Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

နာရေးဖဲဝိုင်း ရန်ဖြစ်ရာမှ သိန်းနှစ်ရာကျော်တန်ဖိုးရှိ ရွှေထည်များခိုးယူသူ ဖမ်းမိ

$
0
0

နာရေးအိမ်တွင် ဖဲကစားစဉ် ရန်ဖြစ်ရာမှ ကျပ်သိန်းနှစ်ရာ တန်ဖိုးရှိ ရွှေထည်များ ခိုးယူသူဟု ယူဆရသူကို ဖမ်းမိခဲ့ကြောင်း မိတ္ထီလာခရိုင် အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့ထံမှ သိရသည်။

မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့ အမှတ် (၂) ရပ်ကွက် မေခလာရပ်တွင် နေထိုင်သူ မြတ်သင်း ၂၈ နှစ်သည် အလုပ်အကိုင် အတည်တကျမရှိဘဲ သောက်စားမူးယစ်၍ လောင်းကစားမှုများ ပြုလုပ်ကာ ငွေများ သုံးစွဲနေသည့် သတင်းအရ ၎င်းကို စောင့်ကြည့်ခဲ့ကြောင်း အဆိုပါရွှေထည် ခိုးယူသူဟု ယူဆရသူကို ဖမ်းဆီးရာတွင် လိုက်ပါဆောင်ရွက်ခဲ့သော မိတ္ထီလာခရိုင် အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့၏ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ယင်းသို့ စောင့်ကြည့်နေစဉ် သြဂုတ် လ ၃ ရက်နေ့ညက ၎င်းသည် ရပ်ကွက်တွင်းရှိ နာရေးအိမ်၌ ဖဲကစားစဉ် ရန်ဖြစ်ပြီး ၎င်း၏ အင်္ကျီအိတ်အတွင်းမှ ရွှေဆွဲကြိုးတစ်ကုံး ပြုတ်ကျခဲ့သည့် သတင်းကို အခြေပြု၍ စစ်ဆေးခဲ့ရာမှ ယင်းသို့ဖမ်းမိခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းဆွဲကြိုးသည် ရွှေထည် ပျောက်ဆုံးမှုဖြင့် အမှုဖွင့်ထားသော ဝမ်းတွင်းမြို့ အမှတ် (၂) ရပ်ကွက် တံတားဦးရပ်နေ ကုန်သည်ဒေါ်မာဦး (ခ) မဦးအိမ်မှ ခိုးယူခဲ့သည့် အလေးချိန် လေးကျပ် ရှစ်ပဲ ခြောက်ရွေးရှိ ဘတ်ကြိုးဖြစ်ပြီး ရွှေထည် ပစ္စည်းများ ထည့်သော သေတ္တာခွံကို အဆိုပါ ရပ်ကွက်တွင်းရှိ မယ်သီလ ရေကန်အတွင်းသို့ ပစ်ချခဲ့သည်ဟု ၎င်းကထွက်ဆိုထားကြောင်း မိတ္ထီလာခရိုင် အထူးမှုခင်းနှိမ်နင်းရေး အဖွဲ့၏ ရဲမှတ်တမ်းများအရ သိရသည်။

ဝမ်းတွင်းမြို့အမှတ် (၂) ရပ်ကွက် တံတားဦးရပ်နေ ကုန်သည်ဒေါ်မာဦး (ခ) မဦးသည် ပြီးခဲ့သည့် ဇွန်လ ၁၇ ရက်ညက နှစ်ထပ်အိမ် အောက်ထပ် တံခါးများဖွင့်၍ အိပ်ခန်းတံခါးစေ့ပြီး မိသားစုနှင့်အတူ အိပ်ရာဝင်ခဲ့ရာ အိပ်ခန်းအတွင်းမှ ငွေသားတစ်သိန်းနှင့် ကျပ်သိန်းနှစ်ရာကျော် တန်ဖိုးရှိ ရွှေထည်ပစ္စည်းများ ထည့်ထားသော သံသေတ္တာ အသေးတစ်လုံး ပျောက်ဆုံးခဲ့ခြင်းကြောင့် သက်ဆိုင်ရာ ဝမ်းတွင်းရဲစခန်းတွင် (ပ) ၈၀/၂၀၁၃ ပုဒ်မ ၈၀/၂၀၁၃ ပုဒ်မ ၃၈၀ ဖြင့် အမှုဖွင့်ထားကြောင်း အဆိုပါရဲစခန်းထံမှ သိရသည်။

