Quantcast
Viewing all articles
Browse latest Browse all 4837

၁၁ နှစ်အရွယ် မိန်းကလေးကို မဖွယ်မရာလုပ်သူ တရားစွဲခံရ


မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု မကျီးချိုကျေးရွာ အရွယ်မရောက်သေးသော ၁၁ နှစ် မိန်းကလေးကို ကာယိနြေ္ဒပျက်အောင် ပြုလုပ်ခဲ့သည်ဟု သံသယရှိသူတစ်ဦးကို သြဂုတ်လ ၂ ရက်နေ့က မိတ္ထီလာမြို့နယ် တရားရုံးတွင် တရားစွဲဆိုထားကြောင်း အဆိုပါတရားရုံးထံမှ သိရသည်။

ဖြစ်စဉ်မှာ မိတ္ထီလာမြို့နယ် သီးကုန်းကျေးရွာအုပ်စု မကျီးချိုရွာနေ ဦးနိုင်ဝင်းစိန်၊ ဒေါ်မြမြထွေးတို့၏သမီး အသက် ၁၁ နှစ်အရွယ် မိန်းကလေးသည် ပြီးခဲ့သည့် ဇူလိုင်လ ၂ ရက်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ ခန့်က ရွာအနောက်ဘက် ချောင်းအတွင်း ရွယ်တူသူငယ်ချင်းအဖော် မိန်းကလေးတစ်ဦးနှင့် ရေချိုးနေစဉ် လူကြီးတစ်ဦးသည် ရေငုပ်၍လာပြီး အဆိုပါ ၁၁ နှစ်အရွယ် မိန်းကလေး၏ ကိုယ်ခန္ဓာကို မဖွယ်မရာ ကိုင်တွယ်ခဲ့၍ အော်ဟစ် အကူအညီတောင်းရာ ယင်းနေရာနှင့် မလှမ်းမကမ်းတွင် ရောက်ရှိနေသည့် ဆယ်အိမ်မှူး ဦးမြခဲက ကြားသိ၍ ကူညီရာမှ ထိုလူမှာ ထွက်ပြေးသွားကြောင်း မိတ္ထီလာမြို့နယ် အလယ်ရွာ ရဲစခန်းထံမှ သိရသည်။

“ကလေးက အဖော်နဲ့ ရေချိုးသွားတာ ငိုယိုပြီး ပြန်လာတော့ ချော့မေးကြည့်မှ သမီးကို လူကြီးတစ်ယောက် က ရေငုပ်လာပြီး ခြေနှစ်ချောင်းကကိုင်ပြီး သုံးခါလောက် ရေထဲနှစ်တယ်။ ရေမွန်းနေတဲ့ သမီးကိုဖက်ပြီး ရင်သားတွေကို အကြိမ်ကြိမ် ဖျစ်ညှစ်တယ်။ သမီးတို့ အော်လိုက်တော့ ဦးမြခဲ ရောက်လာပြီး ဟေ့ကောင် ဘာလုပ်တာလဲလို့ မေးတော့မှ ကစားတာပါဆိုပြီး ထွက်ပြေးသွားတယ်လို့ ကလေးကပြောတယ်” ဟု အဆိုပါ မိန်းကလေး၏ မိခင်က The Voice ကို ပြောသည်။

လိုက်လံစုံစမ်းရာ ထွက်ပြေးသွားသူသည် မကျီးချိုကျေးရွာ၏ နီးစပ်သည့် မြိုင်သာကျေးရွာရှိ ဦးသိုက်စိုး
( ခ) ဦးထိုက် ၃၀နှစ် ဖြစ်သည်ဟုသိရပြီး မိတ္ထီလာမြို့နယ် အလယ်ရွာ ရဲစခန်းတွင် ဇူလိုင်လ ၉ ရက်နေ့က ပုဒ်မ ၃၅၄ ရဲစခန်း (ပ) ၁၂/၂၀၁၃ဖြင့် အမှုဖွင့်၍ သက်ဆိုင်ရာ မိတ္ထီလာမြို့နယ် တရားရုံးသို့ တရားစွဲဆို တင်ပို့ခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

အဆိုပါအမှုကို မိတ္ထီလာမြို့နယ် တရားရုံးက ပြစ်မှုကြီးအမှတ် ၄၂၇၆/၂၀၁၃ ဖြင့်လက်ခံ၍ ပြီးခဲ့သည့် သြဂုတ်လ ၂ ရက်နေ့က စတင်ကြားနာ စစ်ဆေးခဲ့ကာ လာမည့် သြဂုတ်လ ၉ ရက်နေ့သို့ ထပ်မံ ရုံးချိန်းလိုက်ကြောင်း မိတ္ထီလာမြို့နယ် တရားရုံးမှ သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်၍ ကျူးလွန်သည်ဟု သံသယ ရှိခံထားရသူ ဦးသိုက်စိုးကို   မေးမြန်းရာ ပြောစရာမရှိဟု ၎င်းကပြန်လည် ဖြေကြားသည်။
From:myanmar cnn

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>