Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

မိန်းမကိစ္စပျော်ပါးရန် ခေါ်ခိုင်းရာမှ ဓါးခုတ်မှုဖြစ်

$
0
0

၈.၈.၂၀၁၃ ရက်နေ့တွင် ကြည့်မြင်တိုင်မြို့နယ်၊ဘလုတ်ညွှန့်ရပ် ကွက်နေ ဒေါ်မြင့်သန်း သည် နေအိမ်တွင်ရှိနေစဉ် သားဖြစ်သူ သိန်းကျော်ဦးမှာ ၇.၈.၂၀၁၃ ရက်နေ့ ညက ဓါးခုတ်ခံရ၍ ရန်ကုန်ဆေးရုံကြီးတွင် ရောက်ရှိဆေးကုသနေကြောင်းသိရှိရသဖြင့် သွားရောက်ကြည့်ရှုရာ
သားဖြစ်သူ တွင် ဦးခေါင်းအလယ်တည့်တည့်၌ ပြတ်ရှသွေးထွက် ဒဏ်ရာရရှိထားသည်ကိုတွေ့ရှိရပါသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ သားဖြစ်သူအားမေးမြန်းရာ ၇.၈.၂၀၁၃ ရက်နေ့ ၂၂၃၀ အချိန်ခန့်တွင် သာဓုအနောက်ရပ်ကွက်၊ ကမ်းနားလမ်းရှိ သူငယ်ချင်းဖြစ်သူ၏ဆိုက္ကားပေါ်တွင်ထိုင်နေစဉ် ကြည့်မြင်တိုင်မြို့နယ်၊ မကျည်းတန်းရပ်ကွက်နေ ဇော်ထွဋ် (ဘ)ဦးဝင်းလှိုင်၊ လှဝင်းမောင်
(စုံစမ်းဆဲ)၊ မျိုးလွင်ဦး(စုံစမ်းဆဲ)တို့ (၃)ဦးရောက်ရှိလာပြီး မိန်းမကိစ္စပျော်ပါးရန်ခေါ်ခိုင်းရာ သားဖြစ်သူမှ ပြည့်တန်ဆာခေါင်း မဟုတ်ကြောင်းပြန်ပြောသည်နှင့်ပတ်သက်၍ စကားများခဲ့ကြကြောင်း၊ ထိုသို့စကား များစဉ် ဇော်ထွဋ်မှ ထီးထဲ၌၀ှက်၍ယူလာသည့် ဓါးရှည်ဖြင့်ခုတ်ခဲ့သဖြင့် ဦးခေါင်းတွင်ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်းသိရှိခဲ့ပါသည်။

ထိုသို့သားဖြစ်သူကို ဒဏ်ရာရရှိအောင်ပြုလုပ်သူ ဇော်ထွဋ်ပါ(၃)ဦးအား အရေးယူပေးပါရန် ဒေါ်မြင့်သန်းမှတိုင်တန်းခဲ့သဖြင့် ကြည့်မြင်တိုင်မြို့မရဲစခန်း (ပ)၅၇၂/၂၀၁၃၊ ပုဒ်မ ၃၂၆/၁၁၄ ဖြင့် အမှု ဖွင့်လှစ်ပြီး တရားခံဇော်ထွဋ်အား ဖမ်းဆီးရမိစစ်ဆေးလျက်ရှိကာ ကျန်တရားခံများအား ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

From: ရဲဇာနည်

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>