဆဲချင်ပေါ့လေး”


သားသမီး ရင်သွေးရတနာအတွက် ပူပင်သောက များနေတယ်ဆိုရင်


♪ လေးဖြူ -BOB - ဘင်္ဂလားပင်လယ်အော် MP3 Album ♫


ပူဇော်ခြင်းနှစ်မျိုး


ထောင်ထဲမှာ တွေ့ခဲ့ရသော ဆင်ဖမ်းမယ် ကျားဖမ်းမယ်ဆိုတဲ့ ဗိုလ်မှူး ဗိုလ်ချုပ်တွေ -...



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>