Quantcast
Channel: Myanmar Daily Star
Viewing all articles
Browse latest Browse all 4837

အစိုးရက အနည်းဆုံးလုပ်ခလစာ သတ်မှတ်ပေးမည်

$
0
0

အခြေခံ အလုပ်သမားတွေရဲ့ အနည်းဆုံး လုပ်ခလစာကို သတ်မှတ်ပေးမယ်လို့ အလုပ်သမား၊ အလုပ်အကိုင်နှင့် လူမှုဖူလုံရေးဒုတိယဝန်ကြီး ဦးထင်အောင်က ပြည်သူ့လွတ်တော်မှာ ရှင်းလင်းပြောဆိုပါတယ်။ ကရင်ပြည်နယ် ဘားအံမြို့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်နန်းစေအွာရဲ့ ကိုယ်စား ထန်တလန် မဲဆန္ဒနယ်မှ ဒေါ်ဇာတလဲမ်းရဲ့ မေးမြန်းချက်ကို ဩဂုတ် ၅ ရက်နေ့ မှာ ဖြေဆိုခဲ့တာပါ။ဒေါ်နန်းစေအွာကတော့ ဒီမေးခွန်းကို စက်မှုဇုန်တွေရှိ အထည်ချုပ်လုပ်ငန်း အမျိုးသမီးတွေက သူ့ကိုတင်ပြချက်အရ လွှတ်တော်မှာ တင်ပြခဲ့တာလို့ ပြောပါတယ်။
ရန်ကုန် စက်မှုဇုန်တွေမှာ အများအားဖြင့် အထည်ချုပ်စက်ရုံတွေမှာ အမျိုးသမီးတွေ အများစု ပါဝင်တဲ့ ဒီအောက်ခြေအလုပ်သမားတွေမှာ လုပ်ခလစာကြောင့် အလုပ်ရှင်နဲ့ အလုပ်သမာတွေကြား ပဋိပက္ခတွေ ဖြစ်နေကြတာလေ။ ဒါနဲ့ ပတ်သက်ပြီးတော့ လစာတခုတည်းကိုပဲ မှီခိုနေရတဲ့ လူတွေအတွက်ပေါ့နော် ဘယ်လိုမျိုး အောက်ခြေလစာမျိုး လုပ်ရင် ရပါသလဲဆိုပြီးတော့ အလုပ်သမားဝန်ကြီးဌာနကို ပြန်မေးထားတာပါ။” 

ဒုတိယ၀န်ကြီး ဦးထင်အောင်က  အနည်းဆုံး အခကြေးငွေ သတ်မှတ်ရေးဆိုင်ရာ အမျိုးသား ကော်မတီကို ဖွဲ့စည်းမယ်လို့ ပြောဆိုပါတယ်။ ဌာနဆိုင်ရာ၊ အလုပ်ရှင်၊ အလုပ်သမား အဖွဲ့တွေက ကိုယ်စားလှယ်တွေ၊ ငွေကြေးသတ်မှတ်ခြင်းဆိုင်ရာမှာ ကျွမ်းကျင်ပြီး အလုပ်ရှင်၊ အလုပ်သမားကြား မျှမျှတတ ဆောင်ရွက်မယ့် သူတွေနဲ့ ဖွဲ့စည်းမှာဖြစ်တယ်လို့ ဆိုပါတယ်။
အဲဒီကော်မတီဟာ ဒေသအလိုက်၊ လုပ်ငန်းအမျိုးအစားအလိုက် သတ်မှတ်သင့်တဲ့ နှုန်းထားတွေကို ကြေညာပြီး ကန့်ကွက်မှုတွေမရှိရင် အစိုးရရဲ့ အတည်ပြုချက်နဲ့ အများသိအောင် ကြေညာပေးမယ်လို့ ပြောကြားခဲ့ပါတယ်။
ရှစ်ဆယ့်ရှစ်မျိုးဆက် ပွင့်လင်းလူ့အဖွဲ့အစည်းက အလုပ်သမားရေးရာ တာဝန်ခံ မသက်သက်အောင်က အနည်းဆုံးလစာ သတ်မှတ်လိုက်ခြင်းအားဖြင့် အလုပ်သမားပြဿနာတွေ နည်းပါးသွားစေမယ်လို့ ပြောပါတယ်။
“အခု မြန်မာနိုင်ငံမှာ အလုပ်သမား အလုပ်ရှင် ပဋိပက္ခတွေ ခဏခဏ ဖြစ်ပေါ်တယ်။ အလုပ်သမားတွေကနေပြီးတော့ ဆန္ဒထုတ်ဖော်မှုတွေ ခဏခဏဖြစ်တယ်ဆိုတဲ့ ပြဿနာတွေရဲ့ ၅၀ ရာခိုင်နှုန်းသည် အလုပ်သမားတွေ အခြေခံလုပ်ခလစာ သေသေချာချာ သတ်မှတ်ထားခြင်း မရှိဘဲနဲ့ ဖြစ်နေတဲ့ ပြဿနာ ဖြစ်တဲ့အတွက် အထူးလိုအပ်ပါတယ်။”
မြန်မာနိုင်ငံမှာ အနည်းဆုံး အခကြေးငွေ ဥပဒေနဲ့ နည်းဥပဒေတွေကို ဒီနှစ်ဇွန်လအတွင်း ထုတ်ပြန်ခဲ့ပြီးဖြစ်ပါတယ်။ မြန်မာနိုင်ငံသား သန်းနဲ့ချီပြီး အလုပ်ထွက်လုပ်နေတဲ့ အိမ်နီးချင်း ထိုင်းနိုင်ငံမှာ အနည်းဆုံးလုပ်အားခ တရက်ကို ဘတ် ၃၀၀ ပျမ်းမျှသတ်မှတ်ထားပါတယ်။
From:DVB

www.mmdailystar.com

Viewing all articles
Browse latest Browse all 4837

Trending Articles


တာချီလိတ်၌ အမျိုးသားတစ်ဦး မိမိကိုယ်ကိုယ် သေနတ်ဖြင့် ပစ်၍ သေဆုံး ( ရုပ်သံ )


ဒေါ်အောင်ဆန်းစုကြည် မဟုတ်တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး သမ္မတ...


စာအုပ်​​ပေါင်း ၆၀၀ ​ကျော်​ပါတဲ့ Link


၂၀၀၁ ခုနှစ် ထိုင်း - မြန်မာ နယ်စပ် တိုက်ပွဲများ


ဘုရင့်နောင်မှ တောင်ငူကို သိမ်းခြင်း


ခင်ဝင့်ဝါ၏ ဖော်ချွတ်ပြထားသော အလှတရားများ


ဆားပုလင်းနှင်းမောင်၏ နိဂုံး


ချူံမြင်တိုင်းတိုးချင်နေကြတဲ့ ချစ်သူစုံတွဲများ နားထောင်ပေးပါ


ကရဝေး စိုက်ပျိုးနည်း


စပါး ⁠ဖောင်စီးဂဏန်း ကျ⁠ရောက်ပုံ ⁠နှင့် ကာကွယ်⁠နှိမ်နင်းနည်းများ



<script src="https://jsc.adskeeper.com/r/s/rssing.com.1596347.js" async> </script>