မြတ်သင်း၏ ထွက်ဆိုချက်များအရ ဆက်လက်စစ်ဆေးရာ ၎င်း၏နေအိမ် ခြံဝင်းအတွင်းရှိ အိမ်သာကျင်းဟောင်းအတွင်း မြှုပ်နှံထားသော ရွှေအလေးချိန် သုံးကျပ်သားရှိ တာယာပုံ လက်ကောက် ၈ ကွင်း၊ အလေးချိန်ငါးပဲရှိ မြနှင်းဆီ ရွှေကြယ်သီး ငါးလုံး၊ အလေးချိန်သုံး ပဲ ခြောက်ရွေး ရှိ မောင်းကွင်းရွှေလက်စွပ် နှစ်ကွင်း၊ အလေးချိန် တစ်မတ်တစ်ခြမ်းရှိ နီ/ဖြူ ကျောက်တန်းကွင်း ရွှေလက်စွပ် တစ်ကွင်း၊ အလေးချိန်လေးပဲရှိ နီလာ ရွှေဆွဲသီးတစ်ခု၊ အလေးချိန် လေးရွေးရှိ စိန်ငါးလုံးပါ စိန်နားကပ်တစ်ဖက်တို့ကို သိမ်းဆည်းရမိသည်။

ကျန်ရှိသည့် အလေးချိန် ရှစ်ကျပ်ခြောက်ပဲရှိ ဘတ်ကြိုး ရွှေဆွဲကြိုး တစ်ကုံး၊ အလေးချိန် ၁၅ပဲ လေးရွေး ငါးခြမ်းရှိ တာယာပုံ လက်ကောက် နှစ်ကွင်း၊ E-7235 နှင့် E-7221 နံပါတ်ပါ ကိုနိုင်ဝင်း+မခင်ညို အမည်ပါ ရွှေဆွဲကြိုး တစ်ကုံး၊ လက်ကောက် နှစ်ကွင်းတို့ကို ပြီးခဲ့သည့် သြဂုတ်လ ၅ ရက်နေ့က သာစည်မြို့ အမှတ် (၄) ရပ်ကွက်ရှိ စိန်ရွှေရတနာ ရောင်းဝယ်ရေး လုပ်ကိုင် သည့် ဒေါ်စန္ဒာညို၏ နေအိမ်တွင် သွားရောက် သိမ်းဆည်းခဲ့ကြောင်း ရဲတပ်ဖွဲ့ မှတ်တမ်းများအရ သိရသည်။
From: The Voice Weekly

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


ပုဂံဘုရားအချို့ပေါ်သို့ နိုင်ငံခြားသားများ ခိုးဝှက်တက်ရောက်


ရှမ်းကိုးပြည် တွင်ပါဝင်သော မိုးညှင်းပြည် နှင့် မိုးမိတ်ပြည် ကို ဘုရင့်နောင်...


ဘာဖြစ်လို့ စစ်သားတွေ အလေးပြုကြသလဲဆိုတဲ့ မေးခွန်းအတွက်ပါ


တာချီလိတ်တွင် MPT ဖုန်းကတ်များ 4G ရပြီ ဖြစ်၍ 4G အဖြစ် SIM Card လဲလှယ်ရန်...


ကိုးနှစ်သမီးကို အဓမ္မကျင့်ကာ နားကပ် ဖြုတ်သူကို ဖမ်းမိ


မောင်မိုးသူ - မြူမှောင်ဝေကင်း ငွေအဆင်း စန္ဒ ပြည်ထောင်တိုင်းမြန်ပြည်...


ပုတီးသီး


ကရဝေး စိုက်ပျိုးနည်း


သင့် ကိုယ်လုံးတီး ပုံများ အွန်လိုင်းပေါ် မရောက်ရလေအောင်


ရခိုင်လူမျိုးတို့၏ ရာဇဝင်၊ သမိုင်း၊ စာပေ၊ ယဉ်ကျေးမှုဆိုင်ရာ စာအုပ် ၁၂၀



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>